နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးပိတ်ဆို့မှုကြောင့် အငတ်ဘေးကြုံတွေ့နေရသည့် ဂါဇာ

++++++++++++++++++++++++++++

အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဟပ်ကဘီး (Mike Huckabee) က ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးမည့် အမေရိကန်-အစ္စရေးအစီအစဉ်အရ ကနဦးတွင် လူဦးရေ၏ ၆၀% ကိုသာ ကျွေးမွေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်မှ အသစ်ဖွဲ့စည်းထားသော ပုဂ္ဂလိကဖောင်ဒေးရှင်းတစ်ခုမှ စီမံကွပ်ကဲမည့် အဆိုပါ ထောက်ပံ့ရေးယန္တရားသည် ဟားမတ်စ်လက်ထဲသို့ ရိက္ခာဝေငှမှုများ မရောက်ရှိစေရန် ရည်ရွယ်ထားကြောင်း ဟပ်ကဘီးက ပြောကြားခဲ့သည်။

ဟားမတ်စ်သည် ဂါဇာသို့ ပေးအပ်သောအကူအညီများကို ခိုးယူကာ အမြတ်အစွန်းများ ရရှိနေသည်ဟု အစ္စရေးက အကြိမ်ကြိမ် စွပ်စွဲသော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များက စားနပ်ရိက္ခာ အများစုသည် လိုအပ်နေသော အရပ်သားများထံ ရောက်ရှိသည်ဟု ဆိုသည်။

အမေရိကန်-အစ္စရေးအစီအစဉ်အရ၊ ဂါဇာလူသားချင်း စာနာထောက်ထားမှု ဖောင်ဒေးရှင်းဟု ခေါ်ဆိုထားသည့်အဖွဲ့သည် ပုဂ္ဂလိကအမေရိကန်စစ်တပ်ကန်ထရိုက်တာများမှ လုံခြုံမှုရှိမည့် ဖြန့်ချီရေးနေရာများကို တည်ထောင်ကာ အကူအညီပေးရေးလုပ်သားများကို ခန့်အပ်မည် ဖြစ်သည်။

အစ္စရေးစစ်တပ်သည် ဖြန့်ဖြူးရေးနေရာများ၏ ဧရိယာအပြင်ဘက်တွင် လိုအပ်သော စစ်ရေးလုံခြုံရေးအတွက် ပါဝင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဂျေရုဆလင်မြို့ရှိ အမေရိကန်သံရုံးတွင် ဟပ်ကဘီးက ပြောကြားခဲ့သည်။

ဖောင်ဒေးရှင်းသည် ပါလက်စတိုင်းလူမျိုး စုစုပေါင်း ၁.၂ သန်း သို့မဟုတ် ဂါဇာရှိ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်အတွက် “ကြိုတင်ထုပ်ပိုးထားသော ရိက္ခာများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ” ကို ပေးမည့် ဖြန့်ဖြူးရေးနေရာလေးခုကို ကနဦးတွင် တည်ထောင်သွားမည်ဖြစ်ကြောင်း CNN မှရရှိသော ဖောင်ဒေးရှင်းစာတမ်းတစ်ခုအရ သိရသည်။

ကျန်ရှိနေသော ဂါဇာရှိ လူဦးရေ ၄၀% အတွက် မည်သို့လုပ်ပေးမည်ဟု မျှော်လင့်ထားသလဲဟု CNN မှ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုအပေါ် ဟက်ကဘီးက ယန္တရားအား အချိန်နှင့်အမျှ “ချဲ့ထွင်” သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟက်ကဘီးက “ ဟားမတ်စ်ကြောင့် ဂါဇာတွင် ငတ်မွတ်မှု မြင့်တက်လာတယ်” ဟု ထပ်ခါ တလဲလဲ အပြစ်တင်ခဲ့ပြီးနောက် “တစ်နေရာရာမှာ စတင်ရမှာ ဖြစ်ပြီး တစ်နေရာက ဂါဇာကမ်းမြောင်က လူတွေရဲ့ ကြီးမားတဲ့ ပမာဏကိုကျွေးမွေးရမယ်” ဟု ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ဂါဇာတွင် ငတ်မွတ်ခေါင်းပါးမှုကို အစ္စရေးက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းကို လုံးလုံးလျားလျား ပိတ်ဆို့ထားခြင်းကြောင့်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့ကြသည်။

အဆိုပါ အစီအစဉ်ကို လအတော်ကြာအောင် လုပ်ဆောင်နေသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာကာ အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက “လုပ်ဆောင်ရမည့် အစီအစဉ်နှင့် အရင်းအမြစ်များ အများအပြား လိုနေသေးကြောင်း သတိပေးထားသည်။

“ စစ်မှန်သော ရည်ရွယ်ချက်မှာ ဟားမတ်စ် သို့မဟုတ် (ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်) ထံ အကူအညီများ မရောက်ဖို့နှင့် လိုအပ်သည့်နေရာရှိ ပြည်သူများ လက်ထဲသို့ အကူအညီများ ပေးအပ်ရန် လုံခြုံသောနည်းလမ်းကို ဖော်ဆောင်ရန်ဖြစ်သည်။ ဂါဇာရှိ ပါလက်စတိုင်း မိသားစုများ၏ လက်ထဲသို့အကူအညီများပေးရန်အတွက် ယခင်က အသုံးပြုခဲ့သည့် ကုလသမဂ္ဂ အခြေပြုစနစ်ကို အမေရိကန်နှင့် အစ္စရေးတို့ နှစ်ဖက်စလုံးက အယုံအကြည် မရှိဟု ဆိုပါသည်။

ထိုကူညီရေးယန္တရားတွင် ပါဝင်ရန် အတွက် တုံ့ဆိုင်းနေမှုကို ကြိုးပမ်းမှုအချို့ ရှိပုံ တွေ့ရသည်။ အမေရိကန် အထူးသံတမန် စတိ့ဗ်ဝတ်ကော့ဖ် (Steve Witkoff) သည် ဂါဇာကမ်းမြောင် ဒေသနှင့်ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် “အလွတ်သဘောတွေ့ဆုံမှု” ပြုလုပ်ခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဟားမတ်စ်က အဆိုပြုချက်အသစ်သည် အစ္စရေး၏ ရွှေ့ပြောင်းရေးနှင့် လက်အောက်ခံအဖြစ် ငတ်မွတ်ခေါင်းပါးမှုပေါ်လစီ အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သောကြာနေ့မွန်းလွဲပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်တွင် ဟားမတ်စ်က နိုင်ငံတကာ အသိုက်အဝန်းကို အကူအညီ အထောက်အပံ့တွေကို စစ်ပုံစံသွင်းခြင်းနဲ့ ငတ်မွတ်စေရန် ထိန်းချုပ်ထားတဲ့ လုပ်ဆောင်မှုများနဲ့ လူသားချင်းစာနာထောက်ထားမှု စံညွှန်းကို ဗြောင်ချိုးဖောက်နေတာကို တားဆီးပေးရန်တောင်းဆိုခဲ့ပါသည်။

ထိုအစီအစဉ်ကို ကုလသမဂ္ဂက ပယ်ချလိုက်သည်။ အမေရိကန်-အစ္စရေးအစီအစဉ်ကို ကုလသမဂ္ဂနှင့် အခြားအကူအညီပေးရေးအဖွဲ့များက ပယ်ချခဲ့ပြီး သူတို့ကထိုအစီအစဥ်သည် ပါလက်စတိုင်းများကို အတင်းအကျပ် ရွှေ့ပြောင်းစေမှုနှင့် လူဦးရေအားလုံးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပျက်ကွက်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ဒီယန္တရားဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့ မကိုက်ညီဘဲ နိုင်ငံတကာဥပဒေအရ အစ္စရေးရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ ပျက်ကွက်နေချိန်မှာ အားလုံးက ဆိုးရွားတဲ့ လုံခြုံရေးအန္တရာယ်တွေကို ဖန်တီးပေးလိမ့်မယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးမှ CNN မှ ရရှိသော စာတမ်းတွင် ယခုသီတင်းပတ်တွင် ရေးသားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် သီတင်း ၁၀ ပတ်နီးပါးကြာ ပိတ်ဆို့ထားမှုကို ရုတ်သိမ်းရန်နှင့် အကူအညီများ လွတ်လပ်စွာ စီးဆင်းခွင့်ပြုရန် အစ္စရေးကို ကုလသမဂ္ဂအေဂျင်စီများက တောင်းဆိုခဲ့ပြီး အစ္စရေးက ပယ်ချခဲ့သည်။

ပါလက်စတိုင်းဒုက္ခသည်များအတွက် အဓိကကုလအေဂျင်စီ UNRWA က “ကလေးများအတွက် အစားအစာ၊ လောင်စာဆီ၊ ဆေးဘက်ဆိုင်ရာအကူအညီနှင့် ကာကွယ်ဆေးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ လျင်မြန်စွာ ကုန်သွားပါပြီ၊ UNRWA မုန့်ညက်နှင့် အစားအသောက်ပါဆယ်ထုပ်များ ကုန်သွားပါပြီ၊ လိုအပ်တဲ့ ဆေးဝါးပစ္စည်းများရဲ့ သုံးပုံတစ်ပုံကျော်မှာ ကုန်သွားပြီဖြစ်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

“ ဒါက လူဦးရေ၊ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ထိခိုက်လွယ်တဲ့ အုပ်စုတွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်” ဟု UNRWA မှ ပြောကြားခဲ့သည်။

ငတ်မွတ်ခြင်းသည် ‘အကြီးမားဆုံးအန္တရာယ်’

++++++++++++++++++

ဟပ်ကဘီးက ဂါဇာတွင် ဆိုးရွားနေသည့် အခြေအနေအား အသိအမှတ်ပြုခဲ့သည်။ “အကြီးကျယ်ဆုံး အန္တရာယ်ကတော့၊ လူတွေ ငတ်ပြီးသေကြမယ်” ဟု ဆိုသည်။

မတ်လ ၂ ရက်နေ့မှ စတင်ခဲ့သော အစ္စရေးစစ်တပ်၏ ပိတ်ဆို့တားဆီးမှုမှ ဖန်တီးခဲ့သော အကျပ်အတည်း၏ အတိုင်းအတာကို အစ္စရေး တာဝန်ရှိသူများက ဆက်လက်ငြင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့