နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့် လျှို့ဝှက်ငွေပေးချေမှုကိစ္စဖြင့် သောကြာနေ့တွင် တရားရုံးချုပ် စီရင်ချက်ချနိုင်ဖွယ်ရှိ

ဇန်နဝါရီလ (၁၀) ရက်။

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ နယူးယောက် လျှို့ဝှက်ငွေပေးချေမှုကိစ္စဖြင့် သောကြာနေ့တွင် စီရင်ချက်ချရန်အတွက် တရားရုံးချုပ်က ထောက်ခံသူ ၅ဦး၊ ကန့်ကွက်သူ ၄ ဦးဖြင့် အနိုင်ရကြောင်းပြောကြားခဲ့သည်။

တရားရုံးချုပ်သည် ကြာသပတေးနေ့တွင် တရားစီရင်မှု ဆိုင်းငံထားရန် ထရန့်၏ အရေးပေါ် တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခြင်းမပြုမီ ရက်အနည်းငယ်အလိုတွင် စီရင်ချက်ချရမည့်အဆင့်ကို သတ်မှတ်ခဲ့သည်။

ရှေးရိုးစွဲတရားသူကြီး ၄ ဦးဖြစ်သည့် ကလဲရင့်သောမတ်စ် (Clarence Thomas), ဆင်မြူရယ် အာလီတို (Samuel Alito), နီးလ် ဂေါဆပ်ချ် (Neil Gorsuch) နှင့် ဘရက်ကာဗင်နော့ (Brett Kavanaugh) တို့သည် ထရန့်၏တောင်းဆိုမှုကို ခွင့်ပြုထောက်ခံပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားသူကြီးချုပ် ဂျွန်ရောဘတ် (John Roberts) နှင့် တရားသူကြီး အေမီ ကိုနေးဘားရက် (Amy Coney Barrett) တို့သည် ထရန့်တောင်းဆိုမှုကို ဆန့်ကျင်သည့် လစ်ဘရယ်တရားသူကြီးသုံးဦးနှင့် ပူးပေါင်းခဲ့ပြီး စီရင်ချက်ချရန် ၅ ဦး မဲအသာ ရှိခဲ့သည်။

ထရန့်၏တရားခွင်ကို ကြီးကြပ်သော နယူးယောက်တရားသူကြီး ဂျူအမ် မာချင် (Juan Merchan) သည် အမှုကို သောကြာနေ့နံနက်အတွက် စီရင်ချက်ချရန်အမိန့်ပေးခဲ့သော်လည်း ထရန့်သည် ဒဏ်ကြေးနှင့် ထောင်ဒဏ်ကို ကျခံရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

စီရင်ချက်ချကြားနာမှုကို သောကြာနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ထရန့်သည် သူ၏ မာ-အေ-လာဂို (Mar-a-Lago) နေအိမ်မှ အွန်လိုင်းမှ တက်ရောက် ကြားနာ မည်ဖြစ်ကြောင်း တရားစွဲမှုများတွင် ပါဝင်သည့် အစီအစဥ်များနှင့် ရင်းနှီးသူတစ်ဦး၏ အဆိုအရ သိရသည်။

အတိုချုံးအနေနှင့် စာတမျက်နှာစာထုတ်ပြန်ချက်တွင် ထရန့် ၏စိုးရိမ်မှုအချို့ကို ကိုင်တွယ်ရာတွင် “ အယူခံဝင်ခြင်းဆိုင်ရာ သာမန်လမ်းစဉ်” အတိုင်း ဆောင်ရွက်နိုင်သည်ဟု တရားရုံးက ပြောကြားခဲ့သည်။ တရားခွင်တွင် တရားရုံးအနေနှင့် ပြစ်ဒဏ် မချမှတ်ရန် ရည်ရွယ်ချက်ရှိပြီး တရားရုံးက ထရန့်၏တာဝန်ဝတ္တရားများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ခြင်းကြောင့်ဟုလည်း အကြောင်းပြချက်ပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်တွင် ရွေးကောက်ခံသမ္မတ၏ တောင်းဆိုချက်မှာ ထူးထူးခြားခြား အယူခံဝင်ခြင်းဖြစ်သည် အဘယ့်ကြောင့်ဆိုသော် ပြည်နယ်တရားရုံးများတွင် အယူခံမှုများအားလုံး ပြည့်နေပြီး မလုပ်ကိုင် မကိုင်နိုင် ဖြစ်နေမှသာ ဗဟိုတရားသူကြီးများက ဝင်ရောက်ကိုင်တွယ်ရမည် ဖြစ်သော်လည်း ပြည်နယ်တွင် ရာဇ၀တ်မှုတွင် နည်းပါးသော အခြေအနေ၌ ဗဟိုတရားရုံးမှ ပါဝင်လာခြင်းသည် ထူးခြားသည်။ စီရင်ချက်ချခြင်းအတွက် ထရန့်၏စိန်ခေါ်မှုမှာ ဆိုင်းငံ့ထားဆဲဖြစ်ပြီး မန်ဟက်တန် ခရိုင်ရှေ့နေ အယ်ဗင် ဘရက်ဂ် (Alvin Bragg) သည် တရားရုံးချုပ်တွင် စီရင်ချက်ချခြင်းကို နှောင့်နှေးရန် အရေးပေါ် တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားရန် စီရင်ပိုင်ခွင့်မရှိဟု စောဒကတက် ကန့်ကွက်ခဲ့သည်။

၂၀၁၆ ရွေးကောက်ပွဲမတိုင်မီ စွပ်စွဲခံရသည့်ကိစ္စရပ်ကို ထုတ်ဖော်ပြောဆိုခြင်းမှ ကာကွယ်ရန် အတွက် ထရမ့်သည် ၎င်း၏ရှေ့နေ မိုက်ကယ်ကိုဟန် (Michael Cohen) အား အရွယ်ရောက်ပြီးသူ ရုပ်ရှင်သရုပ်ဆောင် စတော်မီး ဒယ်နီရယ် (Stormy Daniels) အား တိတ်တဆိတ် ငွေပေးချေမှု ဒေါ်လာ ၁၃၀,၀၀၀ကို ပြန်လည်ပေးချေရန် မေလတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ (ထရန့် ကတော့ ဤကိစ္စကို ငြင်းဆိုထားပါသည်။)

နှစ်ပတ်မပြည့်မီ ကျမ်းသစ္စာကျိန်ဆိုမည့် သမ္မတသစ်သည် ၎င်း၏ ပြစ်ဒဏ်ချမှတ်မှုကို ဆန့်ကျင်လျက်ရှိပြီး ဇူလိုင်လတွင် ကွန်ဆာဗေးတစ် တရားရုံးချုပ်ရှိတရားသူကြီး အများစုမှ ယခင်သမ္မတဟောင်းများသည် သမတရုံးတာဝန်များကို တရားဝင် လုပ်ဆောင်ချက်များအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်ဟု အမိန့်ချမှတ်ခဲ့ခြင်းကြောင့် သူ၏အမှုကို ဖျက်သိမ်းသင့်သည်ဟု ပြောဆိုခဲ့သည်။

မန်ဟက်တန်ခရိုင် ရှေ့နေရုံးမှ တင်ပြသောအထောက်အထားများသည် ထရန့်၏ သမ္မတအဖြစ် တရားဝင်ပြုမှုနှင့်မသက်ဆိုင်ကြောင်း မာချင် (Merchan) မှ ဒီဇင်ဘာလတွင် အဆိုပါ အငြင်းပွားမှုကို ပယ်ချခဲ့သည်။

ထရန့်၏ရှေ့နေများက စီရင်ချက်ချခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ၎င်း၏အာဏာ ကူးပြောင်းခြင်းမှ အာရုံပြောင်းနိုင်ပြီး ထိုမှတဆင့် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု တရားရုံးချုပ်သို့ ပြောကြားခဲ့သည်။

“ သမ္မတထရန့်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် အရေးပါသောအကျိုးစီးပွားများအတွက် မရှိမဖြစ် အရေးပါပြီး အုပ်ချုပ်ရေးအာဏာကို နှစ်ပတ်အတွင်းရယူရန် ပြင်ဆင်နေသည့် အရေးကြီးဆုံးနှင့် အထိခိုက်မခံသည့်အလုပ်များတွင် ပါဝင်နေသည်” ဟု ၎င်းတို့က ရေးသားထားသည်။

နယူးယောက်အစိုးရရှေ့နေများသည် ကြာသပတေးနေ့တွင် ၎င်းတို့၏ တရားစွဲဆိုမှုတွင် အဆိုပါအငြင်းပွားမှုကို လှောင်ပြောင်ခဲ့သည်။

“စီရင်ချက်ချဖို့ လူထုက စိတ်ဝင်စားပါတယ်” ဟု ဘရက်ဂ် (Bragg) က တရားရုံးချုပ်သို့ ပြောကြားခဲ့သည်။ “တရားခံအနေနဲ့ သူဟာ ရွေးကောက်ခံ သမ္မတလောင်းအဖြစ် အလုပ်တာဝန်များကို လုပ်ဆောင်နေရတာကြောင့် တစ်နာရီထက် မကြာတဲ့ စီရင်ချက်ချတာကို အွန်လိုင်းကကနေသာ တက်ရောက်နိုင်ကြောင်း သူရဲ့တောင်းဆိုမှုအတွက် တရားခံက ဘာအထောက်အထား မှတ်တမ်းမှ မပေးနိုင်ခဲ့ပါ” ဟု ဆိုသည်။

ကြာသပတေးနေ့နောက်ဆုံးထားအယူခံတင်သွင်းမှုတွင် ထရန့်ကထိုအမှုတွင် “နိုင်ငံအတွက်အလွန်အရေးကြီးမှု” နှင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ ဖွဲ့စည်းပုံနှင့် နိုင်ငံသည် စီရင်ချက်ချမှတ်ခြင်းအား ရှေ့ဆက်လုပ်ဆောင်ခြင်းအားဖြင့် ပြန်လည်ပြင်ဆင်၍ မရနိုင်သောထိခိုက်မှုကိုကြုံရလိမ့်မည်” ဆိုခဲ့သည်။

အာလီတို၏ အကျိုးစီးပွားပဋိပက္ခ ဖြစ်စေသောဖုံးခေါ်မှု

တစ်ချိန်တည်းတွင်ပင် တရားရုံးချုပ်သည် ထရန့်နှင့် တရားရုံးချုပ်တရားသူကြီးအာလီတိုတို့၏ အယူခံမတင်သွင်းမီတွင် ယခုသီတင်းပတ်အတွင်း ဖုန်းဖြင့် စကားပြောခဲ့ခြင်းကြောင့် နောက်ထပ်ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားမှုများကို ကိုယ်တွေ့ကြုံခဲ့ရသည်။

အဓိက ကွန်ဂရက်လွှတ်တော် ဒီမိုကရက်များသည် ကြာသပတေးနေ့တွင် အာလီတိုအား စီရင်ချက်ချမည့်အမှုမှ မိမိကိုယ်ကို ကယ်တင်ရန် တောင်းဆိုခဲ့သည်။ နောင်တက်လာမည့် သမတကို သူ့ရုံးတွင်အလုပ်လုပ်နေသော သူ၏စာရေးဟောင်းတစ်ဦးကိစ္စကို ဆွေးနွေးရန် ဖုန်းခေါ်ဆိုမှုကို ကိုးကားပြီး အာလီတိုက ပြောကြားခဲ့သည်။

ဗဟိုတရားသူကြီး အာလီတိုက ပုဂ္ဂိုလ်ရေးအတွက် သမတထရန့်ကို ဖုံးခေါ်ခဲ့တယ် အဲဒီအချိန်မှာ ထရန့်ကသူ့ပုဂ္ဂိုလ်ရေး ပြဿနာကို တရားရုံးရှေ့မှာ ထင်ရှားစွာ ဖြေရှင်းနေရဖို့ အချိန်လဲဖြစ်နေတယ်၊ အလီတိုဟာ တရားရေးဌာနရဲ့ ကျင့်ဝတ်ဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို နားလည်မှု လွဲနေတယ်ဆိုတာကို ရှင်းလင်းစွာ သိမြင်နိုင်ဖို့ လိုတယ်၊ ဒါမှမဟုတ် ပိုဖြစ်နိုင်တာက သူဟာတရားရေးဆိုင်ရာ ကျင့်ဝတ်တွေအားလုံးရဲ့ အထက်မှာ သူ့ကိုယ်သူ ရှိနေတယ်လို့ ထင်နေတာလဲ ဖြစ်နိုင်ပါတယ်ဟု မေရီလင်းအောက်လွှတ်တော်ကိုယ်စားလှယ် ဂျေမီရတ်စ်ကင် ကိုဆိုသည်။

ဗဟိုတရားရုံးချုပ်တရားသူကြီးများထိုကျင့်ဝတ်ချိုးဖောက်မှုကို သူတို့အတွင်း အ‌ရေးယူမည် လား ဆိုသည်ကို ဆုံးဖြတ်ကြရမှာဖြစ်သော်လည်း ထိုသို့ဖြစ်လာရန်သည်အလွန်ရှားပါသည်။

ထရန့်ကို စီရင်ချက်ချခြင်းအငြင်းပွားမှုကို ၎င်းတို့၏စကားဝိုင်းတွင် မဆွေးနွေးခဲ့ကြောင်း အာလီတိုက ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် “ဆိုင်းငံ့ထားသည့် သို့မဟုတ် အနာဂတ်တွင် ဖြစ်နိုင်ချေရှိသော အခြားကိစ္စရပ်တစ်ခုခုကို တရားရုံးချုပ်ရှေ့မှောက် သို့မဟုတ် ရွေးကောက်ခံသမ္မတနှင့် ပတ်သက်သည့် အတိတ်က တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များကို မဆွေးနွေးခဲ့ပါ” ဟု အာလီတိုက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။

————————————————————————-

ထရန့်၏ သူ့လူမှုကွန်ရက်တွင် ရေးသားချက်။

ဒီမတရားသဖြင့် ကျွန်တော့်အပေါ် လုပ်ဆောင်နေမှုကနေ ကုစားပေးဖို့ အားထုတ်ပြီး ဗဟိုတရားရုံးချုပ်ကနေ ဆောင်ရွက်ပေးနေတာကို လေးစားအသိအမှတ်ပြုပါတယ်။ ဒီအမှုကို ဆက်လက်စစ်ဆေးခွင့်မပြုသင့်ဘူးဆိုပြီး လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ဗဟိုတရားသူကြီးအဖွဲ့က ချမှတ် သင့်ပါတယ်။ ဥပဒေပညာရှင်တိုင်းက ဒီကိစ္စဟာ တရားရုံးကို ရောက်လာဖို့အထိ ဘယ်တော့မှ မဖြစ်သင့်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

ကျွန်တော်ကိုဆန့်ကျင်တရားဆွဲထားတာတွေတခုမှမရှိပါဘူး။ တစ်နည်း‌ပြောရလျှင် တရားသူကြီးများ၏ အတုအယောင် စွဲချက်အားလုံးတွင် ကျွန်ုပ်သည် အပြစ်ကင်းပါသည်။ ဒါဟာ နိုင်ငံရေး အတိုက်အခံတဦးကို ဆန့်ကျင်ပြီးတရားစီရင်ရေးစနစ်ကို လက်နက်အဖြစ်အသုံးချတာကလွဲလို့ တခြားဘာမှ မဟုတ်ပါဘူး။ အဲဒါကို ဥပဒေပြပွဲ (Lawfare) လို့ ခေါ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးသလို နောက်တစ်ခါ ထပ်မဖြစ်သင့်ပါဘူး။

ဒီနေ့အချိန်အထိ နိုင်ငံရေးနဲ့ အကျင့်ပျက်ခြစားတဲ့ တရားသူကြီးဟာ ကျွန်တော်ကို အမှုနဲ့ပတ်သက်တာတွေကို ပြင်ပမှာ မပြောရန် နှုတ်ပိတ်နေဖို့ အမိန့်ထုတ်ထားပြီး၊ အမှုရဲ့အလွန်အရေးကြီးတဲ့ကဏ္ဍတွေအကြောင်း ပြောဆိုဖို့ ကျွန်တော်ရဲ့အခြေခံလွတ်လပ်ခွင့်တွေကို ပိတ်ပင်ထားခဲ့ပါတယ်။ သမတအဖြစ် ရိုသေလေးမြတ်ထိုက်တဲ့အကြောင်းကြောင့် ကျွန်တော်ဟာ အယူခံစာ ကိုတင်သွင်းနေတာဖြစ်ပြီး ဒီအမှုမှာ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော့်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရှေးခေတ်က စုံးမတွေကို အမဲလိုက် ဖမ်းဆီးသတ်ဖြတ်သလိုမျိုး ဆောင်ရွက်နေမှုတွေဟာ မအောင်မြင်ဘဲ ကျဆုံးနေပါပြီ။ ကျွန်တော်တို့ညီညွတ်ရေးကို ဘယ်လိုမှ လမ်းကြောင်းလွှဲလို့ မရနိုင်ပါဘူး။ ဒါ့အပြင် အမေရိကန်ဟာ ပြန်လည်ပြီး ကြီးမြတ်လာဖို့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 19 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 44 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်