နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆိပ်ဖြူမြို့ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ဇန်နဝါရီလ (၂၈)ရက်။

ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၅၀)မိနစ်အချိန်က ဆိပ်ဖြူမြို့ တညောင်လမ်းပိုင်းတနေရာမှာ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Caf-Spupdf ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကပစ(၂၁)က တပ်ကြပ်ကြီး အောင်ကြည်ဆန်းနဲ့ Non-CDM ကျန်းမာရေးဝန်ထမ်း(၃)ဦး စားသောက်ဆိုင်ကနေ သောက်စားပြီးပြန်လာတဲ့အချိန် တားဆီးစစ်ဆေးတာကနေ ကိုယ်ထိလက်ရောက် ပြန်လည်ခုခံလို့ အဆုံးစီရင်ခဲ့ရတာ” လို့ ဆိုပါတယ်။

ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းဟာ Non-CDM ကျန်းမာရေးဝန်ထမ်း (၃)ဦးနဲ့အတု ဆုံဆည်းရာစားသောက်ဆိုင်ကနေ သောက်စားပြန်လာချိန် ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း ရဲဘော်တွေက တားဆီးစစ်ဆေးခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုတားဆီးစစ်ဆေးချိန် တပ်ကြပ်ကြီး အောင်ကြည်ဆန်းက အသာတကြည်စစ်ဆေးမခံဘဲ ပြန်လည်ခုခံကာ ရဲဘော်တွေကို ကိုယ်ထိလက်ရောက် ခုခံတာကြောင့် အဲ့ဒီနေရာမှာပဲ အဆုံးစီရင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းနဲ့အတူ ပါလာတဲ့ Non-CDM ကျန်းမာရေးဝန်ထမ်း (၃)ဦးကို စစ်အာဏာရှင်လက်အောက် ဆက်မလုပ်ကြဖို့ သတိပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် တပ်ကြပ်ကြီး အောင်ကြည်ဆန်းဆီကနေ ဖုန်းတလုံးနဲ့ သက်ဆိုင်ရာစာရွက်စာတမ်းတွေအပြင် ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရမိခဲ့ပြီး ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း တပ်ခွဲ(၁၊၂၊၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ရဲ့ ထောက်ပံ့တာတွေ ဆိုင်းငံ့တဲ့အပေါ် ပြန်ရအောင် ဆောင်ရွက်မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 2 Views
ဇန်နဝါရီလ (၃၀)ရက်။ မြန်မာအတွက် ထောက်ပံ့ကူညီတာတွေက အမေရိကန်အနေနဲ့ လုပ်သင့်တဲ့ ဦးစားပေးဆိုတာကို ဆက်သွယ်ပြောဆိုသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ မနေ့က
မြန်မာသတင်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဂန့်ဂေါမြိုနယ်တွင်း ကျေးရွာများတွင် ပသုံးလုံးအဖွဲ့များ တော်လှန်ရေး ရန်ပုံငွေ ကောက်ခံနေ၍ ဒေသခံများ အခက်အခဲတွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀) ရက်။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဂန့်ဂေါမြိုနယ်တွင်း တော်လှန်ရေး ရန်ပုံငွေ သိန်း ၁၀၀၀၀ ရရှိရန်ဆိုပြီး တစ်အိမ်ထောင်လျှင်
မြန်မာသတင်း

YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခု စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က ယောကာကွယ်ရေးတပ်(YDF)ရဲ့ ဒရုန်းတပ်ခွဲစခန်းကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ YDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို
မြန်မာသတင်း

ထားဝယ်ရှိ ရှင်မုတ္တီးရွာ ရွှေကူဂိတ်စခန်းနဲ့ စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံရ၊ စစ်ကောင်စီတပ်သား (၅)ဦးထက်မနည်းသေဆုံးပြီး (၄)ဦးဖမ်မိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 2 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က နေ့လယ်(၂)နာရီခန့်က ထားဝယ်ခရိုင် ရှင်မုတ္တီးရွာရှိ စစ်ကောင်စီရဲ့ ရွှေကူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွှေကူဂိတ်စခန်းနဲ့ စခန်းကုန်းတိုက်ပွဲထဲ (၅)နာရီခန့်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က
မြန်မာသတင်း

ဟုမ္မလင်းအခြေစိုက် ခမရ(၃၆၉)တပ်ရင်းက စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 2 Views
ဇန်နဝါရီလ (၃၀)ရက်။ ဒီကနေ့ နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုဂ်၊ ဟုမ္မလင်းမြို့အခြေစိုက် ခမရ(၃၆၉)က စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာခဲ့တယ်လို့ Earthquake People’s Defense Force ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ခမရ(၃၆၉)တပ်ရင်းက အသက် (၂၅)နှစ်အရွယ်ရှိပြီး
မြန်မာသတင်း

ချောင်းသာမြို့နယ်ခွဲက အုပ်ချုပ်ရေးမှူးတွေကို စစ်ပညာသင်တန်းပေးဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့နယ်ခွဲက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းပေးဖို့ စီစဉ်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ ချောင်းသာမြို့နယ်ခွဲက ရပ်/ကျေးအုပ်ချုပ်ရေးမှူတွေကို စစ်ကောင်စီက စစ်ပညာသင်တန်းမပေးဘဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး လက်နက်ကိုင်ဆောင်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူတွေကို
မြန်မာသတင်း

သတိပေးစာကို ဂရုမစိုက်ဘဲ PDF တွေ သေချင်လာခဲ့လို့ ကြွေးကြော်တဲ့ ပျူစောထီးခေါင်းဆောင် ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ကော့သောင်းမြို့ အော်ကြီးရွာအုပ်စုရှိ ဟက်စဒင်းရွာက ပျူစောထီးခေါင်းဆောင် ခေါင်းဖြူ(ခ)ဦးမြင့်ဆွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက အသက်(၅၀)ကျော်ပြီ၊ စကစအားကိုးနဲ့ ပြည်သူကို
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီက ပြည်သူ (၁၀၀)ခန့်ကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 1 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်ကစပြီး ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ် ရပ်ကွက်တွေရှိ ပြည်သူ (၁၀၀)ခန့်ကို စစ်ကောင်စီက အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ မနေ့က နံနက်ပိုင်းကစပြီး ဇီးကုန်းမြို့ပေါ်က ရပ်ကွက်တွေကို