နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂရင်းလန်းကို ဒုသမ္မတဗန့်စ် သွားရောက်လည်ပတ်ပြီးနောက် ဂရင်းလန်း အခြေစိုက်အာကသတပ်ဖွဲ့ စစ်ဦးစီးမှူးအား ရာထူးမှ ထုတ်ပယ်

ဧပြီလ (၁၂) ရက်။

ဒိန်းမတ်နိုင်ငံပိုင်း ဂရင်းလန်းရှိ ဘီဒူးဖစ်အာကာသတပ်ဖွဲ့အခြေစိုက်စခန်း (Pituffik Space Base) ၏ စစ်ဦးစီးကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အမေရိကန် အစိုးရက ဧပြီလ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။

အကြောင်းပြချက်မှာ “သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားလို့ပါပဲ။” ဟု ဆိုသည်။ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ဒုသမ္မတဗန့်စ်၏ ဂရင်းလန်းခရီးစဉ်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်လ် (Sean Parnell) သည် ဂရင်းလန်းအခြေစိုက်စခန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဆူဆန်နာ မိုင်ယာစ် (Susanna Myers) ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ၁၀ ရက်နေ့၌ တွစ်တာတွင် ရေးသားခဲ့သည်။ “ သမ္မတထရန့်၏ အစီအစဉ်ကို ပျက်ပြားစေသော သို့မဟုတ် အမိန့်ပေးသည့် ကွင်းဆက်ကို ပျက်ပြားစေသည့် မည်သည့်လုပ်ရပ်ကိုမဆို ကာကွယ်ရေးဌာနအနေနဲ့ လက်ခံမည်မဟုတ်” ဟု ရေးသားခဲ့သည်။

ဒုသမ္မတဗန့်စ် ဂရင်းလန်းကို လာရောက်စဉ် မိန့်ခွန်းပြောရာ၌ “အမေရိကန်က အာတိတ်ကို မဖြစ်မနေ ဦးဆောင်ရမယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဒိန်းမတ်အစိုးရကို “ ဂရင်းလန်းပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေကို ခွဲဝေမပေးဘူး” ဟု ဝေဖန်ခဲ့ပါသည်။

ဒုသမ္မတဗန့်စ်၏ပြောဆိုမှုနှင့်ပတ်သက်ပြီး ဗန့်စ်လာရောက်လည်ပတ်ပြီးနောက် ၃ ရက်အကြာတွင် စခန်းဦးစီဗိုလ်မှူးကြီးမိုင်ယာစ်သည် အခြေစိုက်စခန်းရှိတပ်ဖွဲ့ဝင်အားလုံးထံသို့ အီးမေးလ်တစ်စောင်ပေးပို့ခဲ့သည်ဟု အမေရိကန်သတင်းမီဒီယာ Military.com က သတင်းဖော်ပြခဲ့သည်။ ဂရင်းလန်းတွင် နေထိုင်စဉ်အတွင်း ဗန့်စ်၏အပြုအမူနှင့် စကားလုံးများက ၎င်းတို့ကို ပြဿနာတက်ခဲ့စေကြောင်း ယင်းအီးမေးလ်တွင် ဖော်ပြခဲ့သည်ဟု ဆိုသည်။

“ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကို နားလည်တယ်လို့ ပြောဖို့ မရည်ရွယ်ပါဘူး” ဟု မိုင်ယာစ်က အီးမေးလ်တွင် ရေးသားခဲ့သော်လည်း ၎င်း၏ ခရီးစဉ်အတွင်း ဗန့်စ် ပြောဆိုခဲ့သည့် အမေရိကန်အစိုးရ၏ စိုးရိမ်ပူပန်မှုများသည် ဘီဒူးဖစ်အာကာသစခန်း၏ အခြေအနေမှန်ကို ထင်ဟပ်ခြင်း မရှိကြောင်း ရေးသားခဲ့သည်ဟု Military.com က ဖော်ပြခဲ့သည်။

မိုင်ယာစ်၏နေရာကို ဗိုလ်မှူးကြီး ရှောင်လီး (Shawn Lee) နဲ့ အစားထိုးမည်ဖြစ်ကြောင်း အာကာသစစ်ဆင်ရေးကွပ်ကဲရေးဌာန (Space Operations Command) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဤအကြိမ်ရာထူးမှ ထုတ်ပယ်မှုသည် ဂရင်းလန်းကို သိမ်းပိုက်ရန် အမေရိကန်က ဆက်လက် ဆောင်ရွက်မည်ကို မီးမောင်းထိုးပြနေသည်။ ထရန့်သည် ဂရင်းလန်းကို “ တစ်နည်းနည်းနဲ့ရယူရန်” ကတိပြုထားပြီး ဗန့်စ်သည် ကျွန်း၏ (ကာကွယ်ရေး) အင်အားနည်းမှုကို ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။ ထိုနေရာတွင် ဂရင်းလန်း၏တည်ရှိမှုကို ခိုင်မာစေရန် အမေရိကန်မှလွဲ၍ “ရွေးချယ်စရာမရှိကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ မတ်လ (၂၈) ရက်နေ့တွင် ဗန့်စ်နှင့်သူ၏ဇနီး အူရှာတို့သည် ဂရင်းလန်း၏ အနောက်မြောက်ဘက်ကမ်းရိုးတန်းရှိ ဘီဒူးဖစ်အာကာသတပ်ဖွဲ့အခြေစိုက်စခန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုအချိန်တွင် ဂရင်းလန်းသည် ဒိန်းမတ်ထက် အမေရိကန်၏ လုံခြုံရေး ထီးရိပ်အောက်သို့ ရောက်ရှိလာခြင်းက ပိုကောင်းမည်ဆိုသည့် သဘောထားကိုလည်း ဖော်ပြခဲ့သည်။

ဓာတ်ပုံ။

ဒုတိယသမတဗန့်စ်နှင့် ဂရင်းလန်းအခြေစိုက်စခန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဆူဆန်နာ မိုင်ယာစ် (Susanna Myers) တို့ကို မတ်လနှောင်းပိုင်းတွင် အတူတွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်မေးမြန်းချက်- အမေရိကန်နှင့် ရေရှည်စစ်ပွဲအတွက် အီရန်အဆင်သင့်ဖြစ်နေပြီး စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကသာ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မည်

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 12 Views
‘သံတမန်ရေးအရ ဆွေးနွေးရန် လမ်းစမရှိတော့ကြောင်း’ အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့။ CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက်
နိုင်ငံတကာသတင်း ဘောလုံး အရှေ့အလယ်ပိုင်း အီရန်

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် နိုင်ငံတကာ တုံ့ပြန်မှုများ အနှစ်ချုပ် အမေရိကန်ပြည်ထောင်စု၏ တိုက်တွန်းချက် – အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါကစားသမားများကို
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦး သည် အသင်းမှ ထွက်ပြေးလာခြင်းအတွက် သူတို့ကိုထောက်ခံသူများက အကူအညီပေးရန်တောင်းဆိုခဲ့ပြီး ယခုအခါရဲတပ်ဖွဲ့နှင့်အတူ ဘေးကင်းစွာ ရှိနေ

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် ဘရစ်စဘိန်း၊ သြစတြေးလျ — ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေများ အကြားတွင် အီရန်အမျိုးသမီး ဘောလုံးအသင်းမှ အဖွဲ့ဝင် ၅ ဦးသည် သြစတြေးလျရှိ အသင်းတည်းခိုရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ခါမေနီ၏ သားဖြစ်သူကို အမည်စာရင်းတင်သွင်း

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 28 Views
အရှေ့အလယ်ပိုင်းတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အီရန် ဘာသာရေးခေါင်းဆောင်ကြီးများက ၎င်း၏ဖခင်နေရာတွင် ဆက်ခံရန် မော့ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို ရွေးချယ်လိုက်ကြသည်။ စစ်ပွဲသည် “ အဆင့်သစ်” သို့ ကူးပြောင်း နေပြီဖြစ်ကြောင်း အီရန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကနေဒါနိုင်ငံသား တရုတ်လူမျိုး ပရော်ဖက်ဆာ ကျန်းရွှေချမ်း (Jiang Xueqin) ၏ ဟောကိန်း – အမေရိကန်သည် အီရန်စစ်ပွဲတွင် ရှုံးနိမ့်လိမ့်မည်။

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 44 Views
“ တရုတ်ပြည်၏ နော့စထရာဒါးမတ်စ်” ဟု လူသိများလာသည့် ပရော်ဖက်ဆာ ကျန်းရွှေချမ်းသည် ၂၀၂၄ ခုနှစ်ကတည်းက အမေရိကန်နှင့် ပတ်သက်၍ အဓိကဟောကိန်း ၃ ခု ထုတ်ဖော်ခဲ့ရာ ၎င်းတို့မှာ – ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာမည်၊ အမေရိကန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

 ကာရီ လိပ်ခ်(Kari Lake) ၏ USAGM အုပ်ချုပ်မှုမှာ တရားမဝင်ဟု တရားသူကြီး ဆုံးဖြတ်ချက်ချ။  Voice of America ဝန်ထမ်းထုတ်ပယ်မှုများ ပျက်ပြယ်သွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၈ရက် Voice of America ဝန်ထမ်းများအတွက် အောင်ပွဲတစ်ခုအဖြစ်၊ ပြီးခဲ့သည့်နှစ် အနည်းငယ် အတွင်း ကာရီ လိပ်ခ် (Kari Lake) သည် အမေရိကန်၏နိုင်ငံတကာသတင်းမီဒီယာ (US Agency
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်က ပထမဆုံး သိသာထင်ရှားသော စစ်ရှိန်လျှော့ချရေးသတင်းစကားကို ပေးပို့လိုက်သော်လည်း အဓိကကန့်သတ်ချက်တစ်ခု ပါဝင်နေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တီဟီရန်အနေဖြင့် အချို့သောအခြေအနေများအောက်တွင် ၎င်း၏ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်မည်ဟု ကြိုတင်ရိုက်ကူးထားပုံရသော ထုတ်ပြန်ချက်တွင် ပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN