နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်တို့ ဗီဒီယိုကွန်ဖရင့်ပြုလုပ်

ဇန်နဝါရီလ (၂၃) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗီဒီယိုကွန်ဖရင့်မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်က တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးကို အခုနှစ်မှာ အဆင့်သစ်တစ်ခုဆီကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတတယ်။

ခေါင်းဆောင်နှစ်ဦးက နှစ်စဉ်ပြုလုပ်နေကြ အစဥ်အလာအတိုင်း နှစ်သစ်မှာ စကား‌ပြောခဲ့ပါတယ်။ သူတို့နိုင်ငံတွေကြား မိတ်ဖက်ဆက်ဆံရေးကို ခိုင်မြဲအောင်ကူညီပေးတဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုရဲ့ အင်္ဂါရပ်တစ်ခုအဖြစ် မှတ်ယူနိုင်ပြီး ပူတင်က ယူကရိန်းကို စစ်တိုက်နေချိန်မှာ ဒီအင်္ဂါရပ်က ကြီးထွားလာခဲ့ပါတယ်။

ရှီက တရုတ်-ရုရှား ဆက်ဆံရေးကို အဆင့်သစ်ကို ပို့ဆောင်ရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး “တရုတ်-ရုရှား ဆက်ဆံရေး တည်ငြိမ်မှုနှင့် တည်တံ့ခိုင်မြဲရေး” နဲ့ “ပြည်ပက မသိရှိနိုင်တဲ့ ပြဿနာများ” ကို တုံ့ပြန်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံဟာ “ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု” နဲ့ “ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု” ကို နက်ရှိုင်းအောင် လုပ်ဆောင်သင့်ပြီး အချင်းချင်း ခိုင်မာစွာ ပံ့ပိုးကူညီသင့်တယ်လို့ ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားသမ္မတကို ချိတ်ဆက်ခေါ်ဆို‌ပြောကြားမှုအား ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးမှာ ပြသခဲ့သည်။

မနှစ်က တရုတ်ဒေတာတွေမှာ ပြသခဲ့တဲ့ စံချိန်တင်မြင့်တက်လာတဲ့ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်လာမှုကို ပူတင်က ချီးကျူးခဲ့ပြီး အမေရိကန်က ကမ္ဘာကို လွှမ်းမိုးထားတာကို မမျှတဘူးလို့ မြင်ကြပြီး ကမ္ဘာလုံးဆိုင်ရာ အာဏာတည်ငြိမ်မှုကို ပြန်လည်ပုံဖော်ဖို့ သူတို့ရဲ့ ရည်မှန်းချက်တွေကို ရည်ညွှန်းပြောဆိုခဲ့ကြပါတယ်။

“ ကျွန်တော်တို့ဟာ ပိုမိုမျှတတဲ့ ဘက်စုံကမ္ဘာ့တည်ငြိမ်ရေးစည်းမျဥ်းအတွက် တနိုင်ငံတည်းက စိုးမိုးထားတာ မဟုတ်ဘဲ နိုင်ငံအများက မျှတညီညွတ်စွာ ရပ်တည်နိုင်ရေးကို အားပေးပြီး ခွဲခြားလို့ မရနိုင်တဲ့ ဥရောပ၊ အာရှနဲ့ အာကာသ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို သေချာစေဖို့ အတူတကွရပ်တည်ကြမယ်” လို့ ရုရှားသမ္မတပူတင်က ရှီအား‌ ပြောကြားခဲ့ကြောင်း ကရင်မလင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မော်စကိုနဲ့ ဘေဂျင်းရဲ့ ပူးပေါင်းကြိုးပမ်းမှုတွေဟာ နိုင်ငံတကာရေးရာမှာ အဓိကကျတဲ့ တည်ငြိမ်ရေး အခန်းကဏ္ဍမှာ ရည်ရွယ်ချက်ရှိရှိ ပါဝင်နေကြတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ထရမ့် အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာမှုကို အနီးကပ်စောင့်ကြည့်နေစဉ် အာဏာရှင် နှစ်ဦးကြား အခုလို တဦးနဲ့ တဦး‌ပြောဆိုခဲ့ကြကြောင်း သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ အစိုးရသစ်လက်ထက်မှာ အမေရိကန်နဲ့ မချောမွေ့တဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ မျှော်လင့်ချက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ ကြပါတယ်။ ထရန့်ဟာ သူ့သမ္မတ သက်တမ်း အစောပိုင်းမှာ ခေါင်းဆောင်နှစ်ဦးစလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ဒါမှမဟုတ် တွေ့ဆုံဖို့ စိတ်ဝင်စားကြောင်း အချက်ပြခဲ့ပြီး ဖြစ်ပေမယ့် အမေရိကန်အစိုးရအသစ်ဟာ သူရဲ့ပြိုင်ဘက်နှစ်ဦးအပေါ် ပြေငြိမ်းလိုတာလား ဒါမှမဟုတ် သဘောထားတင်းမာလာမှာလားကိုမူ မသိရသေးပါဘူး။

ရှီနဲ့ ထရန့်တို့ဟာ ယူကရိန်းစစ်ပွဲ အပါအဝင် ခေါင်းစဉ်အမျိုးမျိုးနဲ့ အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာ ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ခေါင်းဆောင်နှစ်ဦးရဲ့ တနာရီခွဲကျော်ကြာ စကားပြောဆိုမှုအတွင်း ထရန့်နဲ့ ဖုန်းပြောခဲ့တာနဲ့ပတ်သက်ပြီး ရှီက ပူတင်အား ပြောကြားခဲ့ကြောင်း ကရင်မလင်လက်ထောက် ယူရေ ဥရှကော့ဗ် (Yury Ushakov) က ပြန်ပြောပြရာတွင် ထရမ့်ကျမ်းသစ္စာကျိန်ဆိုချိန်နဲ့ မသက်ဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

“သူတို့နှစ်နိုင်ငံနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကိုလည်း အလေးထား ဆွေး‌နွေးခဲ့ကြတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။ “ဒီအခြေအနေမှာ ခေါင်းဆောင်တွေဟာ အမေရိကန် အုပ်ချုပ်ရေးနဲ့ အလားအလာရှိတဲ့ အဆက်အသွယ်တွေ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကဏ္ဍတချို့ကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဥရှကော့ဗ်ကပြောခဲ့ကြောင်း ရုရှားနိုင်ငံပိုင် သတင်း အေဂျင်စီ TASS ရေးသားချက်အရ သိရပါတယ်။

သုံးပွင့်ဆိုင် သံတမန်ရေးလား?။

ထရန့်ဟာ အာဏာရှင်နှစ်ဦးစလုံးကို ပုဂ္ဂိုလ်ရေးအရ ချီးကျူးစကား ပြောကြားခဲ့ပေမယ့် အမေရိကန်နဲ့ တရုတ်ကြား စီးပွားရေးကစားကွင်းမှာ လိုက်လျောမှု ရရှိဖို့ မျှော်လင့်ရှာဖွေနေပြီး ညနေပိုင်းမှာ တစ်ဦးစီထံမှ လိုက်လျောမှုတွေ ရယူပြီး ယူကရိန်းအပေါ် ပူတင်ရဲ့ ချေမှုန်းမှုကို အဆုံးသတ်ရန် မျှော်လင့်ထားပါတယ်။

ပူတင်က စစ်ပွဲအဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းရေးစားပွဲကို မလာရောက်နိုင်ခဲ့ပါက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဖို့ စဉ်းစားမည်ဖြစ်ကြောင်း အင်္ဂါနေ့မှာ ထရန့်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ (ယူကရိန်းသမ္မတ ဗလာဒီမာ) ဇလန်းစကီးနဲ့ စကားပြောနေပါတယ်။ ကျွန်တော်တို့ သမ္မတ ပူတင်နဲ့ မကြာခင် စကားပြောရတော့မှာ ဖြစ်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ တွေ့ရမှာပါ” လို့ ထရန့် က ပြောကြားခဲ့ပါတယ်။

ထရန့်က ရှီအနေနဲ့ အဲ့ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် သူရဲ့သြဇာအာဏာကို အသုံးပြုပြီး “ပြေလည်အောင်” ကြားမှ ဖြန်ဖြေပေးဖို့ အကြံပြုခဲ့တယ်လို့ သူ့အနေနဲ့ မကြာသေးမီက တရုတ်ခေါင်းဆောင်ကို ဖုံးခေါ်ဆိုမှုအတွင်း ဖြန်ဖြေပေးဖို့ မျှော်လင့်ကြောင်း ထရန့်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းငြိမ်းချမ်းရေးစည်းမျဥ်းတွေကို လက်ခံဖို့ ရှီက ပူတင်ကို လက်ခံလာစေရန် စည်းရုံးဖျောင်းဖျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ဥရောပခေါင်းဆောင်တွေက ကာလရှည်ကြာ မျှော်လင့်ထားပေမယ့် ထရန့်ရဲ့ အိမ်ဖြူတော်ကို ရောက်လာမှုနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သူ့ရဲ့ တွန်းအားပေးမှုဟာ တရုတ်အတွက် အလားအလာသစ်အနေနဲ့ ပါဝင်ကစားနိုင်ခွင့်ကို တိုးလာစေပါတယ်။

အဲ့ဒီအချက်က ပေကျင်းအတွက် သိမ်မွေ့ဟန်ချက်ညီတဲ့ လုပ်ရပ်ကို ချမှတ်လာနိုင်ပါတယ်။ ရှီက တရုတ်ကို ပဋိပက္ခအတွင်း အလားအလာရှိတဲ့ ငြိမ်းချမ်းရေးပွဲစားတစ်ဦးအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းနေပေမယ့် အမေရိကန်နဲ့ သူ့မဟာမိတ်တွေက ရုရှားစစ်ပွဲအတွက် တရုတ်က စစ်ဖက် အရပ်ဖက် နှစ်မျိုးသုံးနိုင်တဲ့ ကုန်ပစ္စည်းတွေကို ရုရှားက ပံ့ပိုးပေးလို့ စစ်ကို အားပေးနေတယ်လို့ စွပ်စွဲထားပေမဲ့ ပေကျင်းက ငြင်းဆိုထားပါတယ်။

ရှီက တရုတ်နိုင်ငံမှာ စီးပွားရေးကျနေချိန်မှာ အခွန်အကောက်တွေရဲ့ ထိခိုက်မှုတွေကို ရှောင်ရှားဖို့ ထရန့် နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ စိတ်အားထက်သန်နေတာကိုလည်း တွေ့မြင်ရပါတယ်။

ဒါပေမယ့် တရုတ်ခေါင်းဆောင်ဟာ သူနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရုရှားနဲ့ ဆက်ဆံရေးကို မထိခိုက်စေဖို့ သတိထားပါတယ်။ ရှီနဲ့ပူတင်တို့ဟာ ပူတင်က ယူကရိန်းကို မကျူးကျော်ခင် အပတ်များစွာက တယောက်နဲ့ တယောက် လုပ်ဖော်ကိုင်ဖက်များအဖြစ် ပေါင်းဖက်ထားခဲ့ကြပါတယ်။ ရှီက သူရဲ့ အပြိုင်ဖြစ်သူ ရုရှားကို အနောက်အုပ်စုနဲ့ ပွတ်တိုက်မှုတွေမှာ သူရဲ့အရေးကြီးတဲ့ ပါတနာအဖြစ် တွေ့မြင်ထားပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ ရှီတို့ကြား အင်္ဂါနေ့က ခေါ်ဆိုမှုအတွင်း ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးခဲ့တာရှိမရှိကို ကရင်မလင်နန်းတော်နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၊မှာ ဖော်ပြထားခြင်းမရှိပါဘူး။

အဲ့ဒီအစား ဒုတိယကမ္ဘာစစ်တွင် ဘေဂျင်းနဲ့ မော်စကိုတို့ မျှဝေခဲ့တဲ့ မဟာမိတ်အောင်ပွဲ နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို နှစ်ဖက်လုံးက ရည်ညွှန်းထုတ်ပြန်ခဲ့ပါတယ်။ ရှီနဲ့ ပူတင်တို့ဟာ အခုနှစ် ရုရှားနိုင်ငံမှာ မေလနဲ့ တရုတ်မှာ စက်တင်ဘာလမှာ အဲ့ဒီအောင်ပွဲ အထိမ်းအမှတ်ပွဲ ကျင်းပဖို့ အချင်းချင်း ဖိတ်ကြားခဲ့ကြတယ်လို့ ကရင်မလင်နန်းတော်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် ဥရောပ

ပြင်သစ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီးနောက် ထရန့် ကကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 13 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၃ရက် ပြင်သစ်နိုင်ငံသည် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုလိုက်ပြီး၊ ဤသို့ဆောင်ရွက်သည့် နိုင်ငံများလှိုင်းထဲတွင် နောက်ဆုံးပါဝင်လာသည့်နိုင်ငံ ဖြစ်လာသည်။ နယူးယောက်မြို့ရှိ
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ရိုဒရီဂို ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် ICC စွဲချက်တင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
BBC- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၂ရက် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) က လူသားမျိုးနွယ်အပေါ်
နိုင်ငံတကာသတင်း အမေရိကန်

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆောင်ရွက်မှုအသစ်ဖြင့် H-1B ဗီဇာများအတွက် ဒေါ်လာ ၁ သိန်း အခကြေးငွေပေးဆောင်ရန် ထရမ့်သတ်မှတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 136 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၀ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် H-1B ဗီဇာများအတွက် လျှောက်လွှာကြေး ဒေါ်လာတသိန်း (၁၀၀,၀၀၀) သတ်မှတ်သည့် အမှုဆောင်အမိန့်တစ်ရပ်ကို သောကြာနေ့တွင် လက်မှတ်ရေး ထိုးခဲ့သည်။ ဤသည်မှာ သူ၏အစိုးရက အဆိုပါဗီဇာအစီအစဉ်ကို အလွန်အကျွံ အသုံးပြု
နိုင်ငံတကာသတင်း အမေရိကန်

ဟာဒယစကားပြောကြားသူ ဂျင်မီကင်မဲလ်ကို ဆိုင်းငံ့လိုက်ခြင်းကို ဖြစ်စေတဲ့ မြင်ကွင်းတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်ခဲ့လဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 157 Views
ဂျင်မီကင်မဲလ် (Jimmy Kimmel) ၏ အသံလွှင့်ပြောကြားချက်ကို ပိတ်ပစ်ရန် ဆုံးဖြတ်ချက်သည် ထင်ထားသလောက် အမြန်လုပ်ဆောင်မှု မဟုတ်ပေ။ ကင်မဲလ်သည် ချာလီကာ့ခ် (Charlie Kirk) ကိုလုပ်ကြံသတ်ဖြတ်သူ လူသတ်သမားအကြောင်း ၎င်း၏ တနင်္လာနေ့ည အစီအစဥ်တွင် ဟာသနှောပြောကြားခဲ့ရာတွင်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

အစိုးရအဆောက်အအုံကို ထိမှန်သည့် ရုရှားဒုံးကျည်တွင် အမေရိကန်နှင့် ဥရောပလုပ် အစိတ်အပိုင်းများ အပြည့်ပါဝင်ဟု ယူကရိန်းပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 163 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက် တနင်္ဂနွေနေ့က ကိဗ်မြို့လယ်ရှိ အစိုးရအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သည့် ရုရှား ခရုစ်ဒုံးကျည်တစ်စင်းတွင် အမေရိကန်နိုင်ငံလုပ် ချစ်ပ်ပြားများနှင့် အခြားအီလက်ထရောနစ် အစိတ်အပိုင်းများ အပါအဝင် နိုင်ငံခြားလုပ် အစိတ်အပိုင်း ဒါဇင်ပေါင်းများစွာ ပါဝင်ခဲ့ကြောင်း ယူကရိန်းအရာရှိများက အင်္ဂါနေ့တွင်
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

တိတ်တဆိတ်သတင်းပေးသူ(Silent Courier ) – ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ အမ်အိုင်(၆) MI6 သည် နိုင်ငံခြားသား သူလျှိုများ စုဆောင်းရန် အမှောင်ဝဘ် (Dark Web) ပေါ်တွင် ဝဘ်ဆိုက် အသစ်တစ်ခုကို လွှင့်တင်ခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 165 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက် ဗြိတိန်နိုင်ငံ၏ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီဖြစ်သော MI6 သည် အထူးသဖြင့် ရုရှားနိုင်ငံကို ပစ်မှတ်ထား၍ လျှို့ဝှက်ချက်များ ပေးပို့ရန် အလားအလာရှိသော သူလျှိုများကို ဆွဲဆောင်နိုင်ရန်အတွက် အမှောင်ဝဘ်ဆိုက်ကို အသုံးပြုမည့် “ Silent Courier”
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

စစ်ပွဲအပြီး ဂါဇာတွင် အိမ်ခြံမြေဆောက်လုပ်ရေးများ “ အလွန်ထွန်းကားဖွံ့ဖြိုးလာမည်” ဟု အစ္စရေး၏ လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီးက အကြံပြုပြောကြား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 176 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် အစ္စရေး ဘဏ္ဍာရေးဝန်ကြီး ဘက်ဇာလယ် စမော့ထရစ်ခ်ျ (Bezalel Smotrich) က ဂါဇာကို အိမ်ခြံမြေ “ ရတနာသိုက်” ဖြစ်လာနိုင်သည့် အလားအလာရှိသော နေရာတစ်ခုအဖြစ် ဖော်ပြခဲ့ပြီး စစ်ဒဏ်သင့်ဒေသကို မည်သို့
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 190 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့ သူ၏ ဒုတိယအကြိမ်မြောက် အစိုးရအဆင့် ခရီးစဉ်အဖြစ်ရောက်ရှိ လာခဲ့သည်။ အမေရိကန် သမ္မတတစ်ဦးအနေဖြင့် ဒုတိယသမတသက်တမ်းတွင်