နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်လူမျိုး သောင်းနဲ့ချီဝင်လာတဲ့ ဘုရားသုံးဆူမြို ရွှေကုက္ကိုလ်လိုမျိုး ဖြစ်လာနိုင်တယ်လို့ဆို

ဖေဖော်ဝါရီလ (၃)ရက်။

စည်ကားလာတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြိုနယ်ရှိ ဘုရားသုံးဆူမြိုဟာ ကျားဖြန့်အပါအဝင် ဒုစရိုက်လုပ်ငန်းမျိုးစုံနဲ့ နာမည်ကြီးနေတဲ့ ရွှေကုက္ကိုလ်လိုမျိုး ဖြစ်လာနိုင်တယ်လို သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အခု ဘုရားသုံးဆူမှာ တရုတ်တွေ ဝင်လာတာရှိတယ်။ သူတိုတွေက လိုင်စင်မဲ့ကားကောင်းကောင်းတွေကို ထိုင်းဘက်ကနေသွင်းပြီး သူတိုပိုင်ရာဆိုင်ရာ ပေးကမ်းထားတဲ့ အဖွဲအစည်းတွေရဲ့ တံဆိပ်တွေကို နံပါတ်ပြားမှာကပ်ပြီး စီးနေကြတာ။ ပြီးရင်သူတိုက အိမ်ကောင်းကောင်းမှာနေတယ်။ ဗမာအိမ်ဖော်တွေနဲ့နေတယ်။ နောက်ပိုင်း မကြာခင်ပေါ့ ရွှေကုက္ကိုလ်လိုမျိုး ကြီးထွားလာနိုင်တယ်” လို မြိုခံတစ်ဦးက ဆိုပါတယ်။ ဘုရားသုံးဆူမြိုမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက်တာတွေ ရှိလာသလို ထိုင်းနိုင်ငံဘက်ကနေ လိုင်စင်မဲ့ကားတွေ တင်သွင်းပြီး BGF၊ DKBA နဲ့ KNU စတဲ့ အဖွဲအစည်းတွေရဲ့ တံဆိပ်တွေနဲ့ စီးနင်းသွားလာနေကြတာလို သိရပါတယ်။ အခုအခါ မြဝတီမြို ရွှေကုက္ကိုလ်မှာ ကျားဖြန့်တွေကို တိုက်ဖျက်နှိမ်နင်းတာတွေကြောင့် အဲ့ဒီဘက်က တရားမဝင်လုပ်ငန်းတွေဟာ ဘုရားသုံးဆူဘက်ကို ရောက်ရှိလာသလို ရာဘာခြံတွေမှာ လူဦးရေ ရာဂဏန်းအထိ နေထိုင်နိုင်တဲ့ အဆောက်အဦးတွေ ဆောက်လုပ်တာတွေ ရှိနေပါတယ်။ “ သူတို(တရုတ်)တွေက ငွေရင်းငွေနှီးရှိတော့ ဘုရားသုံးဆူမြိုပြင်က ရာဘာတောတွေမှာ လုံးချင်းတိုက်အကြီးကြီးတွေဆောက်ပြီး လူ(၅၀၀) (၁၀၀၀)လောက် နေနိုင်အောင် ရွှေကုက္ကိုလ်လိုမျိုး KK Park လို လုပ်ချင်နေကြတဲ့ပုံစံမှာ ရှိနေတယ်လို သိရတယ်။ အဲ့သတင်းကတော့ တကယ်အတိအကျပဲ၊ ဒီဘက်က မြေကပေါတော့ သူတိုဝယ်မယ်၊ ပြီးရင် ခြံခတ်မယ်။ လုံခြုံရေးငှားမယ်ပေါ့။ အဖွဲတွေကို ပေးထားကမ်းထားတာဆိုတော့ သူတို လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ပုံစံမျိုး” လို သူက ဆက်ပြောပါတယ်။ ဘုရားသုံးဆူမြိုဟာ လျှပ်စစ်မီးကို ထိုင်းနိုင်ငံကနေ ရရှိနေသလို ကျားဖြန့်တွေ ဝင်လာပါက အင်တာနက်လိုင်းကို ထိုင်းဘက်ကနေသာ ရယူနိုင်တာဖြစ်တဲ့အတွက် မကြာခင် ဘုရားသုံးဆူမြိုကို လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်လာနိုင်တယ်လို သိရပါတယ်။ အခုအခါ ဘုရားသုံးဆူမြိုအနီးတဝိုက်ကို တရုတ်နိုင်ငံသား စုစုပေါင်း သောင်းနဲ့ချီပြီး ဝင်ရောက်လာခဲ့ကာ ကာစီနိုလုပ်ငန်းတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေကြပြီလိုလဲ ဆိုပါတယ်။ ဘုရားသုံးဆူမြိုဟာ တရုတ်နိုင်ငံသားတွေနဲ့ စည်ကားလာသလို စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် ထွက်ပြေးလာကြတဲ့ လူငယ်တွေလဲ အများအပြားရှိနေပြီး ကောင်းတဲ့ဘက်က စည်ကားလာတာမျိုး မဟုတ်ဘူးလို သိရပါတယ်။ အခုလို ဘုရားသုံးဆူမြိုဟာ ဒုစရိုက်မြိုတော်ဖြစ်လာတဲ့အပေါ် စိတ်မကောင်းဖြစ်ရကာ စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးသာ လုပ်ဆောင်နေတာကြောင့် ဒုစရိုက်လုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာမဟုတ်ဘူးလို ပြောဆိုထားချက်တွေအရ သိရပါတယ်။ ဓာတ်ပုံ။ DKBA နံပါတ်တပ်ထားသည့်ကားတစ်စီးကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 30 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 26 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 22 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 26 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 26 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ