နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

ဧပြီလ (၁၉)ရက်။

ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုဝ်ပြန်ထားချက်အရ သိရပါတယ်။

“ ကျောက်တော်မြို့က အရပ်သားတွေနေတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီက စစ်မဖြစ်ဘဲနဲ့ မကွေးလေတပ်စခန်းကနေ ပေါင် (၅၀၀)ဗုံးတွေ cluster ဗုံးသီးတွေနဲ့ (၄)ကြိမ် ကြဲချတိုက်ခိုက်သွားတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကျောက်တော်မြို့ရှိ ပြည်တော်သာ၊ မြို့သစ်၊ ရှမ်းရွာ စတဲ့ ရပ်ကွက်တွေကို ဂျက်ဖိုက်တာနဲ့ ရော့ကတ်ဗုံးသီးတလုံး ကနဦးပစ်ခတ်ခဲ့ပြီး ပေါင် (၅၀၀)ဗုံးသီး (၁)လုံးအပြင် Cluster ဗုံးသီး (၁၁)လုံး ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂၀)ဦးခန့်ရှိကာ အဲ့ဒီဒဏ်ရာရသူတွေထဲ ကလေးငယ် (၆)ဦးနဲ့ အမျိုးသမီး (၉)ဦးပါဝင်တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး တိုက်ခိုက်တာတွေထဲ ကလပ်စတာဗုံးတွေ အသုံးပြုခဲ့တာက လွန်စွာစိုးရိမ်ဖွယ်ဖြစ်ကာ ကလပ်စတာဗုံးတွေဟာ သက်တမ်းရှည်စွာနဲ့ မပေါက်ကွဲပဲ ကျန်ရှိနေတတ်တာကြောင့် ဒေသခံပြည်သူတွေအတွက် အလွန်အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကနဦး စစ်ဆေးချက်တွေအရ Cluster ဗုံးတွေကနေ ထွက်ကျလာတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးအသေးတွေဟာ အဲ့ဒီရပ်ကွက်တွေရဲ့ အနီးတဝိုက်မှာ အခုအချိန်ထိ ကျန်ရှိနေနိုင်တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေအပေါ် အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်နက်တွေကို ပြည်သူတွေနေထိုင်တဲ့ ဒေသတွေ၊ ရပ်ကွက်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာက အပြင်းအထန် စိုးရိမ်စရာဖြစ်တဲ့အပြင် လူသားစာနာမှုဆိုင်ရာဥပဒေတွေနဲ့မညီဘဲ ဂျနီဗာစာချုပ်ကို ချိုးဖောက်တာလို့ ထုတ်ပြန်ထားပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်တာတွေဟာ စစ်ကောင်စီကိုယ်တိုင် ကြေညာခဲ့တဲ့ ပစ်ခတ်ရပ်စဲမှုတာကို ချိုးဖောက်တာဖြစ်ပြီး မပေါက်ကွဲသေးတဲ့ပစ္စည်းတွေကို ဖယ်ရှားဖို့အတွက် အထောက်အကူပြုဖို့နဲ့ ထိခိုက်ခံရတဲ့ ဒေသခံတွေကို လိုအပ်တဲ့အကူအညီတွေ ချက်ချင်းရရှိအောင် ဆောင်ရွက်ပေးကြဖို့ AA က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 23 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 21 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 19 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 25 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 59 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 22 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 26 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ