နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘဏ္ဍာရေးဝန်ကြီးဘက်ဆင့်နှင့် အီလွန်မတ်စ်တို့ ဌာနဆိုင်ရာ ဝန်ထမ်းများ အပြောင်းအလဲနှင့် ပတ်သက်၍ အော်ဟစ်ငြင်းခုံရန်ဖြစ်ဟုဆို

ဧပြီလ (၂၄) ရက်။

ဧပြီလ ၂၃ ရက်နေ့တွင် အမေရိကန် သတင်းဝဘ်ဆိုဒ် Axios က ဘဏ္ဍာရေးဝန်ကြီး ဘက်ဆင့်၊ ထရန့်အစိုးတွင် ထိပ်တန်းစီးပွားရေး ကက်ဘိနက်အဖွဲ့ဝင် နှင့် သမ္မတထရန့်၏အနီးကပ် အကြံပေး စီးပွားရေး လုပ်ငန်းရှင် အီလွန်မတ်စ်တို့သည် ဝန်ကြီးဌာန ဝန်ထမ်း အပြောင်းအလဲနှင့် ပတ်သက်၍ အော်ဟစ် ငြင်းခုံမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ ပြောဆိုချက်ကို ကိုးကား၍ Axios က ၂၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏အကြီးအကဲဖြစ်သူ အီလွန်မတ်စ်တိ ထရနန့်၏ အာဏာကို အသုံးပြုပြီး သူ၏ သြဇာလွှမ်းမိုးမှုကို အသုံးပြုနေသည့်အတွက် အစိုးရပအတွင်း ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

သတင်းများအရ ၁၇ ရက်နေ့က အိမ်ဖြူတော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်ဟု သိရသည်။ ယခင်နေ့တွင် ဘက်ဆင့်သည် ပြည်တွင်းအခွန်များဝန်ဆောင်မှု (IRS) ၏ ယာယီကော်မရှင်နာအဖြစ် အီလွန်မတ်စ်မှ အကြံပြုထားသည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ခန့်အပ်သည့်အပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းအကြံပြုထားသူနှင့် အစားထိုးရန် တောင်းဆိုခဲ့သည်။

IRS သည် ဘက်ဆင့်လက်အောက်ရှိဌာန ဖြစ်သော်ငြား အီလွန်မတ်စ်က ဘက်ဆင့်အား အသိမပေးဘဲ ဝန်ထမ်းရေးရာတွင် ဝင်ရောက်စွက်ဖက်ခဲ့သည့်အတွက် ဘက်ဆင့်က မကျေမနပ် ဖြစ်ရသည်ဟု သိရသည်။

ငြင်းခုံမှုအတွင်း ဘက်ဆင့်သည် မတ်စ်က ကနဦးကတိပြုထားသည့်အတိုင်း ဘတ်ဂျက်ဖြတ်တောက်မှုများစွာ မပြုလုပ်သည့်အတွက် DOGE အား ဝေဖန်ခဲ့သည်။ မတ်စ်ကလည်း “ အရှုံးကြီးရှုံးခဲ့တဲ့ ရန်ပုံငွေကစားသူ” ဟု ခေါ်ဆိုတုံ့ပြန်ခဲ့သည်။ နှစ်ဖက်အငြင်းပွားမှုများကြောင့် တာဝန်ရှိသူများက ဝင်ရောက်ဖျန်ဖြေပေးရသည်ဟု သိရသည်။

ဘက်ဆင့်သည် နူးညံ့သိမ်မွေ့ပြီး ဒေါသလက္ခဏာ ပြခဲသည်ဟု လူသိများသည်။ ရုတ်ရုတ်သဲသဲဖြစ်ပြီးနောက်၊ ဘက်ဆင့်အကြံပြုထားသည့်သူကို IRS ၏ခေတ္တကော်မရှင်နာအသစ်အဖြစ် ခန့်အပ်ခဲ့သည်။

ဝန်ထမ်းခန့်အပ်မှုတွင် ဆုံးဖြတ်ချက်ချနိုင်သောအာဏာရှိသည့် ထရန့်သည် မတ်စ်ထက် ဘက်ဆက်စကားကို နားထောင်လိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အောင်ပွဲနေ့အတွက် ယူကရိန်းတွင် တစ်ဖက်သတ် ယာယီအပစ်အခတ်ရပ်စဲရန် ပူတင်က အမိန့်ပေး

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 1 Views
ဧပြီလ (၂၈) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံကို အောင်ပွဲခံခဲ့သည့် နှစ် ၈၀ ပြည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကနေဒါနိုင်ငံ ဗင်ကူးဗား (Vancouver) မြို့မှာ ကျင်းပတဲ့ ဖိလစ်ပီနိုပွဲတော်မှာ ကားနှင့် ဝင်တိုက်သတ်လို့ လူကိုးဦး သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 12 Views
ဧပြီလ (၂၇) ရက်။ ဗင်ကူးဗားမြို့တွင် စနေနေ့ညက ကျင်းပနေသည့် ဖိလစ်ပိုင်အမွေအနှစ် လမ်းဘေးပွဲတော်တစ်ခု၌ ယာဉ်မောင်းတစ်ဦးက ကားနှင့်တိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးပြီး
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ပူတင်မှာ တကယ်လိုလားတဲ့စိတ်ရှိရဲ့လားလို့ ထရန့်က မေးခွန်းထုတ်

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 14 Views
ဧပြီလ (၂၇) ရက်။ ထရန့်သည် ပုပ်ရဟန်းမင်း၏ ဈာပနအခမ်းအနားမတိုင်မီ စနေနေ့က ဗာတီကန်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး နှင့် တွေ့ဆုံခဲ့သည်။ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနဘေးကနေရာတွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရန့်သည်
နိုင်ငံတကာသတင်း အမေရိကန်

မီလ်ဝေါကီးက တရားသူကြီး “ ဟန်နာဒူဂင်ကို FBI က ဖမ်းဆီး

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 18 Views
+++++++++++++++++++++ FBI က ဖမ်းဆီးလိုက်တဲ့ မီလ်ဝေါကီးက တရားသူကြီး “ ဟန်နာဒူဂင်” ဆိုတာ ဘယ်သူလဲ။ ခရိုင်တရားသူကြီးသည် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူကို ဖမ်းဆီးခြင်းကို ‌နှောက်ယှက်ခဲ့ကြောင်း ဖက်ဒရယ်အရာရှိများက စွပ်စွဲခဲ့သည်။ မီလ်ဝေါကီး ခရိုင်တရားသူကြီး ဟန်နာဒူဂင်သည်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ပြောဆိုထားတဲ့ အမေရိကန်နဲ့ တရုတ်တို့ စကားပြောနေကြတယ်ဆိုတာကို တရုတ်က မဟုတ်ကြောင်း ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 18 Views
ဧပြီလ (၂၆) ရက်။ ဧပြီလ ၂၄ရက်နေ့က သတင်းထောက်တစ်ယောက်က ထရန့်ပြောဆိုထားတဲ့ အမေရိကန်နဲ့ တရုတ်တို့ စကားပြောနေကြတယ်ဆိုတာကို ဟုတ်မဟုတ် အတည်ပြုပေးဖို့ မေးမြန်းတာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ သတင်းထောက်။ ကျမတို့ကြားနေရတဲ့ အမေရိကန်က
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားမတိုင်မီ ဘုရားကျောင်းတွင် ထရန့်နှင့် ဇလန်းစကီးတို့ တွေ့ဆုံစကားပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 17 Views
ဧပြီလ (၂၆) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့သည် ပုပ်ရဟန်းမင်းကြီး၏ဈာပနမကျင်းပမီ မိနစ်ပိုင်းက ဗာတီကန်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ယူကရိန်းသမ္မတရုံးမှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ခေါင်းဆောင်နှစ်ဦးသည် စိန့်ပီတာဗလီစီကာတွင် အခြားမည်သူမှမပါဘဲ အနီးကပ် စကားပြောနေသည်ကို
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်သံတမန်နှင့် ပူတင်တို့ မတွေ့ဆုံမီ မော်စကိုမြို့အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားစစ်ဗိုလ်ချုပ် သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 16 Views
ဧပြီလ (၂၆) ရက်။ ရုရှားနိုင်ငံ ဘလာရှီကာ (Balashikha) မြို့မှာ ဒီနေ့ (၂၆) ရက် သောကြာနေ့က ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အကြီးတန်း ရုရှားစစ်ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း-ရုရှားစစ်ပွဲကိုရပ်ရန်အမေရိကန်အစိုးရ၏တွန်းအားပေးနေသည့်မူချမှတ်ထားမှုသည်မဟာမိတ်နိုင်ငံများကို စိုးရိမ်တပ်လှန့်သွားစေခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 16 Views
ဧပြီလ (၂၅) ရက်။ ထရန့်အစိုးရ၏ မူဘောင်ချမှတ်ထားမှုတွင် ယူကရိန်းမှ များပြားသည့် လိုက်လျောမှုကို လုပ်ဆောင် ပေးရမည်ဖြစ်သည်ဟုဆိုသည်။ ခရိုင်းမီးယားကို ရုရှား၏နယ်မြေအဖြစ် တရားဝင် အသိအမှတ်ပြုပေးရမည်ဖြစ်ပြီး နယ်မြေအများအပြားကိုလည်း ပေးအပ်လိုက်ရမည် ဖြစ်သည်ဟု သိရှိသောအရာရှိတဦးက ပြောခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင်