နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေးတပ်တော်(IDLA) ဖွဲ့စည်းကြောင်းကြေညာ

မတ်လ (၇)ရက်။

ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများကောင်စီက ဇန်နဝါရီလ (၁)ရက်နေ့မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်လွတ်မြောက်ရေးတပ်တော်(IDLA)ကို ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။

IDLA ကို ဖွဲ့စည်းခဲ့ပြီးနောက် ဇန်နဝါရီလ (၇)ရက်နေ့ကပြုလုပ်တဲ့ ကောင်စီရဲ့ ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကောင်စီဖွဲ့စည်းပုံကို တိုးချဲ့ဖွဲ့စည်းခဲ့သလို အကြံပေးအဖွဲ့ဝင်တွေနဲ့ ကောင်စီဝင်‌တွေကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

IDLA အနေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ရှိ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရားတွေကို လုံးဝဖျက်သိမ်းဖို့၊ တိုင်းရင်းသားပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်ဖို့နဲ့ အနာဂတ်ဖက်ဒရယ်တပ်မတော်မှာ အင်အားစုတခုအနေနဲ့ ရပ်တည်နိုင်ဖို့ ဖော်ပြထားပါတယ်။

နောက်ပြီး တပ်တော်အနေနဲ့ ဘာသာရေးအဆောက်အအုံတွေမှာ စစ်စခန်းမစိုက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားမလုပ်ဖို့၊ ယဉ်ကျေးမှု ဓလေ့ထုံးစံကို လေးစားဖို့နဲ့ စစ်သုံပန်းတွေကို မညှင်းဆဲဖို့ စတဲ့ လိုက်နာရမယ့် စည်းကမ်း (၁၀)ချက်ကိုလဲ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်အမျိုးသားများကောင်စီ(IDNSC)အနေနဲ့ အခုနှစ်ထဲ ဆောင်ရွက်ဖို့ လမ်းပြမြေပုံ(Road Map) (၅)ခုကို သတ်မှတ်ထားကာ ခြေသံလုံလုံနဲ့ နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းတွေ ပိုမိုအားကောင်းအောင် တည်ဆောက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်အစိုးရတရပ် ပေါ်ထွန်းဖို့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ လွတ်လပ်ပြီး အချုပ်အချယ်ကင်းတဲ့ ပြည်နယ်အစိုးရတရပ် တည်ထောင်မယ်လို့ ရေးသားထားပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ဟာ အနာဂတ်ပြည်‌နယ်ပေါင်းစုပြည်ထောင်စုမှာ လွတ်လပ်ပြီး တက်ကြွတဲ့ အမျိုးသားများ ပြည်နယ်တခုအနေနဲ့ အတူပူးပေါင်းနေထိုင်သွားဖို့ ထုတ်ပြန်ကတိပြုပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 44 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 23 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 22 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 41 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့
မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 60 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်မူးလားမြို့နယ်ထဲ စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အောက်တိုဘာလ (၅)ရက်နေ့က
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 40 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 35 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ