နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားတွေကို စစ်ခေါင်းဆောင် ထပ်မံတိုက်တွန်း

ဖေဖော်ဝါရီလ (၁၂)ရက်။

လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေး‌တဲ့လမ်းကြောင်းပေါ် တိုင်းရင်းသားတွေ လက်တွဲပူးပေါင်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

သဘောထားကွဲတာတွေရှိပေမယ့် လိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုတာဟာ မှားယွင်းတဲ့လမ်းစဉ်ဖြစ်ပြီး ကောင်းကျိုးရလဒ်တွေ ရနိုင်မှာမဟုတ်တဲ့အတွက် ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးတာနဲ့သာ ဖြေရှင်းနိုင်မှာလို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ကြိုဆိုထားကာ လက်နက်ကိုင်အဖွဲ့တွေကို စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ အားပေးဆောင်ရွက်ဖို့ သူက မေတ္တာရပ်ခံထားပါတယ်။

နောက်ပြီး တိုင်းပြည်အေးချမ်းဖို့အတွက် ပြည်သူတွေ လက်တွဲကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းထားသလို ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန် လွှဲအပ်သွားမယ်လို့ ထည့်သွင်းပြောဆိုထားပါသေးတယ်။

ဒါ့အပြင် နိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာတွေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ပြည်ပနိုင်ငံအချို့က ပြည်တွင်းပဋိပက္ခကို ဒေသထဲပဋိပက္ခအခြေအနေအထိ ဖြစ်ပေါ်အောင် ဖန်တီးနေကြတယ်လို့လဲ စစ်ခေါင်းဆောင်က ဆိုပါတယ်။

စစ်ခေါင်းဆောင်က နိုင်ငံတကာမှာ အသိအမှတ်ပြုခံရအောင် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေပေမယ့် မြေပြင်မှာတော့ ပြည်သူတွေကို စစ်ကြောင်းထိုး သတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့တာတွေအပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 4 Views
အောက်တိုဘာလ (၁၈)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင်-PDF ရဲ့
မြန်မာသတင်း

NCA နှောင့်နှေးရတာက NLD အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 7 Views
အောက်တိုဘာလ (၁၈)ရက်။ NCA နှောင့်နှေးရတာက NLD အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့
မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေရှိတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 9 Views
အောက်တိုဘာလ (၁၈)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ အလံဖြူထောင် အလင်းဝင်သူတွေ ရှိနေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထိုးစစ်ဆင်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲကနေ ကစဉ့်ကလျားထွက်ပြေးလာတဲ့ စကမတပ်ဖွဲ့ဝင်တွေကို
မြန်မာသတင်း

သီပေါမြို့ထဲ နယ်မြေဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 35 Views
အောက်တိုဘာလ (၁၇)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ထဲကို နယ်မြေဝင်ရောက်ရှင်းလင်းခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ သီပေါမြို့နဲ့ ဒေသတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေကာ မြို့အဝင် တိုးဂိတ်ကိုရောက်ရှိချိန် မြို့ထဲ
မြန်မာသတင်း

တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေ တိုးမွေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 32 Views
အောက်တိုဘာလ (၁၇)ရက်။ တရက်ကို လူတဦး ကြက်ဥတလုံးစားနိုင်အောင် ကြက်အကောင်ရေကို တိုးမြှင့်မွေးမြူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဥပမာအနေနဲ့ ရန်ကုန်တိုင်းမှာ လူဦးရေ (၇)သန်းရှိပြီး လူဦးရေတဝက်က
မြန်မာသတင်း

နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို AA ထိုးစစ်ဆင်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 27 Views
အောက်တိုဘာလ (၁၇)ရက်။ မကွေးတိုင်း အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် လက်ကျန်နေရာတွေကို ထိုးစစ်ဆင်နေသလို ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောက်စီတပ်ဖွဲ့တွေနဲ့
မြန်မာသတင်း

နမ္မတူရှိ စာသင်ကျောင်းအနီး လေကြောင်းဗုံးကြဲခံရပြီး အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 26 Views
အောက်တိုဘာလ (၁၇)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲဝန်းကျင်က နမ္မတူမြို့ရှိ အထက(၁)ကျောင်းအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၈)နာရီ (၂၈)မိနစ်လောက်မှာ အထက(၁)ကျောင်းဝန်းကျင်က ပြည်သူတွေကို ဦးတည်ပြီး
မြန်မာသတင်း

စစ်တပ်ရဲ့ ခလရ(၇၅)တပ်ရင်းက စစ်မှုထမ်းတပ်သား (၇)ဦး KNLA ထံ အလင်းဝင်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 24 Views
အောက်တိုဘာလ (၁၇)ရက်။ စစ်တပ်ရဲ့ ခလရ(၇၅)တပ်ရင်းက စစ်မှုထမ်းတပ်သား (၇)ဦး အလင်းဝင်လာတယ်လို့ KNU ရဲ့ ဒီကနေ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းတပ်သား (၇)ဦးဟာ အောက်တိုဘာလ (၁၅)ရက်နေ့က လယ်ဒိုမြို့ရှိ KNLA တပ်ရင်း (၉)ထံ