နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

နည်းပြဒက်ချမ့်စ်ကို စာချုပ်သစ်ချုပ်ဆိုစေချင်ဟု ပြင်သစ်သမ္မတမက်ခရွန်းပြော

ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အောင် ၂ ကြိမ်ဆက်တိုက်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဒက်ချမ့်စ်ကို စာချုပ်သစ်ချုပ်ဆိုစေချင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်ကို ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။

ပြင်သစ်အသင်းရဲ့ အောင်ပွဲအတွက် သမ္မတမက်ခရွန်းကိုယ်တိုင် အဝတ်လဲခန်းအထိ လာရောက်ဂုဏ်ပြု သွားခဲ့ပြီး နည်းပြဒက်စ်ချမ့်စ်ကို စာချုပ်သစ် ဆက်လက်ချုပ်ဆိုစေချင်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်းက “ပြင်သစ်အသင်းက မျိုးဆက်ပေါင်းများစွာနဲ့ စုစည်း တည်ဆောက်ထားပေမယ့် အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့အတွက် ကျတော့်အနေနဲ့ နည်းပြကြီး ဒက်ချမ့်စ်ကို ကျေးဇူးတင်ပါတယ်။ ဒက်ချမ့်စ်ကြောင့် ပြင်သစ်အသင်းဟာ အဓိကပြိုင်ပွဲကြီးတွေမှာ ဗိုလ်လုပွဲကို ၃ ကြိမ် တက်ရောက်နိုင်ခဲ့သလို အနိုင်ရဗိုလ်စွဲအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ပြင်သစ်ဘောလုံးအသင်းဟာ ကျတော်တို့တဲ့ အမြဲတမ်းဂုဏ်ယူရတဲ့အသင်းဖြစ်သလို နည်းပြကြီးဒက်ချမ့်စ်လည်း ဆက်ရှိနေဖို့ လိုအပ်ပါတယ်” လို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နည်းပြဒက်ချမ့်စ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားအဖြစ် ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့သလို နည်းပြဘ၀မှာလည်း ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၂ ကြိမ်နဲ့ ယူရို ၂၀၁၆ ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သော ဒုံးကျည်ကို အစ္စရေး မကာကွယ်နိုင်ခဲ့ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 21 Views
ယီမင်နိုင်ငံမှ ဒုံးကျည်တစ်စင်းသည် စနေနေ့တွင် တဲလ်အဗီးမြို့ကို ညတွင်းချင်း ထိမှန်ခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက ရှားရှားပါးပါး မြို့တော်ကို ဖြတ်ကျော်ဝင်ရောက်မှုကို ကာကွယ်တားဆီးရာမှာ မအောင်မြင်ခဲ့ဟု
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဟူသီများက အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် နာရီအတန်အကြာတွင် အစ္စရေး စစ်တပ်က ယီမင်ကို တိုက်ခိုက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 21 Views
ဒီဇင်ဘာလ (၂၁) ရက်။ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့က အစ္စရေးအပေါ် နောက်ဆုံး တိုက်ခိုက်မှု အပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့အစောပိုင်းတွင် ယီမင်ရှိ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ICC ဖမ်းဝရမ်းကို ကြောက်လန့်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 26 Views
++++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် (Auschwitz) လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိပါသည်။ ပိုလန်သတင်းဌာန
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အမေရိကန်သည် ဆီးရီးယား၏ HTS နှင့် တိုက်ရိုက်အဆက်အသွယ်ရှိကြောင်း ဘလင်ကန် အတည်ပြု

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 57 Views
ဒီဇင်ဘာလ (၁၅) ရက်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က အာဆတ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ဟာယတ် တာဟီယာအယ်လ်ရှမ် (Hayat Tahrir al-Sham (HTS)) အဖွဲ့နဲ့ တိုက်ရိုက်အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။ “ပထမအနေနဲ့ ကျွန်တော်တို့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အာဆတ် ပြုတ်ကျပြီး နာရီပိုင်းအကြာတွင် အစ္စရေးက ဆီးရီးယားရဲ့ အမြင့်ဆုံး ဟာမန်တောင်ကို သိမ်းပိုက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 53 Views
ဒီဇင်ဘာလ (၁၅) ရက်။ ဘာရှာအာဆတ် အစိုးရပြုတ်ကျပြီးနောက် အစ္စရေးက အချိန်မဖြုန်းတီးခဲ့ဘဲဆီးရီးယား စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုအားလုံးကို ဗုံးကြဲပြီး သူပုန်လက်ထဲက မကျရောက်အောင် ကြိုတင်ကာကွယ်ခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ ပစ်မှတ် ၅၀၀ နီးပါးနှင့် ရေတပ်ကို ဖြိုခွင်းကာ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များသည် အာဆတ်အစိုးရကို ဖြုတ်ချရန် လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ပြင်ဆင်ခဲ့ကြောင်း HTS တပ်မှူးက ဗြိတိန်သတင်းစာသို့ ပြောကြားခဲ့သည်။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 53 Views
ဒီဇင်ဘာလ (၁၄) ရက်။ ဆီးရီးယားအတိုက်အခံအဖွဲ့ Sharm Liberation Organization (HTS) ၏ တပ်မှူးက ၎င်းတို့သည် အာဆတ်ကို ဖြုတ်ချရန်အတွက် အာဆတ်အစိုးရကို တိုက်ခိုက်ရန် လွန်ခဲ့သည့်တစ်နှစ်က စတင်ပြင်ဆင်ခဲ့သည်ဟု ဗြိတိန်သတင်းစာ The Guardian
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားနိုင်ငံတဝှမ်း သမိုင်းဝင် လှုပ်ရှားမှုများတွင် အာဆတ်အစိုးရစစ်တပ်၏ ၈၀ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်ခဲ့သည်ဟု အစ္စရေးစစ်တပ် IDF ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 55 Views
ဒီဇင်ဘာလ (၁၂) ရက်။ အတိုက်အခံအင်အားစုများက ဒမတ်စကတ်ကို သိမ်းပိုက်ပြီးနောက်၊ အစ္စရေးလေတပ်နှင့် ရေတပ်တို့သည် ဒုံးကျည်စခန်းများ၊ ရေတပ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် အခြားအရာများကို အတိုက်အခံအင်အားစုများ လက်ထဲမကျရောက်စေရေးအတွက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ဆီးရီးယားတွင် ၄၈ နာရီကြာ ဗုံးကြဲတိုက်ခိုက်မှု
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုရဲ့ သင်္ကေတဖြစ်တဲ့ မေဇင်အယ်လ်ဟာမေဒါ (Mazen al-Hamada) သေဆုံးသွားကြောင်း အတည်ပြု

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 71 Views
++++++++++++++++++++++++ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဥရောပသို့ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အသက် ၄၇ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ “ ဟာမေဒါ” သည် ၂၀၂၀ ပြည့်နှစ်တွင် ဆီးရီးယားသို့ ပြန်လာပြီးနောက် ချက်ချင်း ဖမ်းဆီခြင်းးခံခဲ့ရသည်။ ယနေ့ ဒီဇင်ဘာလ (၁၂)