နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်က ရှေ့ကို ဆက်သွားသင့်တယ်လို့ ရူဘီယိုပြော

ဧပြီလ (၁၉) ရက်။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရုဘီယိုက ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ရှေ့ဆက်သွားရမှာ” ဟု ပါရီမှ မထွက်ခွာမီ ရူဘီယိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “ဒါက ဖြစ်နိုင်ချေရှိမရှိ မြန်မြန်ဆုံးဖြတ်ဖို့ လိုပါတယ်၊ ကျွန်တော် ပြောနေတာ ရက်ပိုင်းဆိုတဲ့ အတိုင်းအတာနဲ့ ပြောတာပါ” လို့ သူက ထပ်မံပြောဆိုခဲ့ပါတယ်။

ရူဘီယိုနဲ့ စတီ့ဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့ဟာ ထရမ့်အစိုးရက ယူကရိန်းအား ရုရှားကျူးကျော်စစ်ကို အဆုံးသတ်ဖို့ ကြိုးပမ်းနေချိန်မှာ ဥရောပမဟာမိတ်တွေနဲ့ ယူကရိန်းတို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုက ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်၏ အကြမ်းဖျင်းကို အစည်းအဝေးမှာ “ အပြုသဘောဆောင်တဲ့အမြင်တွေကို” လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရူဘီယိုဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Sergei Lavrov) နဲ့လည်း တွေ့ဆုံခဲ့ပြီး အလားတူ အချက်များကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

သူနဲ့ ဝစ်ကော့ဖ်တို့ စစ်ပွဲကို အဆုံးသတ်ဖို့ လိုအပ်တဲ့ ပိုမိုခိုင်မာတဲ့ မူဘောင်တစ်ရပ်ကို စတင်ဆွေးနွေးဖို့ စတင်ခဲ့ပြီး စစ်ပွဲကို အဆုံးသတ်နိုင်ချေရှိမရှိ ဆုံးဖြတ်ဖို့ ပါရီကို လာရောက်ခဲ့ကြတာလို့

ရူဘီယိုက ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “တကယ်လို့ ဒါက မဖြစ်နိုင်ဘူး၊ အခြေအနေတွေက အရမ်းကွာဟလွန်းရင် ဖြစ်လာမှာ မဟုတ်ဘူးဆိုရင် သမ္မတက “ပြီးသွားပြီ” လို့ ပြောမယ့်အဆင့်ကို ရောက်နေပြီလို့ ကျွန်တော် ထင်တယ်။” လို့ ရှင်းပြခဲ့ပါတယ်။

“ ဒါက ကျွန်တော်တို့ရဲ့ စစ်ပွဲမဟုတ်ပါဘူး။ စစ်ပွဲကို စခဲ့တာဟာ အမေရိကန် မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ သုံးနှစ်တာ အမေရိကန်ကယူကရိန်းကို ထောက်ပံ့ပေးခဲ့ပြီး ဒီစစ်ပွဲကို အဆုံးသတ်ချင်ပေမယ့် ဒါက ကျွန်တော်တို့ရဲ့ စစ်ပွဲမဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။

“ သမ္မတထရန့်အနေနဲ့ ဒီစစ်ပွဲကိုအဆုံးသတ်ဖို့ သူ့အစိုးရရဲ့ အမြင့်ဆုံးအဆင့်မှာတွင် ၈၇ ရက်ကြာအလုပ်လုပ်ခဲ့ပါတယ်” လို့ ရူဘီယိုက ပြောကြားခဲ့ပါတယ်။ “ဒါက ဖြစ်နိုင်ချေ ရှိမရှိ ဆုံးဖြတ်ရမယ့် အခြေအအမ်ကို ရောက်နေပါပြီ။ အဲဒါကြောင့် ကျွန်တော်တို့ဟာ နှစ်ဖက်စလုံးနဲ့ အဆက်အသွယ် လုပ်နေရတာပါ” လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခါကိ့ဗ် (Kharkiv) မြို့ရှိ လူနေရပ်ကွက်တစ်ခုကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တိုက်ခန်းအပျက်အစီးတွေအောက်မှာ လူအများအပြား ပိတ်မိနေနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို/Julien de Rosa/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော