နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၊ အာလ်တီဒီနာသည် ‘စစ်ပွဲဖြစ်နေသကဲ့သို့’ တောမီးလောင်ကျွမ်းနေဟု တာဝန်ရှိသူများပြော

ဇန်နဝါရီလ (၁၁) ရက်။

လော့စ်အိန်ဂျလိစ်ကောင်တီ ကြီးကြပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကက်သရင်း ဘာဂါက ခရိုင်အတွင်းရှိ တောမီးဒဏ်ခံ အာလ်တီဒီနာမြို့ကို စစ်ပွဲဇုန်တစ်ခုလို ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖျက်ဆီးမှုအတိုင်းအတာကို မေးမြန်းရာတွင် ဘာဂါက “ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး” လို့ ပြောပါတယ်။ “အိမ်မကျန်တဲ့ နေရာတချို့ ရှိသလို တခြားနေရာတွေမှာလည်း သစ်ပင်တွေပေါ်မှာ မီးခိုးငွေ့တွေ တွေ့နေရပေမယ့် အိမ်တွေတော့ ထိခိုက်မှု မရှိဘူး” လို့ သူက ရှင်းပြပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က အာဏာပိုင်တွေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆောက်အအုံ ဘယ်လောက် မီးလောင်ပျက်စီးခဲ့တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် အီတင်ချောက် (Eaton Canyon) အနီးတဝိုက်က အခြေအနေတွေကို ဘာဂါက “ အဲဒီဒေသမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ပျက်စီးမှုဟာ ထိတ်လန့်စရာကောင်းပါတယ်။” လို့ ပြောခဲ့ပါတယ်။

လူပေါင်း ၁၅၃,၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ပေးထားခဲ့တယ်လို့ အရာရှိ အများအပြားရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ တောမီးများအနက် ပဲရာဆေ့ဒေသ မီးလောင်မှုဟာ ခန့်မှန်းခြေအားဖြင့် ၈,၀၉၃ ဟက်တာအထိ ပျံ့နှံ့သွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ ၈ ရာခိုင်နှုန်းအထိ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံမီးသတ်ဌာနက ပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ အဆောက်အအုံအရေအတွက်မှာ ၅၃၀၀ ကျော်ရှိပြီး ၎င်းသည် ပြည်နယ်သမိုင်းမှာ တတိယမြောက် အများဆုံး ဖြစ်ပါတယ်။

အီတင်မီးလောင်မှုမှာတော့ အဆောက်အအုံပေါင်း ၄၀၀၀ ကျော်ကို မီးလောင်ပျက်စီးခဲ့ရပြီး ပြည်နယ်သမိုင်းမှာ စတုတ္ထမြောက် လူအသေအပျောက်အများဆုံး မီးလောင်မှုဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ ၃ ရာခိုင်နှုန်းသာ ထိန်းနိုင်ခဲ့ပြီး အခုအချိန်အထိ ဟက်တာ ၅၅၀၀ ခန့် ပျံ့နှံ့သွားခဲ့တယ်လို့ မီးသတ်အရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လော့စ်အိန်ဂျလိစ်ကောင်တီနှင့် အိမ်နီးချင်း ဗင်တူရာ (Ventura) ကောင်တီ အနောက်တောင်တန်းတွေမှာတော့ လောင်ကျွမ်းနေတဲ့ ကက်နက်မီးလောင်မှုဟာ ၃၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းနေတယ်လို့သိရပြီး မီးလောင်ကျွမ်းမှု ဧရိယာဟာ ၄၀၄ ဟက်တာခန့် ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

ဝရုန်းသုန်းကားဖြစ်နေတဲ့ကြားထဲ ဖောက်ထွင်းခိုးယူမှုလည်း ဖြစ်ပွားနေသောကြောင့် သက်ရောက်ရာဒေသတွေမှာ ကာဖျူးထုတ်ထားတယ်လို့ လော့စ်အိန်ဂျလိစ်ကောင်တီ ဥပဒေထိန်းသိမ်းရေးအရာရှိ ရောဘတ်လူနာက ပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်အမျိုးသား အစောင့်တပ်ကို အကူအညီတောင်းမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

စစ်ဆေးရေးဂိတ်တွေကို လူအင်အားဖြည့်ဖို့နဲ့ ယာဉ်အသွားအလာ ထိန်းချုပ်မှုကို ကူညီဖို့ ပြင်ဆင်ထားတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆွမ်က ဆိုထားပြီး “ကျွန်တော်တို့ဟာ လာမယ့်ရက်တွေမှာ မြိ့ရွာတွေကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ရဲ့အမျိုးသား အစောင့်တပ်အဖွဲ့ဝင်တွေအပါအဝင် ကျွန်တော်တို့ရဲ့မှာရှိသမျှ အင်အားကို အားလုံးအသုံးပြုသွားမှာဖြစ်ပါတယ်။ နေအိမ်စွန့်ခွာသွားကြတာကို အခွင့်ကောင်းယူတဲ့သူတွေကို ဖောက်ထွင်းပြီး ပစ္စည်းယူတာတွေကို သည်းခံမှာ မဟုတ်ပါဘူး” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

တောမီးတွေကြောင့် လက်ရှိအချိန်ထိ အနည်းဆုံး သေဆုံးသူ ၁၀ ဦးရှိနေပြီလို့ အာဏာပိုင်များက ပြောကြားပါတယ်။

တောမီးနှစ်ခုတွေကို ဇန်နဝါရီ ၉ ရက်နေ့အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေမယ့် လက်ရှိ အချိန်မှာတော့ ကူးစက်မှုနှေးကွေးသွားတယ်လို့ မီးသတ်သမားတွေက ပြောကြားခဲ့ပါတယ်။

လော့အိန်းဂျလိစ်တောမီးကြီးအတွင်း ကမ္ဘာ့နာမည်ကျော်တွေရဲ့ အိမ်တွေလည်း မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာကျော်အင်္ဂလိပ်မင်းသားကြီး အန်သိုနီဟော့ကင်းရဲ့ နေအိမ်အပါအဝင် ပဲရစ်ဟီလ်တန်၊ ဂျက်ဖ်ဘရစ်၊ ဘီလီခရစ္စတယ်နဲ့ ဂျနီဖာဂရေးစတဲ့ နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အာရပ်လူမျိုးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတွေမှာတော့ ပါလက်စတိုင်း လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အားပေးခဲ့တဲ့ မင်းသားကြီး ဂျိမ်းစ်ဝုဒ်ရဲ့ အိမ်မီးလောင်သွားမှုနဲ့ ပတ်သက်ပြီး စာနာတတ်သွားပြီလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

လော့စ်အိန်ဂျလိစ်မြို့အနီး တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

အစ္စရေးနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁၇.၉ ဘီလီယံကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ တစ်နှစ်တာအတက် အမေရိကန်က သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ ဘရောင်းတက္ကသိုလ်ရဲ့ စစ်ပွဲကုန်ကျစရိတ် ခန့်မှန်းချက်အရ သိရပါတယ်။

သတင်းရင်းမြစ်။ CNN, ကျိုဒို၊ အာဆာဟိဒစ်ဂျစ်တယ်

ဓာတ်ပုံ။ CNN/AFP

In this aerial view taken from a helicopter, burned homes are seen from above during the Palisades fire in Los Angeles county, California on January 9, 2025. Massive wildfires that engulfed whole neighborhoods and displaced thousands in Los Angeles remained totally uncontained January 9, 2025, authorities said, as US National Guard soldiers readied to hit the streets to help quell disorder. Swaths of the United States’ second-largest city lay in ruins, with smoke blanketing the sky and an acrid smell pervad

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် ပဲရာဆေ့ (Palisades) တောမီးလောင်မှုမှာ သူ့ရဲ့ အိုလံပစ် ဆုတံဆိပ် ၁၀ ခု ဆုံးရှုံးခဲ့ရတယ်လို့ ရေကူးသမား ဂယ်ရီ ဟောလ်ဂျူနီယာပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 6 Views
ဇန်နဝါရီလ (၁၁) ရက်။ အမေရိကန် အိုလံပစ်ကစားသမားဟောင်း ဂယ်ရီဟောလ်ဂျူနီယာဟာ သူ့ရဲ့ ရေကူးအားကစားသမားဘဝမှာ အိုလံပစ်ဆုတံဆိပ် (၁၀) ခုနဲ့ ကမ္ဘာ့ချန်ပီယံဆုတံဆိပ်
နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ခံသမ္မတထရန့်ကို တရားရုံးက “ အပြစ်ရှိကြောင်း” စီရင်ချက်ချခဲ့ပြီး ခြွင်းချက်မရှိ လွှတ်ပေးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 10 Views
ဇန်နဝါရီလ (၁၀) ရက်။ ဒေသစံတော်ချိန် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် နယူးယောက်ခရိုင်တရားသူကြီးက ရွေးကောက်ခံသမ္မတထရန့်သည် “ အပြစ်ရှိကြောင်း” စီရင်ချက်ချခဲ့ပြီး
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့် လျှို့ဝှက်ငွေပေးချေမှုကိစ္စဖြင့် သောကြာနေ့တွင် တရားရုံးချုပ် စီရင်ချက်ချနိုင်ဖွယ်ရှိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 12 Views
ဇန်နဝါရီလ (၁၀) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ နယူးယောက် လျှို့ဝှက်ငွေပေးချေမှုကိစ္စဖြင့် သောကြာနေ့တွင် စီရင်ချက်ချရန်အတွက် တရားရုံးချုပ်က ထောက်ခံသူ ၅ဦး၊ ကန့်ကွက်သူ ၄ ဦးဖြင့် အနိုင်ရကြောင်းပြောကြားခဲ့သည်။ တရားရုံးချုပ်သည် ကြာသပတေးနေ့တွင် တရားစီရင်မှု
နိုင်ငံတကာသတင်း အမေရိကန်

ဂါဇာမှာ အကုန်သ-တ် #KillThemAll ဆိုပြီး Hashtag နဲ့ X မှာ ရေးသားခဲ့တဲ့ မင်းသားကြီး ဂျိမ်းစ်ဝုဒ် (James Woods) ရဲ့ အိမ်ကြီး မီးလောင်ဆုံးရှုံးသွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 92 Views
ဇန်နဝါရီလ (၁၀) ရက်။ မင်းသားကြီး ဂျိမ်းစ်ဝုဒ်ဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ ဂါဇာမှာ အကုန်သ-တ် #KillThemAll ဆိုပြီး Hashtag နဲ့ X မှာ ရေးသားခဲ့တဲ့ မင်းသားကြီး
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ဂျပန်နိုင်ငံသံမဏိကုမ္ပဏီကြီး နိပွန်းစတီးလ် (Nippon Steel) ဘိုင်ဒင်အစိုးရက အမေရိကန်သံမဏိလုပ်ငန်းအား ဝယ်ယူမှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ချက်အတွက် အမေရိကန်အစိုးရကို တရားစွဲမည်ဟု ဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 18 Views
ဇန်နဝါရီလ (၉) ရက်။ နိပွန်းစတီးလ်က ဒေါ်လာဘီလီယံပေါင်းများစွာပေး၍ ဝယ်ရန်အဆိုပြုထားသည့် အရှုံးပြ ရုန်းကန်နေရသည့် အမေရိကန်သံမဏိကုမ္ပဏီ (US Steel) ကို ပြီးခဲ့သည့် သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒင်က ပိတ်ဆို့ခဲ့ခြင်းကြောင့် အမေရိကန် အစိုးရအား တရားဥပဒေအရ အရေးယူရန်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ရှိ ဆေးရုံများကို တိုက်ခိုက်ခြင်းအား ကာကွယ်ရန် စစ်ကြောရေးဗီဒီယိုကို အစ္စရေးစစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 14 Views
ဇန်နဝါရီလ (၉) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများကို ပြင်းထန်စွာ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် အစ္စရေးစစ်တပ်သည် ယခုသီတင်းပတ်အတွင်း ဟားမတ်စ်၏ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို စစ်ရေးလှုပ်ရှားမှုအတွက် အကာအကွယ်အဖြစ် အသုံးပြုသည်ဟု တည်းဖြတ်ထားသည့် စစ်ကြောရေး ဗီဒီယိုကို
နိုင်ငံတကာသတင်း အမေရိကန်

လော့စ်အိန်ဂျလိစ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ငါးဦးအထိရှိလာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 4 Views
ဇန်နဝါရီလ (၉) ရက်။ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ အီတင်ရပ်ကွက်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေမှာ ငါးဦးအထိ မြင့်တက်လာခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ကောင်တီ ရဲအရာရှိရုံးက CNN ၏ တွဲဖက်ရုပ်သံဌာန KABC သို့ ဇန်နဝါရီလ (၈) ရက်နေ့တွင်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ရဲ့ ကိုလိုနီနယ်ချဲ့ အရိပ်အယောင်ပြ ပြောစကား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 36 Views
+++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ထရန့်က သူသမ္မတအဖြစ် ကျမ်းသစ္စာကျိမ်ဆိုပွဲ မတိုင်ခင် နိုင်ငံခြားရေးမူဝါဒတွေကို ပြောလာခဲ့တဲ့အပေါ် ကမ္ဘာမှာ ပွက်လောရိုက်လာခဲ့ပါတယ်။ ဓားစာခံတွေကို လွှတ်မပေးရင် ဟားမတ်စ်တွေကို ဒီထက်ဆိုးဝါးမှုတွေကို ကြုံတွေ့စေရမယ်လို့ ကျိန်းဝါးခဲ့သလို ပနားမားတူးမြောင်းကို အမေရိကန်က ပြန်သိမ်းဖို့ လိုတယ်။