ဖေဖော်ဝါရီလ (၂)ရက်။
အမှတ်(၁၀၀၈) တပ်ရင်းရှမ်းတောင်(SSRY)အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နှုတ်ထွက်ခဲ့ပြီဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
SSRY အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဒေသရဲ့ တပ်ရင်းတစ်ခုအနေနဲ့ (၃)နှစ်ကျော်ကာလအထိ လက်နက်ကိုင်တော်လှန်ခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါ တော်လှန်ရေးပြောင်းလဲတာနဲ့ မြေပြင်အခြေအနေ အခက်အခဲတွေကြောင့် MOD ရဲ့ စစ်ရေး CoC အောက်မှာရှိတဲ့ SSRY ဟာ အခြားစုဖွဲ့မှုပုံစံနဲ့ တော်လှန်ရေးပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။
အခုလို SSRY ဟာ အခြားစုဖွဲ့မှုပုံစံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ့်အပေါ် MOD က သဘောထားကြီးစွာနဲ့ ခွင့်ပြုပေးတာကို ကျေးဇူးတင်ကာ စုဖွဲ့မှုပုံစံအသစ်ကို အချိန်ကာလတခုမှာ ပြည်သူထံ ထုတ်ပြန်ကြေညာသွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် SSRY အနေနဲ့ အမှတ်(၁၀၀၈)တပ်ရင်းကို MOD ဆီ ပြန်လည်ပေးအပ်ပြီးဖြစ်ကာ Logo၊ ဘတ်တံဆိပ်နဲ့ NUGPAY အကောင့်တွေကို အသုံးပြုတာတွေအပေါ် တာဝန်ယူမှာမဟုတ်ဘူးလို့ အသိပေးထားချက်အရ သိရပါတယ်။