နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သူ့အား စွဲချက်တင်ခဲ့သည့် တရားရေးဌာန (DOJ) မှ ဝန်ထမ်းများကို ထရန့်လက်စားခြေဟုဆို

ဇန်နဝါရီလ (၂၉) ရက်။

တရားရေးဌာန (DOJ) မှ ဝန်ထမ်းများကို ထုတ်ပယ်မှုသည် အနာဂတ် စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ရည်ရွယ်ထားကြောင်း အရာရှိဟောင်းများက ပြောကြားခဲ့သည်။

တဖက်သတ် ဘက်လိုက်မှုပြုသည်ဟုပြောပြီး တရားရေးဌာနကို ဖယ်ရှားပစ်မည်ဟု ထရမ့်က ကတိပြုခဲ့သည်။ သူ၏ဒုတိယသက်တမ်းအတွက် ဖြစ်နိုင်ချေရှိသော စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် လက်တုံ့ပြန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို အသုံးပြုနေကြောင်း အရာရှိဟောင်းများက ပြောကြားခဲ့သည်။

ဒေါ်နယ်ထရန့်ကို တရားစွဲဆိုရာတွင် ပါဝင်သော တရားရေးဌာနမှ ရှေ့နေအများအပြားကို တနင်္လာနေ့က အလုပ်ထုတ်ပစ်ခြင်းမှာ တရားရေးဌာနနှင့် FBI အလုပ်အဖွဲ့ကို ခြိမ်းခြောက်ရန်နှင့် ထရန့်၏ ဒုတိယ အုပ်ချုပ်မှုတွင် စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ရည်ရွယ်ထားကြောင်း တရားရေးဌာနဝန်ထမ်းဟောင်းငါးဦးနှင့် FBI အရာရှိများက NBC News သို့ ပြောကြားခဲ့သည်။

“သူတို့က လူတွေကို တနည်းမဟုတ်တနည်း ကြောက်ရွံ့စေဖို့ ကျင့်ကြံဆောင်ရွက်နေတယ်” ဟု အမည်မဖော်လိုသူ အကြီးတန်း FBI အရာရှိဟောင်းတစ်ဦးမှ လက်တုံ့ပြန်မည်ကို ကြောက်ရွံ့သည့်အတွက် သူ့အမည်ကို ကိုးကားခြင်းမပြုရန် ပြောကြားခဲ့သည်။

“တွေးကြည့်စမ်းပါ အစိုးရအသစ်မှာ တစ်ယောက်ယောက်က သူတို့ရဲ့ ရာထူးကို အလွဲသုံးစားလုပ်ရင် တရားရေးဌာန ဒါမှမဟုတ် FBI ကနေ ဘယ်သူတွေက ဒီလို ကိစ္စမျိုးတွေကို စုံစမ်းနိုင်တော့မှာလဲ” ဟု ၎င်းက ထပ်လောင်းပြောသည်။

နယူးယောက်ယူနီဗာစီတီ၏ ဥပဒေပါမောက္ခဟောင်း စတီဖင်ဂေးလား (Stephen Gillers) က ထရန့်သည် ၎င်းထင်မြင်ယူဆထားသော ရန်သူများကို အပြစ်ပေးခြင်းနှင့် အနာဂတ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဟန့်တားရန် ရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးစားနေပုံပေါ်သည်ဟု ဆိုသည်။

“ရည်ရွယ်ချက်က လက်စားချေတာပါ” ဟု ဂေးလားက ဆိုပါသည်။ “တစ်ချိန်တည်းမှာပင် သူသည် အခြားသူတွေက သူ့ကို ဆန့်ကျင်ပါက အလားတူကံကြမ္မာကို ခံစားရမှာကို သတိပေးတာပါ။ ဒါကြောင့် ဒုတိယ ရည်ရွယ်ချက်က တားဆီးခြင်းပါ။ အဲဒီအခါမှာ ကျွန်တော်တို့ ရလာတာက ဂလဲ့စားချေခြင်းနဲ့ အမူအကျင့် ပြုပြင်ပြောင်းလဲရမယ် ဆိုတဲ့အချက် နှစ်ခုစလုံးပါပဲ”

ယခု ထရန့်ခန့်အပ်ထားသော ယာယီရှေ့နေချုပ်က ဦးဆောင်နေသည့် တရားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ထရန့်သည် အမျိုးအစားခွဲခြား ကန့်သတ်ထားသော စာရွက်စာတမ်းများကို လွဲမှားစွာ ကိုင်တွယ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ရောက်စွက်ဖက်မှုတို့ကြောင့် အထူးအကြံပေး ဂျက်စမစ် (Jack Smith)က ထရန့်အား စွဲချက်တင်ခဲ့သည်။ ဂျက်စမစ်အဖွဲ့တွင် ပါဝင်အလုပ်လုပ်သော ရှေ့နေများစွာသည် တနင်္လာနေ့က အလုပ်ထုတ်ခံရသူများထဲတွင် ပါဝင်ပါသည်။ ၎င်းတို့ထဲတွင် မော်လီဂတ်စတွန် (Molly Gaston)၊ ဂျေပီ ကွမ်းနေ( J.P. Cooney)၊ အန်နီမက်နာမာရာ (Anne McNamara) နှင့် မေရီ ဒိုးမန် (Mary Dohrmann) တို့ ပါဝင်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၄ မဲဆွယ်ပွဲတစ်လျှောက်လုံးတွင် ထရန့်သည် တရားရေးဌာနနှင့် FBI ကို ပြန်လည်မွမ်းမံရန် အကြိမ်ကြိမ် ကတိပြုခဲ့ပြီး နှစ်ဖွဲ့စလုံးသည် သူ့အား အပြစ်မရှိ အပြစ်ရှာသည့် နိုင်ငံရေးအရ လှုံ့ဆော်သော “စုန်းမအမဲလိုက်ခြင်း” ကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ စမစ်နှင့် ရှေ့နေချုပ်ဟောင်း မာရစ်ဂါလန် (Merrick Garland) က သူတို့က တရားစွဲဆိုခြင်းသည် နိုင်ငံရေးဘက်လိုက်မှုကြောင့် မဟုတ်ဘဲ ထရန့်၏ ကိုယ်ပိုင်လုပ်ဆောင်ချက်များကြောင့် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ဖြစ်ပေါ်စေသည်ဟု ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။

ထရန့်၏ ရွေးကောက်ပွဲအနိုင်ရရှိမှုသည် မဲဆန္ဒရှင်များက သူ့ကိုထောက်ခံဆဲဖြစ်ပြီး ဝါရှင်တန်ကို လှုပ်ခါသွားစေမည်ဟု ကတိပြုထားသည်။ “ တရားမျှတမှု အတိုင်းအတာကို ပြန်လည်ပြီး ချိန်ခွင်လျှာ ညှိရလိမ့်မယ်” ဟု ထရန့်က ပြီးခဲ့သည့်အပတ်က သူ၏ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းတွင် “ ကျုပ်တို့ အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်ပြီး တရားမျှတမှု မရှိတဲ့ တရားရေးဌာနကို လက်နက်အဖြစ် အသုံးပြုမှုကို ဆုံးခမ်းတိုင်အောင် လုပ်သွားမယ်” ဟု ပြောခဲ့သည်။

ထရန့်၏ပထမသက်တမ်းအတွင်း လုပ်ဆောင်ခဲ့သော တရားရေးဌာနမှ အရာရှိဟောင်းတစ်ဦးသည် လက်စားချေခြင်းခံရမည်ကို ကြောက်ရွံ့သဖြင့် သူ၏အမည် မဖော်ပြစေလိုဘဲ ထုတ်ပယ်မှုများသည် ကလဲ့စားချေခြင်းဖြစ်သော်လည်း ဗျူဟာမြောက်လုပ်ဆောင်ချက်လည်း ဖြစ်သည်ဟု ဆိုသည်။

“ဒေါသအမျက်ထွက်ပြီး သူတို့ကို သူက ထုတ်ပစ်ခဲ့တာဖြစ်တယ်” ဟု တရားရေးဌာန အရာရှိဟောင်းက ပြောသည်။ “သူ့ရဲ့အလုပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖို့ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ သူ့ထံမှာ သစ္စာခံဖို့ တခြားအရာရှိတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်။”

ထရန့် ၏ FBI ဒါရိုက်တာအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ကက်ရှပက်တဲလ် (Kash Patel) ကို အတည်ပြုပါက လက်စားချေသည့်လုပ်ရပ်များ ဆက်လက်ရှိနေဦးမည်ဟု ဒုတိယတရားရေးဌာနမှ အရာရှိဟောင်းတစ်ဦးက ခန့်မှန်းခဲ့သည်။

ကြာသပတေးနေ့တွင် အတည်ပြုကြားနာခြင်းပြုမည့် ပက်တဲလ်သည် ထရန့်၏သမ္မတသက်တမ်းကို ပျက်ပြားစေရန် “မြေအောက်အစိုးရ” ကြံစည်မှု၏ တစိတ်တစ်ပိုင်းအဖြစ် အစိုးရဝန်ထမ်းများကို အပြစ်တင်ခဲ့သည်။ ပက်တဲလ်သည် ၂၀၂၃ ခုနှစ် အမှတ်တရမှတ်တမ်းတွင် ပါဝင်သည့် လူ ၅၀ ၏စာရင်းကို ထုတ်ပြန်ခဲ့ပြီး ထိုလူများသည် “ မြေအောက်အစိုးရ” ၏ အဖွဲ့ဝင်များဖြစ်ကြောင်းသူက ပြောခဲ့သည်။

တရားရေးဌာနမှ ဒုတိယအရာရှိဟောင်းဖြစ်သူက “အလုပ်ဖြုတ်တာက သူတို့အလုပ်တာဝန်ကို ရိုးသားစွာလုပ်နေတဲ့ အရာရှိတွေကို အပြစ်ပေးရုံတင်မကဘဲ တခြားအလုပ်လုပ်နေသူတွေကိုလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ကြက်သီးထစရာ ကက်ရှ်ပက်တဲလ်လို လူမျိုးရှေ့မှာ ကန့်လန့်တိုက်တဲ့သူဟာ ထရန့်ကို ဆန့်ကျင်တဲ့သူတွေအဖြစ် ပစ်မှတ်ထားလိမ့်မယ်ဆိုတာကို ကတိပြုထားတဲ့သူဆိုတဲ့သတင်းစကားပါးလိုက်တာပဲ” ဟု ဆိုသည်။

ဝန်ထမ်းအများအပြားကို တာဝန်‌ပြောင်းလဲခန့်ထားခြင်း

ပြီးခဲ့သည့် သီတင်းပတ်က တရားရေးဌာနမှ တာဝန်ရှိသူများသည် ထရန့်အမှု စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် အကြီးတန်းသက်တမ်းရင့် အစိုးရရှေ့နေကြီး ၄ ဦးကို ဘေးမဲ့ပေးရာမြို့များတွင် တာဝန်‌ပြောင်းလဲခန့်ထားလိုက်သည်။

ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသော သက်တမ်းရင့် အစိုးရရှေ့နေများ ဆုံးရှုံးခြင်းသည် ဗဟိုအစိုးရ၏ အကြမ်းဖက် တန်ပြန်မှု၊ ရာဇ၀တ်မှုနှင့် ဆိုက်ဘာစုံစမ်းစစ်ဆေးမှုများကို နှေးကွေးစေပြီး အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ယခင်အရာရှိများက သတိပေးခဲ့သည်။

ပြောင်းလဲနေရာချထားခန့်အပ်ခံရသော အစိုးရရှေ့နေများကို လွန်ခဲ့သည့်လက ဖန်တီးခဲ့သော တရားရေးဌာနအလုပ်အဖွဲ့သစ်သို့ ပြောင်းလဲနေရာချထားခဲ့သည်။ ထိုနေရာသည် ဖက်ဒရယ်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ဆန့်ကျင်ခြင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်သော ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာအရာရှိများကို စုံစမ်းစစ်ဆေးမည့်နေရာအဖြစ် ဖန်တီးထားသော တရားရေးဌာနဆိုင်ရာ အလုပ်အဖွဲ့အသစ် ဖြစ်သည်။

တတိယမြောက်တရားရေးဌာန အရာရှိဟောင်းတစ်ဦးက အကြီးတန်းသက်တမ်းရင့် အမှုလိုက် ရှေ့နေများကို ရာထူးမှနှိမ့်ချ ပြောင်းလဲလိုက်ခြင်းသည် တရားရေးဌာနနှင့် FBI အား အားနည်းစေ သည်ဟု ဆိုသည်။

“ အရူးတယောက်ကသာ ကသောင်းကနင်း ဖြစ်စေတာတွေကို မိတ်ဆက်ပြီး ကျွန်တော်တို့အမျိုးသား လုံခြုံရေးမစ်ရှင်က ကျွမ်းကျင်သူတွေကို ဖယ်ရှားပစ်လိုက်တာက ကောင်းမွန်တဲ့အကြံဉာဏ်ဖြစ်တယ်လို့ တွေးမှာဖြစ်တယ်” ဟု တတိယအရာရှိဟောင်းက‌ပြောပြီး တန်ပြန်အရေးယူခြင်းရှိလာနိုင်သည့် အတွက်ကြောင့် သူ၏အမည်ကို ထုတ်ဖော်ခြင်းမပြုရန်‌ ဆိုသည်။

ဖလော်ရီဒါရှိ ထရန့်အိမ်တော် မာအေလာဂို (Mar-a-Lago) ကို ၂၀၂၂ ခုနှစ်တွင် ရှာဖွေမှုတွင် ပါဝင်ခဲ့သော တရားရေးဌာန၏အမျိုးသားလုံခြုံရေးဌာနမှအကြီးတန်းအရပ်ဘက်အရာရှိ ဂျော့တော့စကာ (George Toscas) အား ပြီးခဲ့သောအပတ်က ဘေးမဲ့တောမြို့ အလုပ်အဖွဲ့သို့ ပြောင်းလဲခန့်အပ်ခဲ့သည်ဟု NBC သတင်းတွင်ဖော်ပြထားသည်။

တရားမ၀င် မူးယစ်ဆေးဝါးရောင်းချသည့် မှောင်ခိုဝဘ်ဆိုဒ်ရှိ မှောင်ခိုဈေးကွက်တွင် ကူညီပေးခဲ့သော ဒစ်ဂျစ်တယ်ငွေကြေး ကျောထောက်နောက်ခံ ရို့စ် အာလ်ဘစ် (Ross Ulbricht) ကို အပြစ်ပေးခဲ့သည့် အမျိုးသားလုံခြုံရေးဌာနမှ အတွေ့အကြုံရင့် ရှေ့နေ အွန်းရန်ချွေ (Eun Young Choi) ကိုလည်း ဖယ်ထုတ်ခဲ့ကြောင်း ဝါရှင်တန်ပို့စ် (Washington Post) သတင်းတွင် ဖော်ပြထားသည်။

၂၀၂၄ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထရန့်သည် သူအား ထောက်ခံသည့် လလစ်ဘာတာရီယာနှင့် ခရစ်(ပ)တို (crypto) အသိုင်းအဝိုင်းတွင် သူရဲကောင်း အာလ်ဘစ်ကို လွတ်ငြိမ်းခွင့်ပြုရန် ကတိပြုခဲ့သည်။ ၎င်း၏ ပထမဆုံး သမ္မတရုံးတက်သည့်နေ့မှာပင် ထရန့်သည် အာလ်ဘစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

“ သူ့ကို အပြစ်ပေးဖို့ လုပ်ဆောင်ခဲ့တဲ့ လူဆိုးတွေက ကျွန်တော့ကို ဆန့်ကျင်တဲ့အစိုးရရဲ့ ခေတ်မီလက်နက် အသုံးချမှုမှာ ပါဝင်ခဲ့တဲ့ အရူးတွေပါပဲ” ဟု ထရန့်က ရေးသားခဲ့သည်။

တရားရေးဌာန၏ ဒုတိယအရာရှိဟောင်းက သက်တမ်းရင့် အမှုလိုက်ရှေ့နေများကို နေရာပြောင်းလဲချထားခြင်းမှာ ပြည်သူကို အန္တရာယ်မှအကာအကွယ်ပေးရန် အားနည်းစေသည်ဟု ဆိုသည်။

“ ပစ်မှတ်ထားခံရတဲ့ တရားရေးဌာန(DOJ)က အကြီးတန်းအရာရှိတွေဟာ နိုင်ငံရင်ဆိုင်နေရတဲ့ အထိခိုက်မခံနိုင်ဆုံးနဲ့ အရှုပ်ထွေးဆုံး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတဲ့ သူတွေဖြစ်တယ်။ အကြမ်းဖက်သမားတွေရဲ့ ကြံစည်မှုကနေ တရုတ်ဆိုက်ဘာတိုက်ခိုက်မှုတွေအထိပါပဲ” ဟု အရာရှိဟောင်းက ပြောကြားခဲ့သည်။

“သူတို့ဟာ နိုင်ငံတော်လုံခြုံရေးအတွက် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို မြှုပ်နှံထားတဲ့ ထူးခြားတဲ့ အတွေ့အကြုံအများကြီးရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေပါ။ သူတို့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုကို အစားထိုးဖို့ နည်းလမ်းမရှိပါဘူး။”

သို့သော်လည်း ကွန်ဂရက်ရှိ ရီပတ်ဘလီကန် အများအပြားက တရားရေးဌာနနှင့် FBI တို့သည် ကြီးကြီးမားမား ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြသည်။ ရီပတ်ပလီကင် အထက်လွှတ်တော်အမတ် ဘီးလ်ဟာဂတ်တီ (Bill Hagerty) က ပြီးခဲ့သည့်လက NBC News ၏ သတင်းဌာနနှင့်တွေ့ဆုံးခြင်း (“Meet the Press”) အစီအစဥ်တွင် ပီတဲလ် (Patel) သည် FBI တွင် ကျွန်ုပ်တို့ မြင်လိုသည့် အပြောင်းအလဲအမျိုးအစားကို ကိုယ်စားပြုသည်ဟု ပြီးခဲ့သည့်လက ထောက်ခံပြောကြားခဲ့သည်။ အေဂျင်စီတစ်ခုလုံးကို ရှင်းထုတ်ပစ်ဖို့ လိုတယ်” ဟုသူကဆိုသည်။

“FBI မှာ ဆိုးရွားတဲ့ ပြဿနာတွေ ရှိတယ်” ဟု ဟာဂတ်တီက ဆက်လက်ပြောသည်။ “အမေရိကန်ပြည်သူတွေ သိပါတယ်။”

ကိုလံဘီယာ တက္ကသိုလ် နိုင်ငံတကာနှင့်အများပြည်သူဆိုင်ရာဌာန (Columbia School of International and Public Affairs) မှ အကြီးတန်း သုတေသနပညာရှင်လည်းဖြစ် နစ်ကဆင် သမတစာကြည့်တိုက် (Nixon Presidential Library) ၏ ဒါရိုက်တာဖြစ်သူ တင်မိုသီ နက်ဖ်တာလီ (Timothy Naftali) က နိုဝင်ဘာလတွင် ထရန့် ၏အောင်ပွဲသည် မဲဆန္ဒရှင်များထံမှ ရရှိနေဆဲ ထောက်ခံမှု၏ လက္ခဏာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

နက်ဖ်တာလီက “ ထရန်နဲ့ သမ္မတ ရစ်ချက်နစ်ကဆင်တို့ဟာ တူညီမှုတွေရှိတယ်။ သူတို့နှစ်ဦးဟာ ကမ္ဘာအပေါ်ကို ရှုမြင်တဲ့နေရာမှာ မဟာမိတ်လား ဒါမှမဟုတ် ရန်သူလားဆိုတာကို လေ့လာလေ့ရှိတယ်” ဟုဆိုသည်။ ထရန့်သည် ၎င်းအား အပြုအမူဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအားလုံးကို လျော်ကန်မှု မရှိကြောင်း အမေရိကန်များကို ပြောကြားဆွဲဆောင်ရာတွင် ထရန့်က နစ်ကဆင်ထက် အဆပေါင်းများစွာ အောင်မြင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုလူထု၏ထောက်ခံမှု မှေးမှိန်မသွားချိန်အထိ ထရန့်သည် ဆန့်ကျင်သူများကို လက်တုံ့ပြန်သွားဖွယ်ရှိကြောင်း နက်ဖ်တာလီက ပြောကြားခဲ့သည်။

“ ဒေါ်နယ်ထရန့်ကို စုံစမ်းစစ်ဆေးဖို့ အာဏာကျင့်သုံးတာဟာ အမြဲတမ်း တရားမ၀င်ကြောင်း လူအများကို သူက ဆွဲဆောင်နိုင်ခဲ့တယ်” ဟု နက်ဖ်တာလီက ပြောကြားခဲ့သည်။ “ဒါက တကယ်အံ့သြစရာပါ။သူ့ကို လုပ်ကိုင်ခွင့် ပေးခဲ့ကြတယ်။ ကျွန်တော်တို့နေထိုင်နေတဲ့ခေတ်ကြီးမှာ ဒီလို ဖြစ်ပျက်နေတာပါ”။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 64 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 49 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက