နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတစ်ဦး တပြိုင်ထဲ ပစ်ခတ်ရှင်းလင်းခံရ

ဖေဖော်ဝါရီလ (၂၁)ရက်။

မနေ့က ည(၇)နာရီ (၄၀)မိနစ်အချိန်က မင်းလှမြို့ ဆားချောင်းရွာက အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဆားချောင်းရွာက ထောက်ကြန့်အုပ်စု အုပ်ချုပ်ရေးမှူး ဝင်းလှိုင်နဲ့ ပျူစောထီး ကတုံးတို့ကို သူတို့ရဲ့နေအိမ်မှာပဲ တပြိုင်ထဲ ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ဆိုပါတယ်။

ဆားချောင်းရွာ‌နေ ထောက်ကြန့်အုပ်စု အုပ်ချုပ်ရေးမှူး ဝင်းလှိုင်နဲ့ ပျူစောထီး ကတုံး(ခ)ဇော်မင်းထွန်းကို တော်လှန်ရေးရဲဘော်တွေက သူတို့ရဲ့နေအိမ်မှာ တပြိုင်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတို့ကို သေနတ်နဲ့ (၁၅)ချက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဝင်းလှိုင်ကိုင်ဆောင်တဲ့ လက်လုပ်သေနတ် (၁)လက်နဲ့ ကျည်(၁၀)တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

သူတို့ဟာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးလူစုတာ၊ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေဆီက ငွေကြေး‌တွေ အတင်းအကြပ်ကောက်ခံတာနဲ့ ငွေမပေးသူတွေကို စစ်တပ်ခေါ်ဖမ်းခိုင်းပြီး စစ်တပ်ကထုတ်ပေးထားတဲ့ လက်နက်ပြပြီး ပြည်သူတွေကို ဒုက္ခပေးနေတာကြောင့် အခုလို အရေးယူတာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ‌ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေ သူတို့အနီး သွားလာနေထိုင်တာမပြုဖို့ မသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန့်ဘလူခရိုင်ထဲ စစ်ကော်မရှင်စခန်း (၄)ခုကို သိမ်းပိုက်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အခုနှစ် ဖေဖော်ဝါရီလအစမှာ ကန့်ဘလူခရိုင်ထဲ PDF၊ ပကဖနဲ့ AA ပူးပေါင်းတပ်ဖွဲတွေ စုပေါင်းကာ
မြန်မာသတင်း

ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီလို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဖက်ဒရယ်ယူနစ်တခုအနေနဲ့ ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီဖြစ်တယ်လို NUG က ဒီကနေ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာမှာ
မြန်မာသတင်း

ကစယ်ဒိုမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုင်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ မနေ့က ကစယ်ဒိုမြိုနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သရက်ချောင်းမြိုကနေ ကစယ်ဒိုမြိုနယ်ထဲရှိ ဝင်းဝတပ်စခန်းကို တပ်အင်အားဖြည့်ဖို စစ်ကော်မရှင်ရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)နဲ့ (၄၀၅)တို ပူးပေါင်းစစ်ကြောင်းထိုးလာခဲ့တာလို
မြန်မာသတင်း

မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂမှာ NUG ငွေပေးသွင်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး ၂၀၂၅ခုနှစ်အထိ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂကို NUG က ငွေပေးသွင်းထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ၂၀၂၁ကစပြီးတော့ ၂၀၂၅ကုန်အထိ ကျနော်တို့ တတ်နိုင်သမျှ မဲပေးခွင့်မဆုံးရှုံးဖို့အတွက်
မြန်မာသတင်း

ပေါက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၀)ဦးကျော်သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ချက်ကန်ရွာကို ဂျက်ဖိုက်တာ (၄)စီးနဲ့ လာကြဲသွားတာ။ ပေါင် (၅၀၀)ဗုံးတွေလဲပါတယ်၊ စုစုပေါင်းအကြိမ်ရေ
မြန်မာသတင်း

ဂိတ်ဖွင့်အခွန်ကောက်တာကစပြီး အကျင့်ပျက်ချစားမှုကြီးအဆင့်အထိ ရှိနေသေးတယ်လို့ NUG ဒုစစ်ဦးစီးအရာရှိချုပ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 33 Views
တပ်မှူး‌ကြီးတွေအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပြီး ထိန်းကျောင်းဖို့ ဆန္ဒရှိကြတယ်လို့ဆို ဖေဖော်ဝါရီလ (၁၀)ရက်။ ဂိတ်ဖွင့် အခွန်ကောက်တာကစပြီး အကျင့်ပျက်ချူညးမှုကြီးအဆင့်အထိ ရှိနေဆဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုစစ်ဦးစီးအရာရှိချုက် ဒေါက်တာ စိုးသူရဇော်က တပ်မှူးကြီးများအစည်းအဝေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့ NUCC နဲ့ NUG ဒုတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 40 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၈)ရက်နေ့ ည (၇)နာရီအချိန်ကစပြီး NUCC နဲ့ NUG တို့ (၄)နာရီကျော်ကြာ ဒုတိယအကြိမ်မြောက် ဆွေးနွေးအဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

မုံရွာရှိ နမခအနီး ကာကင်းစခန်း တိုက်ခိုက်ခံရပြီး (၂)ပွင့်ဗိုလ်တဦးအပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက မုံရွာရှိ နမခဌာနချုပ်အနီး ကာကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခနားမှာ အထိုင်ချတပ်စွဲထားတဲ့ ကာကင်းခန်းကနေ