နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

ဖေဖော်ဝါရီလ (၉)ရက်။

ဖေဖော်ဝါရီလ (၁)ရက်နေ့က မန္တလေးမှာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ဖွဲ့ကို ငွေကျပ် (၇)ဘီလီယံကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မန္တလေး ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်မယ်ဆိုတဲ့ သတင်းအရ စောင့်ဆိုင်းခဲ့ရာကနေ အမျိုးသား (၂)ဦးကို လိုက်ထရပ်ကား၊ ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူ (၁၁)ကီလိုနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဘိန်းဖြူရောင်းဝယ်ရာမှာ (၁၀)ရာခိုင်နှုန်း အကျိုးဆောင်ခနဲ့ ပွဲစားပြုလုပ်တဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ပူးပေါင်းပါဝင်သူတွေကို ထပ်မံဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး မူးယစ်ဆေးဝါးတွေကို ရှမ်းတောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းနေ အိုက်ပေါင်းက ဦးဆောင်ပြီး ပြည်ကြီးတံခွန်မြို့မှာ ဂိုဒေါင်ငှားရမ်းကာ ထိန်းသိမ်းစေခဲ့ပြီး ‌သယ်ယူပို့ဆောင်တာနဲ့ ရောင်းရငွေတွေကို အဆင့်ဆင့်လွှဲပြောင်းလက်ခံရယူခဲ့တာလို့လဲ ရေးသားထားပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးရမိခဲ့သူ (၇)ဦးကို တန်ဖိုးငွေကျပ် (၇)ဒသမ(၃)ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ (၁၁)ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၄၆)ဒသမ(၉၄၂)သိန်းနဲ့ ဘိန်းဆီခဲ (၂၅)ဂရမ်တို့အပြင် ကား (၃)စီးနဲ့ ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်တွေကို အရေးယူထားသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေ တိုးမွေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 15 Views
အောက်တိုဘာလ (၁၇)ရက်။ တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေကို တိုးမြှင့်မွေးမြူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံချိန်
မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို AA ထိုးစစ်ဆင်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 16 Views
အောက်တိုဘာလ (၁၇)ရက်။ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နမ္မတူရှိ စာသင်ကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 16 Views
အောက်တိုဘာလ (၁၇)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲဝန်းကျင်က နမ္မတူမြို့ရှိ အထက(၁)ကျောင်းအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၈)နာရီ (၂၈)မိနစ်လောက်မှာ အထက(၁)ကျောင်းဝန်းကျင်က ပြည်သူတွေကို ဦးတည်ပြီး
မြန်မာသတင်း

စစ်တပ်ရဲ့ ခလရ(၇၅)တပ်ရင်းက စစ်မှုထမ်းတပ်သား (၇)ဦး KNLA ထံ အလင်းဝင်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 14 Views
အောက်တိုဘာလ (၁၇)ရက်။ စစ်တပ်ရဲ့ ခလရ(၇၅)တပ်ရင်းက စစ်မှုထမ်းတပ်သား (၇)ဦး အလင်းဝင်လာတယ်လို့ KNU ရဲ့ ဒီကနေ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းတပ်သား (၇)ဦးဟာ အောက်တိုဘာလ (၁၅)ရက်နေ့က လယ်ဒိုမြို့ရှိ KNLA တပ်ရင်း (၉)ထံ
မြန်မာသတင်း

ရွေးကောက်ပွဲကို ရာနှုန်းပြည့် မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် ဝန်ခံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 41 Views
အောက်တိုဘာလ (၁၆)ရက်။ အကြောင်းအမျိုးမျိုးကြောင့် ရာနှုန်းပြည့် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ NCA (၁၀)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ပထမအကြိမ်မှာ (၁၀၂)မြို့နယ်နဲ့ ဒုတိယအကြိမ်မှာ မြို့နယ်(၁၀၀)
မြန်မာသတင်း

ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 36 Views
တော်လှန်ရေးရဲဘော်တွေအပါအဝင် အကျဉ်းသား (၁၅)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆို အောက်တိုဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၃)နာရီခန့်က ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်(CNA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်း (၃)နာရီလောက်ကစဖြစ်တာ။
မြန်မာသတင်း

လက်ပံတန်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၅)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 22 Views
အောက်တိုဘာလ (၁၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန် လက်ပံတန်းမြို့ သရက်ချောင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သရက်ချောင်းရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားတာလို့ RCSS ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 27 Views
အောက်တိုဘာလ (၁၆)ရက်။ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားတာလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ RCSS ရဲ့ ထုတ်ပြန်ချက်ထဲ NCA (၁၀)နှစ်တာကုလထဲ အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိခဲ့တာကြောင့် ရည်မှန်းထားတဲ့အတိုင်း