နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG နဲ့ချိတ်ဆက်ပြီး လမ်းပျောက်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဖို့အသင့်ရှိတယ်လို့ Federal Wing ပြော

ဖေဖော်ဝါရီလ (၁၅)ရက်။

NUG နည်းပညာဝန်ကြီးဌာန(MOCIT)နဲ့ ချိတ်ဆက်ပြီး လမ်းပျောက်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဖို့အသင့်ရှိတယ်လို့ Federal Wing က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

“ FW နဲ့ တိုက်ရိုက်မဟုတ်ဘဲ MOCIT ကနေ တဆင့်ခံချိတ်ဆက်ခဲ့တဲ့ အချို့အဖွဲ့တွေ နည်းပညာပိုင်းဆိုင်ရာမှာ အခက်အခဲတွေရှိနေပေမယ့် FW ရဲ့အခြေအနေ ဘယ်လိုမှန်းမသိလို့ ဇဝေဇဝါဖြစ်ပြီး မဆက်သွယ်ရဲကြဘဲ လမ်းပျောက်နေတယ်ဆိုတာ ကြားသိရတယ်” လို့ ဆိုပါတယ်။

MOCIT ကနေတဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေအနေနဲ့ ဘယ်အဖွဲ့တွေနဲ့ ဆက်လက်လှုပ်ရှားနေပါစေ နည်းပညာအကူအညီလိုအပ်ရင် အကူအညီပေးမယ်လို့ ဖော်ပြထားပါတယ်။

“ မေးစရာမေးခွန်းတွေ ရှိနေတာပဲဖြစ်ဖြစ် နည်းပညာပိုင်းဆိုင်ရာ အကူအညီလိုအပ်နေတာပဲဖြစ်ဖြစ် FW page မှာ အချိန်မ‌ရွေး လာရောက်ဆက်သွယ်နိုင်ပါတယ်။ ဘယ်လိုခေါင်းစဉ်နဲ့ပဲဖြစ်ဖြစ် စစ်အာဏာရှင်ကို တိုက်ထုတ်နေသူတိုင်းက တော်လှန်ရေးမိတ်ဆွေ ရဲဘော်ရဲဘက်တွေပါ” လို့ ဆက်ပြောပါတယ်။

Federal Wing အနေနဲ့ တော်လှန်ရေးနဲ့ လမ်းခွဲတာမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်တိုက်ထုတ်နေတယ်လို့လဲ အသိပေးထားပါတယ်။

Federal Wing ဟာ NUG နည်းပညာဝန်ကြီးဌာန(MOCIT)နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ Federal Wing Committee ကိုသာ ဖျက်သိမ်းတာဖြစ်ပြီး တော်လှန်ရေးကိစ္စတွေမှာ အရှိန်မပျက် ဆက်လက်ရုန်းကန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် EAO/ERO အဖွဲ့တွေနဲ့ ပူးပေါင်းချိတ်ဆက်ထားတဲ့ Federal Wing တပ်ဖွဲ့တွေဟာ အရင်အတိုင်း ဆက်လက်တိုက်ပွဲဝင်နေပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ထားတဲ့ (၁၈၀၁) Federal Wing တပ်ရင်းကလဲ ဆက်ရှိနေတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ဆိုပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ ‌ရန်ကုန်ကိုရောက်လာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ဆိုပြီး စစ်တပ်နဲ့ မိတ်ဖက်နိုင်ငံအချို့က ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 22 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ဟားခါးမြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသထံသတင်းတွေထံက သိရပါတယ်။ “ ဒီကနေ့ အစောပိုင်း (၆)နာရီလောက်ကထဲက ဟားခါးမြို့အနီးက နေရာ (၃)ခုလောက်မှာ တိုက်ပွဲပြင်းထန်နေတာ။
မြန်မာသတင်း

ရန်ကုန်ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲသူဆိုပြီး သားအမိ(၂)ဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့ရှိ ပြည်သူ့ပါတီရုံးအနီး မိုင်းဖောက်ခွဲခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ မိုင်းဖောက်ခွဲသူတွေဟာ တောင်ဒဂုံမြို့နယ် (၁၀၅)ရပ်ကွက်နေ (၃၇)နှစ်အရွယ် မကြည်ကြည်ရွှေနဲ့ သားဖြစ်သူ
မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ မြို့နယ်တွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 24 Views
ဒီဇင်ဘာလ (၂၆)ရက်။ ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမယ့် နေ့ရက်နဲ့ ပါဝင်တဲ့ မြို့နယ်တွေစာရင်းကို စစ်တပ်က ‌မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြို့နယ် (၆၃)မြို့ ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနေ့က ည (၁၀)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် မှော်ဘီမြို့ရှိ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီပါတီရုံးမှာ ရုံးစောင့်တွေနဲ့ ပျူစောထီးတွေ အရပ်ဝိုင်းဖွဲ့သောက်နေတဲ့အချိန်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 34 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLD ပါတီရဲ့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရသူတွေဟာ ကရင်ပြည်နယ်က (၂)ဦး၊
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 47 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်(KSIP)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်ဖို့နဲ့ အကြမ်းဖက်လုပ်ငန်းတွေကို မီးကုန်ယမ်းကုန် အသုံးပြုပြီး