နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး နီးစပ်သူတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး Bloomberg က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သတင်းမှာဖော်ပြချက်အရတော့ TikTok ဟာ အမေရိကန်နိုင်ငံမှာ တားမြစ်ပိတ်ပင်ခံရမယ့်အရေးကို ကာကွယ်ဖို့အတွက် ရောင်းချဖို့က ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။


အမေရိကန်အစိုးရဟာ TikTok ကို ဇန်နဝါရီလ 19 ရက်နေ့ နောက်ဆုံးထားပြီး မူလပိုင်ရှင် ByteDance မှ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်းထံရောင်းချဖို့ သတ်မှတ်ထားပြီး အဲဒီလိုမှမဟုတ်ရင်တော့ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။
TikTok App ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှု့ နိုင်တာကြောင့် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ အမေရိကန်မူဝါဒဆိုင်ရာချမှတ်သူတွေက သတိပေးတားမြစ်ခဲ့ကြတာပါ။ TikTok ကုမ္ပဏီဘက်ကတော့ အဲဒီစွပ်စွဲချက်တွေအပေါ် ပြင်းပြင်းထန်ထန်ငြင်းဆိုထားပါတယ်။


တရုတ်အစိုးရကတော့ TikTok ကို မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကုမ္ပဏီလက်အောက်မှာပဲ ဆက်ရှိစေချင်တာပါ။ ဒါပေမယ့် လုံး၀မဖြစ်နိုင်တော့တဲ့အခြေအနေမှာတော့ အီလွန်မက်စ်ကို ရောင်းချဖို့ ရွေးချယ်စရာဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။


ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး TikTok ကုမ္ပဏီဘက်က စိတ်ကူယဉ်ဆန်တဲ့ သတင်းမျိုးသာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် တခြားဘာမှ မှတ်ချက်မပေးခဲ့ပါဘူး။လက်ရှိမှာ အမေရိကန်တရားရုံးချုပ်ဟာ TikTok ကို အမေရိကန်လုပ်ငန်းရှင်တွေလက်ထဲ ရောင်းချရန် ဒါမှမဟုတ် အမေရိကန်နိုင်ငံမှာ ပိတ်ပင်ရန်အမိန့်ချထားပြီး TikTok ကုမ္ပဏီဘက်က လာမယ့် ဇန်နဝါရီလ 19 ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ TikTok ကုမ္ပဏီရဲ့ ရှေ့နေ နိုရယ်ဖရန်စ္စကိုကတော့ မကြာခင် ကုမ္ပဏီအတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခု ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။


“ တရားမျှတမှုရှိဖို့က အရမ်းလိုအပ်ပါတယ်။ ဒီကိစ္စမှာ အမေရိကန်နိုင်ငံနဲ့ နိုင်ငံသားတွေအတွက်သာမက ပြင်ဆင်ထားတဲ့ဥပဒေဟာ လူတိုင်းအတွက်ဆိုတာ သူတို့လည်း ပြည့်အ၀နားလည် သဘောပေါက်ထားကြပါတယ်”

ဒါပေမယ့် လေ့လာသုံးသပ်သူတွေကတော့ အမေရိကန်တရားရေးရာဘက်က တာဝန်ရှိသူတွေဟာ အမျိုးသားလုံခြုံရေးအတွက် လက်ရှိဥပဒေကို လိုက်နာဖို့ လိုလားနေကြတယ်လို့ သုံးသပ်နေကြပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 37 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 45 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်