နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

အိုးဘိုထောင်မှာ ကျဆုံးသွားတဲ့ နိုင်/ကျဉ်းတစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်သယ်ခွင့်မပြု

ဖေဖော်ဝါရီလ (၂၅)ရက်။

အိုးဘိုအကျဉ်းထောင်ထဲ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ ရုပ်အလောင်းကို‌ ထောင်အာဏာပိုင်တွေက ပြန်ယူခွင့်မပြုခဲ့ဘူးလို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟာ ပုဒ်မ၅၀၅(က)နဲ့ ထောင်ဒဏ် (၃)နှစ် ချမှတ်ခံထားရသူ ကိုအောင်ထွန်းဖြစ်ကာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့က ‌အနာထဲပိုးဝင်ရာက ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းဟာ ကျန်းမာရေးကောင်းမွန်သူဖြစ်ကာ စတင်ဖမ်းဆီးခံရချိန်က ဘာရောဂါမှ မရှိခဲ့ဘဲ ထောင်ထဲရောက်မှ ခန္ဓာကိုယ်မှာ အနာတွေပေါက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို အနာတွေပေါက်ပြီး ပိုးဝင်တာကြောင့် ထောင်ဆေးရုံမှာ တက်ရောက်ဆေးကုသခဲ့ပေမယ့် တပတ်ခန့်အကြာမှာ သေဆုံးသွားခဲ့ကာ သူ့ရဲ့ရုပ်အလောင်းကိုတောင် ပြန်ယူခွင့်မပြုခဲ့ဘူးလို့ ရေးသားထားပါတယ်။

အခုလို ကိုအောင်ထွန်း သေဆုံးခဲ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို မှန်ကန်မှုရှိ/မရှိ စိစစ်ဖို့ လိုအပ်နေတယ်လို့လဲ PPNM က အသိပေးပြောဆိုထားပါတယ်။

ကိုအောင်ထွန်းဟာ ၂၀၂၂ခုနှစ် ဧပြီလ (၅)ရင်နေ့က အမရပူရမြို့နယ်ထဲ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ မြို့နယ်တရားရုံးက တရားစွဲဆိုကာ ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 12 Views
ဇွန်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ ဒီကနေ့ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး
မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် (၄၆၆)ဦးအပါအဝင် (၃၁၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 5 Views
ဇွန်လ (၅)ရက်။ (၂)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ် စုစုပေါင်း (၂၈၄၁)ခုအထိ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရွာငံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ ကွယ်လွန်ခဲ့တဲ့အပေါ် စစ်ကောင်စီကို CRPH ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 25 Views
ဇွန်လ (၅)ရက်။ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ ၂၀၂၄ခုနှစ်
မြန်မာသတင်း

ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာကို စစ်ကောင်စီ လေထီးနဲ့ ဗုံးကျဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 13 Views
ဇွန်လ (၄) ရက်။ မနေ့က ဇွန်လ (၃) ရက်နေ့ ညနေ ၆နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ဆားလင်း စစ်ကောင်စီ လေထီးနဲ့ ဗုံးကျဲသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဗုံး ၂လုံးကျဲသွားတယ်လို့ သိရပြီး
မြန်မာသတင်း

ကြို့ပင်ကောက်မှာ ရွာထဲ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း မိုင်းဆွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 12 Views
‌ဇွန်လ (၄)ရက်။ ကြို့ပင်ကောက်မြို့ရှိ ပိတောက်မြိုင်ရွာကို စစ်မှုထမ်းဖို့ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Yoma GBK PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြို့ပင်ကောက်အရှေ့ ပိတောက်မြိုင်ရွာကို
မြန်မာသတင်း

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 9 Views
ဇွန်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသထဲ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က နံနက် (၉)နာရီကျော်အချိန်မှာ
မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ KNLA စစ်ဦးစီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 15 Views
‌ဇွန်လ (၄)ရက်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်လို့ ကယန်းပြည်သစ်တပ်မတော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်မြားနိုရဲ့ ဒီကနေ့မှာကျရောက်တဲ့ (၆၁)နှစ်ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ KNLA အနေနဲ့ ပြည်သူတရပ်လုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ မိတ်ဖက်ဒီမိုကရေစီအင်အားစုတွေ၊
မြန်မာသတင်း

တလထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 9 Views
ဇွန်လ (၄)ရက်။ ပြီးခဲ့တဲ့ မေလပိုင်းထဲ တအာင်းဒေသမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေထဲ နောင်ချိုမြို့မှာ လေကြောင်းနဲ့