နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အမေရိကန်က လုံခြုံရေးအာမခံချက်ပေးရင် မြေရှားသတ္တုပေးဖို့ သဘောတူညီချက်ကို ယူကရိန်းက လမ်းဖွင့်ထားတယ်လို့ ဇလန်းစကီးပြော

ဖေဖော်ဝါရီလ (၁၇) ရက်။

အမေရိကန်သည် ယူကရိန်းလုံခြုံရေးကို အာမခံခဲ့ပါက မြေရှားသတ္တုတွင်းထွက်များကို အမေရိကန်ပြည်ထောင်စုက ရရှိခွင့်ကို လက်မှတ်ရေးထိုးပေးရန် အဆင်သင့်ရှိကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးက ပြောကြားခဲ့သည်။

“ မေးစရာက ယူကရိန်းက ဘာပေးနိုင်မလဲထက်၊ ယူကရိန်းက ဘာရနိုင်မလဲဆိုတာပဲ ဖြစ်တယ်” ဟဟု ဇလန်းစကီးက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင်ည်။

သီတင်းပတ်ကုန်တွင်၊ ဇလန်းစကီးက ဝါရှင်တန်ထံမှ အနာဂတ် စစ်ရေးအကူအညီအတွက် ယူကရိန်း၏ ဓာတ်သတ္တုသိုက်များကို မေရိကန်အား ရယူခွင့်ပေးမည့် အမေရိကန်နှင့် ပထမဆုံး သဘောတူညီချက်မူကြမ်းကို ၎င်း၏၀န်ကြီးတစ်ဦးကိုမျှ လက်မှတ်မထိုးစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

တနင်္လာနေ့က ပြောကြားရာတွင် ယူကရိန်းသည် အမေရိကန်ထံမှ “အသေးစိတ် အစီအစဉ်” ကို မကြာမီ လက်ခံရရှိရန် မျှော်လင့်ထားကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။ သတ္တုသိုက်များနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် သဘောတူစာချုပ်ချုပ်ဆိုရာတွင် ယူကရိန်းသည် “ အလွန်စိတ်ဝင်စားပါတယ်” ဟု အလေးပေး ပြောကြားခဲ့သော်လည်း လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ အမေရိကန်က အတိအကျ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ဆိုသည့်အပေါ် ပိုမိုရှင်းလင်း ပြတ်သားစွာ သိလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

“သူတို့မှာ အလွန်တန်ဖိုးရှိတဲ့ မြေရှားသတ္တု၊ ရေနံ၊ သဘာဝဓာတ်ငွေနဲ့ တခြားအရာတွေ ရှိတယ်။ ငါတို့ပေးလိုက်တဲ့ငွေတွေအတွက် လုံခြုံစေချင်တယ်” ဟု ထရန့်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က ထရမ့်အစိုးရသည် ရုရှားနှင့် ညှိနှိုင်းဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် နေတိုးအဖွဲ့ဝင်ရန် ယူကရိန်း၏မျှော်လင့်ချက်ကို ထိုးနှက်ခဲ့သော်လည်း၊ အမေရိကန်နှင့် သဘောတူညီချက်သည် လုံခြုံရေးအာမခံချက်တစ်ခုခုကို အနည်းဆုံးဖော်ပြသင့်ပြီး ဥပမာအားဖြင့် နေတိုးကဲ့သို့သောအာမခံချက် သို့မဟုတ် အခြားရွေးချယ်စရာလမ်းရှိသင့်သည်ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 28 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 37 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 47 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်