နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ တရုတ်ပြော

ဖေဖော်ဝါရီလ (၁၂)ရက်။

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေဟာ သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ဒေသတွင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။

အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတို့ကို ခိုင်မာစွာ တိုက်ဖျက်တာဟာ ပြည်သူ့ဗဟိုပြုအယူအဆကို အကောင်အထည်ဖော်တဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုအနေနဲ့ ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဖော်ပြထားပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို တရုတ်အနေနဲ့ ထိုင်း၊ မြန်မာ စတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း ဒါမှမဟုတ် ဘက်စုံပူးပေါင်းဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်တာကို အတူတကွ တားဆီးသွားမယ်လို့ ရေးသားထားပါတယ်။

‌နောက်ပြီး အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုကို အတူတကွ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပြီး ပြည်သူ့အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ ဒေသထဲနိုင်ငံတွေကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတို့ကို ထိန်းသိမ်းသွားမယ်လို့လဲ ပြောဆိုထားပါတယ်။

တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေကြောင့် နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်း တိုက်ဖျက်ရေးတွေကို စစ်ကောင်စီအပါအဝင် BGF နဲ့ DKBA တို့က အသည်းအသန် လုပ်ဆောင်လာနေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကလဲ မြဝတီ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့်ဆိုပြီး စောချစ်သူအပါအဝင် BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာကို စစ်ကောင်စီ လေထီးနဲ့ ဗုံးကျဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 3 Views
ဇွန်လ (၄) ရက်။ မနေ့က ဇွန်လ (၃) ရက်နေ့ ညနေ ၆နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ဆားလင်း စစ်ကောင်စီ
မြန်မာသတင်း

ကြို့ပင်ကောက်မှာ ရွာထဲ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း မိုင်းဆွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 6 Views
‌ဇွန်လ (၄)ရက်။ ကြို့ပင်ကောက်မြို့ရှိ ပိတောက်မြိုင်ရွာကို စစ်မှုထမ်းဖို့ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Yoma GBK
မြန်မာသတင်း

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 2 Views
ဇွန်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသထဲ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က နံနက် (၉)နာရီကျော်အချိန်မှာ
ဂျပန် နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

ယူကရိန်းသည် ရုရှားကို အနိုင်ယူရန်အတွက် ရုရှား-ဂျပန်စစ်ပွဲတွင် အသုံးပြုခဲ့သည့် “ အာကာရှီ မဟာဗျူဟာ” ကို အတုယူရန် အရေးကြီးသည်။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 11 Views
ယူကရိန်း၏ လျှို့ဝှက်စစ်ဆင်ရေးများသည် အောင်မြင်သော်လည်း ၎င်းတို့သည် အာကာရှီမဟာဗျူဟာနှင့် တူညီသောအဆင့်သို့ မရောက်ရှိသေးဟု စစ်ရေးသုံးသပ်သူ ယိုကိုဟားမားက ဆိုသည်။ ဂျပန်လေတပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ကာကွယ်ရေး သုတေသနစင်တာ (ဖောင်ဒေးရှင်း) တွင် သုတေသန ကော်မတီဝင် ယိုကိုဟားမား၏ ဆောင်းပါးကို
တောင်ကိုရီးယား နိုင်ငံတကာသတင်း အာရှ

“ဘယ်အပင်တွေ စားလို့ရမှန်း ကျွန်တော်သိတယ်” တောင်ကိုရီးယားသမ္မတသစ် လီချေမြောင်သည် ​​အလွန်ဆင်းရဲနွမ်းပါးသည့်ဘဝမှ သမ္မတ ဖြစ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 3 Views
ဇွန်လ (၄) ရက်။ တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသွားတဲ့ အသက် (၆၁) နှစ်အရွယ် လီချေမြောင်ဟာ နွမ်းပါးတဲ့စက်ရုံအလုပ်သမားတစ်ဦးကနေ နိုင်ငံ့ထိပ်တန်းအထိ တက်လာခဲ့ပါတယ်။ လူအချို့က သူ၏ ခိုင်မာသော ခေါင်းဆောင်မှုကို ချီးကျူးသော်လည်း သူ့ကို အချို့ကလည်း
မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ KNLA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 12 Views
‌ဇွန်လ (၄)ရက်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ ကယန်းပြည်သစ်တပ်မတော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၆၁)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ KNLA အနေနဲ့ ပြည်သူတရပ်လုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ မိတ်ဖက်ဒီမိုကရေစီအင်အားစုတွေ၊
မြန်မာသတင်း

တလထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 8 Views
ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့ မေလပိုင်းထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေထဲ နောင်ချိုမြို့မှာ လေကြောင်းနဲ့
မြန်မာသတင်း

စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 13 Views
ဇွန်လ (၄)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန် စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီ (၅)မိနစ်က