မတ်လ (၅)ရက်။
ဒီကနေ့ နံနက် (၉)နာရီခွဲအချိန်က ဆိပ်ဖြူမြို့နယ်ထဲ စစ်ကောင်စီရဲ့ စက်တပ်လေထီး(Paramotor) (၂)စီးကို ပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဆိပ်ဖြူမြို့ ကပစ (၂၂)ကနေ တက်လာတဲ့ Paramotor (၂)စီးကို ပကဖစုဖွဲ့တပ်က ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ Paramotor မောင်းတဲ့ စခတကောင် ထိမှန်သွားတယ်” လို့ ဆိုပါတယ်။
ဆိပ်ဖြူမြို့ရှိ ကပစ(၂၂)ကနေ တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေကို ဒုက္ခပေးဖို့ ပျံသန်းလာတဲ့ စက်တပ်လေထီး (၂)စီးကို မြိုင်၊ ပေါက်နဲ့ ကမ္မမြို့နယ် ပကဖ စုဖွဲ့တဲ့တပ်က ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလိုပစ်ခတ်ခံရတာကြောင် စက်တပ်လေထီးမောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အောင်ဇင်ဖြိုးဟာ ပေါင်ကို ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရသွားကာ ဖြတ်တောက်ရဖို့ရှိတယ်လို့ တပ်ထဲသတင်းတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စက်တက်လေထီး (၂)စီး ပစ်ခတ်ခံရတဲ့အချိန်မှာပဲ အဲ့ဒီထဲက တစ်စီးဟာ စက်လက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို ကျန်တစ်စီးဟာ ကင်းထောက်ပုံစံပျံဝဲပြီး ကပစ(၂၂)ထဲ ပြန်ဆင်းသွားတယ်လို့ ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့လဲ စစ်ကောင်စီက အန္တရာယ်ပေးနိုင်တဲ့ လေကြောင်းရန်ကို အသိ/သတိရှိကြဖို့ သတိပေးထားတယ်လို့လဲ သိရပါတယ်။
