နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တင်းမာသော ဆွေးနွေးပွဲများ ဖြစ်ပေါ်လာချိန် သမ္မတထရမ့်၏ မျက်နှာသည် ဒေါသများဖြင့် နီရဲလာသည်။

မတ်လ (၁) ရက်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့ကြား ထိပ်သီးဆွေးနွေးပွဲဟာ ကနဦးမှာ နွေးထွေးတဲ့ အငွေ့အသက်တွေနဲ့ စတင်ခဲ့ပေမဲ့ အငြင်းအခုံတွေ ဖြစ်လာခဲ့ပြီး တွေ့ဆုံမှု မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

စကားဝိုင်းကို ဒေါသတောက်လောင်စေခဲ့တာကတော့ ဆွေးနွေးပွဲမှာ ပါ၀င်ခဲ့တဲ့ အမေရိကန်ဒုတိယသမ္မတ ဗန့်စ်က “ ဒါက မခန့်လေးစားတာ” လို့ မှတ်ချက်ပေးခဲ့တာကနေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ခြေဟန်လက်ဟန်နဲ့ တုံ့ပြန်ခဲ့တဲ့ ဇလန်းစကီးကို ထရမ့်က ဒေါသထွက်ပြီး မျက်နှာနီရဲသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ သမ္မတရုံးခန်းမှာ အခြေအနေတွေ တင်းမာခဲ့ရပါတယ်။။

“ ကျေးဇူးတင်ပါတယ်” လို့ တစ်ခါလောက် ပြောဖူးရဲ့လား။ ဇလန်းစကီးက သူ့နိုင်ငံကို ကျူးကျော်နေတဲ့ ရုရှားနဲ့ ပတ်သက်ပြီး အမေရိကန်က လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ တောင်းဆိုတဲ့အခါ ဗန့်စ်က “မင်းနိုင်ငံကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်နဲ့ သမ္မတကို ကျေးဇူးတင်ကြောင်းပြောပါ” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က ယူကရိန်းတောင်ပိုင်း ခရိုင်းမီးယားကို ရုရှားသိမ်းယူခဲ့တာ ရပ်တန့်လို့ မရခဲ့ကြောင်း ဇလန်းစကီးက ထောက်ပြခဲ့ပါတယ်။ ရုရှားတွေဟာ ၂၀၁၉ ခုနှစ်မှာ ချုပ်ဆိုတားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာလို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို မလိုလားဘဲ ဇလန်းစကီးဟာ “ တတိယကမ္ဘာစစ်နဲ့ လောင်းကစားလုပ်နေတယ်” လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။

တွေ့ဆုံပွဲအပြီးမှာတော့ နှစ်ဖက်ပူးတွဲလုပ်ဖို့ စီစဥ်ထားတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်ခဲ့ပါတယ်။ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ “ဇာလန်းစကီးဟာ အိမ်ဖြူတော်ကိုလာပြီး အမေရိကန်ကို မလေးမစား လုပ်သွားတယ်။ ငြိမ်းချမ်းရေးအတွက် သူ့ဘက်က အဆင်သင့်ရှိတဲ့အချိန် သူပြန်လာနိုင်တယ်” လို့ ရေးသားခဲ့ပါတယ်။

တင်းမာသော ဆွေးနွေးပွဲများ ဖြစ်ပေါ်လာချိန် သမ္မတထရမ့်၏ မျက်နှာသည် ဒေါသများဖြင့် နီရဲလာသည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့ကြား ထိပ်သီးဆွေးနွေးပွဲဟာ ကနဦးမှာ နွေးထွေးသော အငွေ့အသက်တွေနဲ့ စတင်ခဲ့ပေမဲ့ အငြင်းအခုံတွေ ဖြစ်လာခဲ့ပြီး တွေ့ဆုံမှု မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

စကားဝိုင်းကို ဒေါသတောက်လောင်စေခဲ့တာကတော့ ဆွေးနွေးပွဲမှာ ပါ၀င်ခဲ့တဲ့ အမေရိကန်ဒုတိယသမ္မတ ဗန့်စ်က “ ဒါက မခန့်လေးစားတာ” လို့ မှတ်ချက်ပေးခဲ့တာကနေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ခြေဟန်လက်ဟန်နဲ့ တုံ့ပြန်ခဲ့တဲ့ ဇလန်းစကီးကို ထရမ့်က ဒေါသထွက်ပြီး မျက်နှာနီရဲသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ သမ္မတရုံးခန်းမှာ အခြေအနေတွေ တင်းမာခဲ့ရပါတယ်။။

“ ကျေးဇူးတင်ပါတယ်” လို့ တစ်ခါလောက် ပြောဖူးရဲ့လား။ ဇလန်းစကီးက သူ့နိုင်ငံကို ကျူးကျော်နေတဲ့ ရုရှားနဲ့ ပတ်သက်ပြီး အမေရိကန်က လုံခြုံရေးအတွက် အာမခံချက်ပေးဖို့ တောင်းဆိုတဲ့အခါ ဗန့်စ်က “မင်းနိုင်ငံကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်နဲ့ သမ္မတကို ကျေးဇူးတင်ကြောင်းပြောပါ” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က ယူကရိန်းတောင်ပိုင်း ခရိုင်းမီးယားကို ရုရှားသိမ်းယူခဲ့တာ ရပ်တန့်လို့ မရခဲ့ကြောင်း ဇလန်းစကီးက ထောက်ပြခဲ့ပါတယ်။ ရုရှားတွေဟာ ၂၀၁၉ ခုနှစ်မှာ ချုပ်ဆိုတားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာလို့ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို မလိုလားဘဲ ဇလန်းစကီးဟာ “ တတိယကမ္ဘာစစ်နဲ့ လောင်းကစားလုပ်နေတယ်” လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။

တွေ့ဆုံပွဲအပြီးမှာတော့ နှစ်ဖက်ပူးတွဲလုပ်ဖို့ စီစဥ်ထားတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်ခဲ့ပါတယ်။ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ “ဇာလန်းစကီးဟာ အိမ်ဖြူတော်ကိုလာပြီး အမေရိကန်ကို မလေးမစား လုပ်သွားတယ်။ ငြိမ်းချမ်းရေးအတွက် သူ့ဘက်က အဆင်သင့်ရှိတဲ့အချိန် သူပြန်လာနိုင်တယ်” လို့ ရေးသားခဲ့ပါတယ်။

ကျိုဒိုသတင်း

[ဓာတ်ပုံ] အမေရိကန်သမ္မတ၊ ဒုတိယသမ္မတနဲ့ ဇာလန်းစကီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ၃၄ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 3 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ရက် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းကိုးဦး သေဆုံးခဲ့ခြင်းကြောင့် အကူအညီပေးရေးဌာနများကို ထပ်မံပိတ်လိုက်သည်။ ယနေ့ ဇွန်လ ၇ရက်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးကို သူတို့အား စွပ်စွဲထားသည့် အထောက်အထားများကို ပေးအပ်ရန် UNRWA က တောင်းဆိုလိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 4 Views
ဇွန်လ (၇) ရက်။ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) က ၎င်းအား စွပ်စွဲမှုများနှင့်ပတ်သက်၍ အစ္စရေးထံမှ “ ပူးပေါင်းဆောင်ရွက်နိုင်ရန် အထောက်အထား” ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တောင်းဆိုချက်အားလုံးကို အဖြေမပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ “
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး တရားသူကြီးများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 5 Views
ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းတွင် အစ္စရေးစစ်ရာဇ၀တ်မှုများအတွက် ခုံရုံး၏ စုံစမ်းစစ်ဆေးမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင်ရှိ တရားသူကြီးလေးဦး ပိုင်ဆိုင်သော ပိုင်ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဇွန်လ (၆) ရက်။ ဂါဇာကမ်းမြောင်ဒေသနှင့် အနောက်ဘက်ကမ်းတွင် အစ္စရေး၏ စစ်ရာဇ၀တ်မှုများနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ကီလ်မာအာဘရီဂိုဂါဆီယာ (Kilmar Abrego Garcia) သည် ရာဇ၀တ်မှုဖြင့် တရားရင်ဆိုင်ရန် အမေရိကန်သို့ ပြန်ခေါ်ဆောင်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 6 Views
ဇွန်လ ၆ ရက်၊ ၂၀၂၅ မတ်လတွင် အယ်လ်ဆာဗေးဒိုးသို့ လွဲမှားစွာ ပြည်နှင်ဒဏ်ခံခဲ့ရသည့် မေရီလန်းပြည်နယ်မှ ကီလ်မာအာဘရီဂိုဂါဆီယာသည် ဖက်ဒရယ်ရာဇ၀တ်မှုဖြင့် တရားရင်ဆိုင်ရန် အမေရိကန်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း ရှေ့နေချုပ် ပန်းဘွန်ဒီ (Pam Bondi)က သောကြာနေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 10 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ သမာသမတ်ကျ မျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ
နိုင်ငံတကာသတင်း အမေရိကန်

အချိန်တိုအတွင်း ပြိုကွဲသွား စစ်ရေးကဏ္ဍအပေါ် သက်ရောက်မှု ရှိလာနိုင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 17 Views
ဇွန်လ (၆) ရက်။ အမေရိကန်သမ္မတထရန့်နှင့် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ၅ ရက်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် အချင်းချင်း ပြင်းပြင်းထန်ထန် စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ မတ်စ်သည် မေလနှောင်းပိုင်းတွင် အစိုးရဌာနမှ နုတ်ထွက်ပြီး အုပ်ချုပ်ရေး၏ အထင်ကရ ဥပဒေမူကြမ်းကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 29 Views
ဇွန်လ (၅) ရက်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး ထိုမူကြမ်းကို ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်။