နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုဂံ ညောင်ဦးမြို့မှာ NUG လက်အောက်ခံ လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေပြော

ဇန်နဝါရီလ (၁၉) ရက်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းကစပြီး ပုဂံ ညောင်ဦးမြို့နယ်က ဒေသခံဆိုင်ပိုင်ရှင်အချို့ကို လက်နက်ကိုင်လူတစ်စု လူသတ်ဓါးပြတိုက်ပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးကို သတင်းပို့ပြောပြချက်တွေအရ သိရပါတယ်။

“ ဒီဇင်ဘာလထဲကစပြီး ဒေသခံတွေနဲ့ ဆိုင်ပိုင်ရှင်အချို့ကို ပစ်မှတ်ထားပြီး လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်တာတွေ ပြုလုပ်လာတာ။ အဲ့ဒီတလထဲမှာတင် လူသတ်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ် (၅) ခုလောက် ရှိတယ်။ ဓါးပြတိုက်ခံရတဲ့အထဲမှာဆိုရင် ဆီဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ ကုန်မာဆိုင်အချို့ပါတယ်” လို့ ဆိုပါတယ်။

လူသတ်ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်တွေဟာ ညောင်ဦးမြို့ မီးလောင်ဖျားမြောက်ရွာရှိ မေရီမြင့်စက်သုံးဆီဆိုင်အပါအဝင် ‌ပျော်ဘွယ်ရွာရှိ ‌အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ ကြအိုကျွန်းရွာအရှေ့ဘက်ရှိ အောင်သိုက်ဦးကုန်မာဆိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။

မေရီမြင့်စက်သုံးဆီဆိုင်ဖြစ်စဉ်

စက်သုံးဆီဆိုင် ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားသူ (၄) ဦးက ဆိုင်ပိုင်ရှင် ဒေါ်မေရီမြင့်နဲ့ ဆိုင်အကူဝန်ထမ်း ဒေါ်ချောစုတို့ (၂) ဦး နောက်စေ့ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ကျပ်သိန်း (၁၃၀) ခန့်နဲ့ ရွှေအချို့ပါသွားခဲ့တယ်လို့ သိရပါတယ်။

အိမ်ဆောက်ပစ္စည်းဆိုင်ဖြစ်စဉ်

ပျော်ဘွယ်ရွာက အိမ်ဆောက်ပစ္စည်းဆိုင်ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ကတော့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်ထားသူ (၇) ဦးက ပိုင်ရှင် ဦးရွှေတင့်နဲ့ ဇနီးဖြစ်သူကို ရိုက်နှက်ကာ ငွေသားအချို့ ယူဆောင်သွားခဲ့တာပါ။

အိမ်ဓားပြတိုက်မှုဖြစ်စဉ်

နောက်နေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ မနက် ၆ နာရီ ဝန်းကျင်မှာ ပျော်ဘွယ်ရွာမှာပဲ ဖြစ်ပွားခဲ့ပြီး ဦးမောင်ဝင်းရဲ့ နေအိမ်ကို လက်နက်ကိုင်ဆောင်ထားသူ နှစ်ဦးမှ ဓါးပြတိုက်ဝင်ရာမှာ နေအိမ်ပိုင်ရှင်တွေ မရှိတာကြောင့် အလုပ်သမားတွေဆီက ငွေသားချို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။

အောင်သိုက်ဦးကုန်မာဆိုင်ဖြစ်စဉ်

နောက်နေ့ ဒီဇင်ဘာလ (၂၆) ရက်နေ့ ည ၇ နာရီမှာ ဖြစ်ပွားခဲ့တဲ့ အောင်သိုက်ဦးကုန်မာဆိုင် ဓါးပြတိုက်ခံရချိန်မှာတော့ လက်နက်ကိုင် (၇) ဦးက ဆိုင်ပိုင်ရှင် ဦးရာဇာ(ခ)ဦးဇေယျာထွန်းနဲ့ ယောက္ခမတော်စပ်သူ ဦးနေလင်းတို့ သတ်ဖြတ်ခံရပြီး ရွှေလက်ကောက်၊ ရွှေဆွဲကြိုးနဲ့ ရွှေနားကပ်အပါအဝင် ရွှေထည်ပစ္စည်းအချို့နဲ့ ငွေကျပ်သိန်း (၁၅၀)ခန့် ပါသွားခဲ့တာပါ။

အဲ့ဒီအခင်းဖြစ်ပွားတဲ့နေရာကို ဒေသခံတွေက သွားရောက်ကြည့်ရှုချိန် (125) အမျိုးအစား ဆိုင်ကယ်တစ်စီးနဲ့ မီးလောင်ဖျားကျေးရွာနေ ဦးသိန်းစိုးအမည်ပါ လျှပ်စစ်ပစ္စည်းဘောက်ချာတစ်ခုနဲ့ မှတ်ပုံတင်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ပုံတင်မှာပါရှိတဲ့သူဟာ ပုဂံညောင်ဦးမြို့နယ်ပကဖရဲ့ တပ်ခွဲ (၃) 21 Bagan PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ မကွေးတိုင်းရုံးကွပ်ကဲရေးတပ်ဖွဲ့ဝင် Bagan Bocho PDF နဲ့ပူးပေါင်းပြီး ကျူးလွန်နေတာကို စုံစမ်းသိရှိရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဦးအောင်မင်းလွင်အသတ်ခံရမှုဖြစ်စဉ်

အခုလ ဇန်နဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းကလဲ မီးလောင်ဖျားမြောက်ရွာနေ အသင့်စား ငရုတ်ကြော်နဲ့ ငခြောက်ကြော်ရောင်းသူ ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးထိုးထားတဲ့ အသက်(၄၀)ကျော်အရွယ်ရှိ ဦးအောင်မင်းလွင်ကို လက်နက်ကိုင်တစ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

“ (၉)ရက်နေ့က မီးလောင်ဖျားမြောက်ရွာ အနီးချောင်းထဲမှာ အသတ်ခံရတဲ့ ဦးအောင်မင်းလွင်က အရင်စစ်တပ်အာဏာမသိမ်းခင်ကတည်းက Bagan Bocho PDF တပ်ဖွဲ့ခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေး ပြဿနာတက်ဖူးပြီး တရားရုံးအထိ ဖြေရှင်းခဲ့ရဖူးတာမျိုးရှိတယ်” လို့ ဖြစ်စဉ်သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လူနာတင်ကြားပစ်ခတ်ခံရမှုဖြစ်စဉ်

ဇန်နဝါရီလ (၈) ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်မှာ ညောင်ဦးမြိုနယ် မီးလောင်ဖျားမြောက်ရွာနဲ့ ဥယျာဉ်ရွာအကြား ချောင်းတနေရာမှာ လူနာတင်ကားကို မိုင်းဆွဲ ပစ်ခတ်လို့ လူနာစောင့် အသက် ၈၀ အရွယ် ဦးတင်ဝင်း ပေါင်ထိမှန် ဒဏ်ရာရသွားခဲ့ပါတယ်။ ကားဘီးပေါက်ပြီး လမ်းဘေးထိုးရပ်တာကို လက်နက်ကိုင် လူတစ်စုက စစ်ဆေးတယ်လို့ သိရပါတယ်။ မိုင်းသံနဲ့ ပစ်ခတ်သံတွေ ကြားရတဲ့ကျေးရွာနေ ပြည်သူတွေလည်း ရွာအနောက်ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ။

အောင်သိုက်ဦးကုန်မာဆိုင်ဖြစ်စဉ်တွင် ဓားပြတိုက်သူများ ကျန်ရစ်ခဲ့သည့် သက်သေခံမော်တော်ဆိုင်ကယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 14 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 22 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 15 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 35 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 45 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 36 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့