နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ တောင်းဆိုချက်တွေကို ပယ်ချခဲ့သည့် ဟားဗတ်တက္ကသိုလ်ကို အစိုးရထောက်ပံ့ကြေး ဒေါ်လာ ၂.၂ ဘီလီယံကို ရပ်ဆိုင်းလိုက်ကြောင်း ချက်ချင်းကြေညာ

ဧပြီလ (၁၄) ရက်။

“ ကျွန်ုပ်တို့သည် ပညာရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်ပါမည်” ဟု ဆိုကာ တောင်းဆိုချက်များကို ပယ်ချသည်လိုက်သည့် ဟားဗတ်တက္ကသိုလ်ကို အမေရိကန်အစိုးရက ထောက်ပံ့ကြေးများ ရပ်ဆိုင်းထားကြောင်း ချက်ချင်း ကြေညာလိုက်ပါတယ်။

ဟားဗတ်တက္ကသိုလ်က ထရန့်အစိုးရရဲ့ တောင်းဆိုထားတဲ့ မူဝါဒအပြောင်းအလဲတွေကို ဧပြီလ (၁၄) ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန် အစိုးရရဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၉ ဘီလီယံခန့်ကို အန္တရာယ် ဖြစ်ပေါ်စေခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဟားဗတ်တက္ကသိုလ်အတွက် နှစ်ရှည်ထောက်ပံ့ကြေးဒေါ်လာ ၂.၂ ဘီလီယံနဲ့ နှစ်ရှည်ကန်ထရိုက်အတွက် ဒေါ်လာသန်း ၆၀ တို့ကို ရပ်ဆိုင်းလိုက်ကြောင်း ထရမ့်အစိုးရက အဲ့ဒီနေ့မှာပဲ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဟားဗတ်တက္ကသိုလ်ကို “ ဖက်ဒရယ်အစိုးရနဲ့ ဟားဗတ်ရဲ့ဘဏ္ဍာရေးဆက်ဆံရေးကို ထိန်းသိမ်းထားရန် အခြေအနေတစ်ရပ်အဖြစ် နောက်ထပ်မူဝါဒအပြောင်းအလဲတွေကို ပြုလုပ်ဖို့ ထရမ့်အစိုးရက တောင်းဆိုခဲ့ပါတယ်။

ဟားဗတ်တက္ကသိုလ်ပါမောက်ခချုပ် အာလန်ဂါဘာ (Alan Garber) က “ ဒီတောင်းဆိုချက်ကို လက်ခံမှာ မဟုတ်ဘူးလို့ အုပ်ချုပ်ရေးပိုင်းကို အသိပေးထားတယ်” လို့ ကြေညာခဲ့ပါတယ်။ “တက္ကသိုလ်အနေနဲ့ ပညာရေးဆိုင်ရာ လွတ်လပ်မှု ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေကို စွန့်လွှတ်မှာမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

မူဝါဒအပြောင်းအလဲတွေအတွက် တောင်းဆိုချက်တွေကို မလိုက်နာပါက နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်အားလုံးကို ရန်ပုံငွေဖြတ်တောက်မယ်လို့ ထရမ့်အစိုးရက ခြိမ်းခြောက်ထားပါတယ်။ ဟားဗတ်တက္ကသိုလ်ဟာ အိမ်ဖြူတော်ရဲ့ တောင်းဆိုမှုကို ငြင်းပယ်သည့် ပထမဆုံး ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ် ဖြစ်လာပါတယ်။

ဟားဗတ်တက္ကသိုလ်ဟာ ဟားဗတ်ရဲ့ မတူကွဲပြားမှု၊ ညီမျှမှုနဲ့ ပါဝင်မှု (DEI) အကောင်အထည်ဖော်မှုကို ဖျက်သိမ်းဖို့၊ ကျောင်းဝင်းအတွင်း ဆန္ဒပြမှုတွေအတွင်း မျက်နှာဖုံးတွေ ဝတ်ဆင်ခြင်းကို တားမြစ်ဖို့၊ အရည်အချင်းအပေါ် အခြေခံပြီး အလုပ်ခန့်အပ်ဖို့နဲ့ တက္ကသိုလ်ဝင်ခွင့် ပြုပြင်ပြောင်းလဲဖို့ “ ပညာရပ်များထက် အားကစားကို ပိုမိုလုပ်ဆောင်ဖို့” “ပညာရေးဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့် လျှော့ချဖို့” တောင်းဆိုထားပါတယ်။

ဂါဇာကမ်းမြှောင်မှာ အစ္စရေးနဲ့ အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား ဖြစ်ပွားနေတဲ့စစ်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်တွေ ပျံ့နှံ့သွားတဲ့အတွက် အမေရိကန်မှာ ဂျူးဆန့်ကျင်ရေး နှိမ်နင်းရေးကို ထရမ့်အစိုးရဟာ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 16 Views
ဇွန်လ (၅) ရက်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး
နိုင်ငံတကာသတင်း အမေရိကန်

“ အသိဥာဏ်ကျဆင်းမှု” ကိုဖုံးကွယ်ထားပြီး သမ္မတဟောင်းဘိုင်ဒင်၏ လုပ်ဆောင်ချက်များနှင့် အော်တိုပင်များကို အသုံးပြုခြင်းအတွက် စုံစမ်းစစ်ဆေးရန် ထရန့် အမိန့်ပေး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 20 Views
ဇွန်လ (၆) ရက်။ မှတ်ချက်။ အော်တိုပင်သည် အလိုအလျောက်လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးခြင်းကို ဆိုလိုသည်။ ဇွန်လ (၄) ရက်နေ့
နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို အသစ်ဝင်ရောက်မည့် နိုင်ငံတကာကျောင်းသားများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းဖို့ ထရန့် လက်မှတ်ထိုး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 21 Views
ဇွန်လ (၅) ရက်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ထားရန် သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ဇွန်လ (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အသစ်ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ တက္ကသိုလ်တက်ခွင့်ကို တားဆီးရန် အားထုတ်မှုများ သိသိသာသာ
နိုင်ငံတကာသတင်း ဗြိတိန် ရုရှား ဥရောပ

ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ဗြိတိန်၏ ကာကွယ်ရေး အစီအစဉ်သစ်ကို “ပြန်လည်တိုက်ခိုက်ရန်အဆင်သင့်” ဆီသို့ ရွှေ့သွားမည်ဟုဆို

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 29 Views
ဇွန်လ (၄) ရက်။ ရုရှားနှင့် တရုတ်ကဲ့သို့သော နျူကလီးယားအင်အားကြီးများ၏ ခြိမ်းခြောက်မှုအသစ်များကို ရင်ဆိုင်ရချိန်တွင် ဗြိတိန်အစိုးရသည် ၎င်း၏စစ်တပ်တွင် ပေါင်ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။ ၎င်းအစီအစဉ်ကိုကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီ (John Healy) က လွှတ်တော်မှာ ဇွန်လ
ဆောင်းပါးများ နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အချက်အလက်များ

ယူကရိန်းနိုင်ငံ ခရိုင်မီးယားအရေးနှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်သုံးသပ်ခြင်း

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 55 Views
ဤဆောင်ပါးသည် ၂၀၁၅ ခုနှစ်တွင် ရေးသားထားသည့် ဦးထွန်းအောင်ကျော်၏ ဆောင်းပါးဖြစ်ပြီး လက်ရှိအချိန်တွင် ပြန်လည်မှီငြမ်းနိုင်ရန် တင်ပြလိုက်ပါသည်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ နိဒါန်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရမှ ငြိမ်းချမ်းရေး ရယူနိုင်ရန် ကြိုးစားနေဆဲ ကာလအတွင်း ၂၀၁၅ ခုနှစ်တွင်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 26 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။ ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို
ဂျပန် နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

ယူကရိန်းသည် ရုရှားကို အနိုင်ယူရန်အတွက် ရုရှား-ဂျပန်စစ်ပွဲတွင် အသုံးပြုခဲ့သည့် “ အာကာရှီ မဟာဗျူဟာ” ကို အတုယူရန် အရေးကြီးသည်။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 25 Views
ယူကရိန်း၏ လျှို့ဝှက်စစ်ဆင်ရေးများသည် အောင်မြင်သော်လည်း ၎င်းတို့သည် အာကာရှီမဟာဗျူဟာနှင့် တူညီသောအဆင့်သို့ မရောက်ရှိသေးဟု စစ်ရေးသုံးသပ်သူ ယိုကိုဟားမားက ဆိုသည်။ ဂျပန်လေတပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ကာကွယ်ရေး သုတေသနစင်တာ (ဖောင်ဒေးရှင်း) တွင် သုတေသန ကော်မတီဝင် ယိုကိုဟားမား၏ ဆောင်းပါးကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

စားနပ်ရိက္ခာအကူအညီရယူရန် ကြိုးစားနေသော ဂါဇာအရပ်သားများအား တိုက်ခိုက်သည့်လုပ်ရပ်မှာ “အလွန်ဒေါသဖြစ်ဖွယ်ကောင်းသည်” ဟု ကုလသမဂ္ဂပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 20 Views
ဇွန်လ (၄) ရက်။ စားနပ်ရိက္ခာအကူအညီရယူဖို့ ကြိုးစားနေတဲ့ ဂါဇာအရပ်သားတွေအပေါ် သေစေနိုင်တဲ့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ “အလွန် ဒေါသဖြစ်ဖွယ်ကောင်း” ပြီး “အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်က နိုင်ငံတကာဥပဒေကို အပြင်းအထန် ချိုးဖောက်ပြီး