နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွားထိုးကြီးမြို့တိုက်ပွဲ စစ်ကောင်စီဘက်က (၂၀)ကျော်သေဆုံးပြီး (၈)ဦးဖမ်းခံရ

ဇန်နဝါရီလ (၃၁)ရက်။

မနေ့က နံနက်ပိုင်းအချိန်က နွာထိုးကြီးမြို့ ပြင်စည်ရွာကထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား (၅၀)ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ပြင်စည်ရွာကနေထွက်လာတဲ့ စကစစစ်ကြောင်းကို မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ ပူးပေါက်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲထဲ စကစဘက်က (၂၀)ကျော်သေဆုံးပြီး အရှင်ဖမ်းမိခဲ့တာရှိတယ်” လို့ ဆိုပါတယ်။

ပြင်စည်ရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း အင်အား (၅၀)ခန့်ဟာ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးဆောင်တဲ့ တပ်မ(၉၉)လက်အောက်ခံ ခမရ(၁၄၊၁၅)နဲ့ ရဲတပ်ရင်းတို့ ပူးပေါင်းထားတာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းကို မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ မြင်းခြံခရိုင်တပ်ရင်း(၄၊၁၀)ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဇော်မင်းအပါအဝင် အလောင်း(၂၁)လောင်းရရှိခဲ့ပြီး ဗိုလ်မှူး ရန်လင်းအောင်ဟာ ထိခိုက်ဒဏ်ရာနဲ့ ဆုတ်ခွာရင်း သေဆုံးခဲ့သလို (၈)ဦးဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်ကောင်စီထံက MA-1 (၃)လက်၊ MA-2 (၄)လက်၊ MA-3 (၆)လက်၊ MA-4 (၂)လက်၊ MA-5 (၁)လက်၊ MA-11 (၆)လက်၊ G-3 (၁၂)လက်၊  G-4 (၂)လက်၊ BA-94 (၁)လက်၊ ၆၀ မမ ပြောင်းတို (၁)လက်၊ ပြောင်းရှည် (၁)လက်နဲ့ ၆၀ မမ ဗုံးသီး (၂၉)လုံး၊ အီနာဂါ (၅)လုံး၊ နာနတ်သီးဗုံး (၉)လုံး၊ ၉ မမ ကျည် (၃၀၅)တောင့်နဲ့ ဦးထုပ် (၁၀)လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက တံတားဦးကနေထွက်လာတဲ့ Mi-35 တစ်စီးနဲ့ (၃)ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီက အရေးပေါ်ကာလ (၆)လထပ်တိုး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 3 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒီကနေ့ နေပြည်တော်မှာ စစ်ကောင်စီက ကာ/လုံအစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလ (၆)လ ထပ်တိုးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို
မြန်မာသတင်း

KNU ဌာနချုပ်အနီး စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 3 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က တပ်မဟာ(၇)နယ်မြေရှိ KNU ဌာနချုပ်ရဲ့ ကလို့ယော်လေးကွင်းပြင်အနီးကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

နေပြည်တော်မှာ စစ်ခေါင်းဆောင် ဦးဆောင်ပြီး ကာ/လုံအစည်းအဝေးပြုလုပ်၊ အရေးပေါ်ကာလ ထပ်တိုးဖို့ရှိနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 4 Views
ဇန်နဝါရီလ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး နေပြည်တော်မှာ စစ်ကောင်စီက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)အစည်းအဝေးကို ခေါ်ယူကျင်းပနေတယ်လို့ သိရပါတယ်။ အဲ့ဒီကာ/လုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး ပြုလုပ်နေကာ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လဲ ပါဝင်တက်ရောက်နေတယ်လို့ စစ်ကောင်စီသတင်းတွေက ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 7 Views
ဇန်နဝါရီလ (၃၁)ရက်။ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပြည်သူတွေ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲတွင်းထဲရောက်ရောက်၊ တွန်းလှန်ဆန့်ကျင်သူတွေ ဘယ်လောက်များများ ဗမာစစ်တပ်က
မြန်မာသတင်း

ဓါတ်အားထုတ်လုပ်တာ ကျဆင်းနေပြီး လျှပ်စစ်ဓါတ်အားလိုအပ်ချက် ပိုမိုမြင့်မားလာတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 6 Views
ဇန်နဝါရီလ (၃၁)ရက်။ အခုအခါ ဓါတ်အားထုတ်လုပ်တာတွေ ကျဆင်းနေပြီး လျှပ်စစ်ဓါတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားနေတယ်လို့ စစ်ကောင်စီဝန်ကြီး တင်အောင်စန်းက မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုလို ဓါတ်အားထုတ်လုပ်တာတွေ ကျဆင်းရတဲ့ အကြောင်းအရင်းဟာ ရေအားလျှပ်စစ်နဲ့ အပူစွမ်းအင်သုံး
မြန်မာသတင်း အမေရိကန်

အမေရိကန်ရဲ့ ထောက်ပံ့တာတွေ ဆိုင်းငံ့တဲ့အပေါ် ပြန်ရအောင် ဆောင်ရွက်မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 7 Views
ဇန်နဝါရီလ (၃၀)ရက်။ မြန်မာအတွက် ထောက်ပံ့ကူညီတာတွေက အမေရိကန်အနေနဲ့ လုပ်သင့်တဲ့ ဦးစားပေးဆိုတာကို ဆက်သွယ်ပြောဆိုသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ထောက်ပံ့တာတွေက အမေရိကန်ပြည်ထောင်စုအတွက် လုပ်သင့်လုပ်ထိုက်တဲ့
မြန်မာသတင်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဂန့်ဂေါမြိုနယ်တွင်း ကျေးရွာများတွင် ပသုံးလုံးအဖွဲ့များ တော်လှန်ရေး ရန်ပုံငွေ ကောက်ခံနေ၍ ဒေသခံများ အခက်အခဲတွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 5 Views
ဇန်နဝါရီလ (၃၀) ရက်။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဂန့်ဂေါမြိုနယ်တွင်း တော်လှန်ရေး ရန်ပုံငွေ သိန်း ၁၀၀၀၀ ရရှိရန်ဆိုပြီး တစ်အိမ်ထောင်လျှင် ၉ သောင်းကျပ် ကောက်ယူပေးရန် ပသုံးလုံးအဖွဲ့များနှင့် တပ်ရင်းများက ဆောင်ရွက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြန်မာသတင်း

YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခု စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 10 Views
ဇန်နဝါရီလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က ယောကာကွယ်ရေးတပ်(YDF)ရဲ့ ဒရုန်းတပ်ခွဲစခန်းကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ YDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ YDF ရဲ့ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို