နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာကို လာဖို့ရှိ

ဧပြီလ (၅)ရက်။

ထိုင်းနဲ့ မလေးရှားက နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် H. E. Ms. Paetongtarm Shinawatra က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံက လိုအပ်နေတဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် မကြာမီကာလမှာ လာရောက်မှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

နောက်ပြီး မြန်မာမှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ကာ ထိခိုက်ခဲ့ရတဲ့အပေါ် ထပ်တူဝမ်းနည်းမိကာ ပြန်လည်ထူထောင်ရေးနဲ့ ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေ ဆက်လက်ကူညီပေးသွားမယ်လို့ သူမက ဆိုပါတယ်။

အခုလို ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့အပေါ် ဝမ်းနည်းစကား ပြောဆိုတာနဲ့ အကူအညီပေးတာတွေကို ကျေးဇူးတင်ကာ နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာကို လာမယ့်အပေါ် ကြိုဆိုတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်တဲ့အခြေအနေအပါအဝင် နယ်စပ်ဒေသ တည်ငြိမ်ဖို့နဲ့ ကျားဖြန့်လုပ်ငန်းတွေ ပပျောက်ဖို့နဲ့ ကဏ္ဍပေါင်းစုံ မြှင့်တင်ပူးပေါင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဘန်ကောက်ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ဟာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ဖို့အပါအဝင် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
နိုင်ငံတကာသတင်း အီရန်

ဆန္ဒပြပွဲတွင် ကျဆုံးခဲ့သူတို့၏ ဂူဗိမာန်ဘေးဝယ် ကြေကွဲနေသော အီရန်နိုင်ငံသားများ နှုတ်ဆိတ်နေရန် ဖိအားပေးခံထားရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် တီဟီရန်မြို့ — ကြာသပတေးနေ့ ညနေခင်းများတွင် တီဟီရန်မြို့၏
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 13 Views
CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက် အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

အက်ပ်စတိုင်း(Epstein) မုန်တိုင်းကြောင့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ရာထူးမှ ပြုတ်ကျ သွားနိုင်သည် – သို့သော် ၎င်းတွင် ထရမ့် မပါဝင်ပါ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် မည်သည့်အခါမျှ ပတ်သက်ဆက်နွှယ်မှု မရှိခဲ့ဖူးသော်လည်း၊ အက်ပ်စတိုင်းကြောင့်ပင် သူ၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

အဓိက နျူကလီးယား လက်နက် စာချုပ်တစ်ခု သက်တမ်းကုန်ဆုံးတော့မည် – ၎င်းသည် ရုရှား၏ စူပါပါဝါ အဆင့်အတန်း ကျဆင်းလာခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက် ဆိုဗီယက်ယူနီယံ ဟောင်း ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားသည် နိုင်ငံတကာ စင်မြင့်ထက်တွင် သိသိသာသာ အင်အားချည့်နဲ့လာသည့် ပုံရိပ်ကို ပြသခဲ့သည်။ အမေရိကန်သမ္မတ ရော်နယ် ရေဂင်က တစ်ချိန်က “ မိစ္ဆာအင်ပါယာ”