နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ကျန်တဲ့အဆောက်အအုံတွေ ဘာမှမဖြစ်ဘဲ တရုတ်ဆောက်တဲ့ အဆောက်အအုံတစ်ခုပဲ ပြိုကျခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်ပြော

ဧပြီလ (၁) ရက်။

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ၃၃ ထပ် ရှိတဲ့ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး အလုပ်သမားတွေ ပိတ်မိနေတဲ့အဆောက်အအုံကို တရုတ်နိုင်ငံပိုင် China Railway Engineering Group (CREC) ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံက Italian-Thai Development Co., Ltd. (ITD) တို့က ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထုံထန်က ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံကို ကျွမ်းကျင်သူတွေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ညွှန်ကြားထားပြီး တစ်ပတ်အတွင်း အစီရင်ခံစာ တင်သွင်းဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ပြည်တွင်းထုတ် အင်္ဂလိပ်ဘာသာ သတင်းစာ The Nation မှာ ဖော်ပြထားပါတယ်။

ပြင်းအား ၇ ဒဿမ ၇ ရှိတဲ့ ငလျင်ကြောင့် ဒီအဆောက်အအုံတစ်ခုကလွဲလို့ ကျန်တဲ့အဆောက်အအုံ အတော်များများမှာ ပြဿနာမရှိဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ “ဘန်ကောက်မှာရှိတဲ့ အဆောက်အအုံအားလုံးဟာ ငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းတွေနဲ့ တည်ဆောက်ဖို့ ဥပဒေအရ ထိန်းကျောင်းထားပြီးသားပါ။” လို့ သူမက ပြောပါတယ်။

တရုတ်နိုင်ငံကလည်း စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Han Zhiqiang က ထိုင်းပြည်ထဲရေးဝန်ကြီးနေ့ ပြီးခဲ့တဲ့ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့် အဆောက်အအုံ ပြိုကျခဲ့လို့ သေဆုံးဒဏ်ရာရသူအများအပြားအတွက် ဝမ်းနည်းကြောင်း တရုတ်သံရုံးက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သံအမတ်ကြီး ဟန်နဲ့အတူ ပါလာတဲ့ တရုတ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကျွမ်းကျင်သူတစ်ဦးက သီးခြားကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့သာ ပြောကြားခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်တဲ့ သဘောထားကို ရှင်းလင်းပြောကြားတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တရုတ်သံအမတ်ကတော့ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

“ တရုတ်သံအမတ်က မတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့အတွက် သူ့ရဲ့သံရုံးက ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်” လို့ The Nation သတင်းမာ ဖော်ပြထားပါတယ်။ သံအမတ်ကြီးဟန်ကလည်း ကန်ထရိုက်တာကို စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး စုံစမ်းစစ်ဆေးမှုတွေကို တရားမျှတစွာ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ မတော်တဆမှု စုံစမ်းစစ်ဆေးဖို့ ကော်မတီတစ်ခုဖွဲ့ထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ အဆောက်အအုံရဲ့ ဒီဇိုင်နာတွေ၊ ကြီးကြပ်ရေးမှူးတွေနဲ့ ကန်ထရိုက်တာတွေ ပါဝင်မှာဖြစ်ပြီး ဆောက်လုပ်ရေးက အတည်ပြုထားတဲ့ ပုံကြမ်းတွေနဲ့ သွေဖည်သွားတာ ဒါမှမဟုတ် အရည်အချင်းမပြည့်မီတဲ့ ပစ္စည်းတွေ အသုံးပြုထားတာကို တွေ့ရှိရင် တာဝန်ရှိတဲ့သူတွေက ဥပဒေနဲ့အညီ တာဝန်ယူရမှာဖြစ်တယ်” လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ဒီအတောအတွင်း အဆောက်အအုံပြိုကျတဲ့နေရာကို ချက်ခြင်းဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားလေးဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ပြိုကျတဲ့နေရာကို ဝင်ရောက်ပြီး အဆောက်အအုံ အသေးစိတ်ပုံစံနှင့် စာရွက်စာတမ်းဖိုင် ၃၂ ခုကို ယူဆောင်ထားတာကို တွေ့ရှိခဲ့တဲ့အတွက် သံသယရှိသူ တရုတ်နိုင်ငံသားလေးဦးနဲ့ အလုပ်ရှင်တစ်ဦးတို့ကို ဘန်ကောက်ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။

သူတို့ကို ပိုင်နက်ကျူးလွန်မှုအတွက် ထောင်ဒဏ်သုံးလနဲ့ ဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။ သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းတွေဟာ အဆောက်အအုံပြိုကျမှုနဲ့ဆက်စပ်မှု ရှိမရှိ စစ်ဆေးဖို့ ရဲတပ်ဖွဲ့က စီစဉ်နေပြီး ပါဝင်ပတ်သက်သူအားလုံးကို စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 25 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 30 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊