နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးယူပြီး လူစားထိုးတဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် (၃)ဦး ဖမ်းခံရ

ဇန်နဝါရီလ (၂၈)ရက်။

စစ်မှုထမ်းဆင့်ခေါ်တာမှာ လူစားထိုးပေးမယ်ဆိုပြီး ငွေကြေးယူခဲ့တဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်အပါအဝင် (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇန်နဝါရီလ (၂၄)ရက်နေ့ ညပိုင်းက ရွှေဘိုမြို့ အမှတ်(၄)ရပ်ကွက်ထဲ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နဲ့ ရဲမှူး သန်းဇော်တို့ ဧည့်စာရင်းစစ်ခဲ့ရာ လေးကျောက်မြစ်ရွာနေ အသက်(၂၄)နှစ်ရှိ မောင်ကျော်မင်းခန့်ကို ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုဖမ်းဆီးပြီးနောက် စစ်မှုထမ်းစာရင်းသွင်းမယ်ဆိုကာ ခေါ်ဆောင်ခဲ့ပြီး မိဘတွေထံ ခရိုင်ထွေအုပ်ရုံးရှိ အငယ်တန်းစာရေး သူရိန်ညွန့်က ကျပ်သိန်း(၁၃၀)ပေးရင် လူစားလဲပေးမယ်ဆိုကာ ပြောဆိုယူဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆေးချက်တွေအရ ငွေကျပ်သိန်း(၁၃၀)ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်က (၂၅)သိန်း၊ ထွေအုပ်ရုံးက အကြီးတန်းစာရေး ကျော်ခိုင်လတ်က (၂၅)သိန်း၊ အငယ်တန်းစာရေး သူရိန်ညွန့်က (၃၀)သိန်းနဲ့ လူစားလဲမယ့် (၁၀)ရပ်ကွက်နေ သန်းစိုးထိုက်က သိန်း(၅၀) ခွဲယူခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အလွဲသုံးစားလုပ်ပြီး ငွေကြေးရယူခဲ့သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ပြောဆိုထားကာ ရယူခဲ့တဲ့ ကျပ်သိန်း(၁၃၀)ကို ကျော်မင်းခန့်ရဲ့ မိသားစုဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့တွေအနေနဲ့ သတ်မှတ်ဥပဒေတိုင်း ဆင့်ခေါ်ဖို့နဲ့ ငွေကြေးတောင်းခံတာ၊ လူစားလဲတာတွေ မရှိစေဖို့ ပညာပေးတာတွေ ဆောင်ရွက်နေပြီး ဥပဒေနဲ့အညီ ဆင့်ခေါ်တာမရှိရင် ဆက်သွယ်သတင်းပို့ဖို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အထိ အမျိုးသားတွေကို စစ်မှုထမ်းဖို့ သတ်မှတ်ချက်တွေအတိုင်း ဆင့်ခေါ်နေတယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ စီးပွားရေးဆန်ဆန် ငွေကြေးယူပြီး လူစားထိုးတာတွေ ရှိနေကာ ထိထိရောက်ရောက် အရေးမယူနိုင်သေးဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 22 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 27 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 25 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 64 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 25 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ