နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလောမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မနေ့က ည(၈)နာရီခွဲခန့်က ပုလောမြို့ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ပန်းချီသန်းဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ဲ့ယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စကစခန့်ထားတဲ့ (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ပန်းချီသန်းဝင်းကို သူ့ကဲ့နေအိမ်မှာပဲ ပူးပေါင်းတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပန်းချီသန်းဝင်းကို မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းနဲ့ KNDO တပ်ရင်း(၇) ပူးပေါင်းတပ်တွေက သူ့ရဲ့နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပန်းချီသန်းဝင်းဟာ စစ်ကောင်စီက နိုင်ငံပုန်ကန်ပြီး အာဏာလုယူပြီးတဲ့နောက် အုပ်ချုပ်ရေးမှူးအနေနဲ့ ခန့်အပ်ခံရပြီး စစ်ကောင်စီအလိုကျ လူငယ်တွေကို စစ်မှုထမ်းအနေနဲ့ အဓမ္မသွတ်သွင်းနေသူလို့ ရေးသားထားပါတယ်။

ဒါ့အပြင် သူ့ကို တော်လှန်ရေးတပ်ပေါင်းစုဘက်က လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ရပ်တန့်တာမရှိဘဲ လူငယ်တွေကို ဖမ်းဆီးတာ၊ စစ်မှုထမ်းဖို့ သွတ်သွင်းတာနဲ့ ခြိမ်းခြောက်ငွေညှစ်တာတို့ကို ဆက်တိုက်ကျူးလွန်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် တပ်ပေါင်းစုအနေနဲ့ သူ့ကို အပြီးတိုင် ရှင်းလင်းပစ်ခဲ့ရတာဖြစ်ပြီး ကျန်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှုးတွေအနေနဲ့ ပြည်သူကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ မလိုက်နာရင် သုတ်သင်ခံရမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်၊ ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 5 Views
ဧပြီလ (၂၀) ရက်။ သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာအား မနေ့က နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်
မြန်မာသတင်း

လားရှိုးကို စစ်ကောင်စီ ဝင်လာချိန် လုံခြုံရေးယူပေးတာ မရှိဘူးလို့ UWSA ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 9 Views
လားရှိုးမြို့ လွှဲပြောင်းပေးဖို့ တရုတ်အထူးကိုယ်စားလှယ်ကိုယ်တိုင် ကိုင်တွယ်နေ ဧပြီလ (၁၉)ရက်။ လားရှိုးမြို့ကို စစ်ကောင်စီ ဝင်ရောက်လာချိန် လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့အပေါ် “ ဝ”
မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 18 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုဝ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့က အရပ်သားတွေနေတဲ့ ရပ်ကွက်တွေကို
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 34 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် နေပြည်တော်မှာ ထိခိုက်ခဲ့တဲ့ အဆောက်အအုံတွေထဲ ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေက ပိုမိုထိခိုက်ပျက်စီးတာကို
မြန်မာသတင်း

ရန်ကုန် ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 18 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၉)နာရီ (၅၇)မိနစ်အချိန်က ရန်ကုန်ရှိ စစ်ကောင်စီရဲ့ ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army(YUPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို
မြန်မာသတင်း

နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 19 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၈)နာရီခွဲကျော်အချိန်က နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အေလာလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 20 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ညောင်လေးပင်ခရိုင် ရေတွင်းကုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ အမှတ်(၂)စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ရေတွင်းကုန်းရွာကို နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ။ ပြီးတော့
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 21 Views
ဧပြီလ (၁၈)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ရေစကြိုမြို့ ဗလဘကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ ညနေ (၄)နာရီ (၂၀)မိနစ်လောက်က ဗလဘကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်