နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာကျော်သဌေးကြီး ဝါရင်ဘတ်ဖတ်က ကုမ္ပဏီရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းကို ထုတ်ဖော်ပြော

မေလ (၁၈) ရက်။

၁၄ ရက်နေ့ထုတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ကျော်ကြားတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံသူ အသက် (၉၄) နှစ်အရွယ် ဝါရင်ဘတ်ဖတ်က ဘာ့ခ်ရှီးယား ဟက်သာဝေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏စီအီးအိုကနေ နုတ်ထွက်ရတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

ဘတ်ဖတ်ဟာ မေလ (၃) ရက်နေ့က ပြုလိုက်တဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစုရှယ်ယာရှင်များ အစည်းအဝေးမှာ ဒီနှစ်ကုန်မှာ ရာထူးမှ နုတ်ထွက်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

သူ့နေရာကို ဆက်ခံမယ့်သူကတော့ ဘာ့ခ်ရှီးယား ဟက်သာဝေး စွမ်းအင်ရဲ့ စီအီးအိုနဲ့ ဘာ့ခ်ရှီးယား အာမခံမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဂရက်အေဘယ်လ် (Greg Abel) ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ်အစောပိုင်းမှာ ဘတ်ဖတ်နေရာမှာ တာဝန်ယူဖို့ မျှော်လင့်ထားပါတယ်။ ဘတ်ဖတ်ကတော့ သူကွယ်လွန်ချိန်အထိ ကုမ္ပဏီရဲ့ နာယကအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဂရက်အေဘယ်လ်ကို သူ့ရာထူးလွှဲပြောင်းပေးဖို့ ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်လို့ ဆိုပါတယ်။

“ မှော်အခိုက်အတန့် မရှိပါဘူး” ဟု ဘတ်ဖတ်က WSJ ကို ပြောကြားခဲ့ပါတယ်။ “ ကိုယ်တိုင် ဘယ်တော့ အိုမင်းလာမယ်ဆိုတာ သိနိုင်စရာ အကြောင်းမရှိပါဘူး။”

“ဘာကြောင့်မှန်းတော့ မသိဘူးဗျာ၊ ကျွန်တော် အသက် ၉၀ လောက်အထိ ကျွန်တော် အိုမင်းလာတယ်လို့ မခံစားရဘူး။” လို့ သူက ဆိုပါတယ်။ “ ဒါပေမယ့် တစ်ကြိမ် အိုမင်းမှု စတင်လာရင် အရင်လို ဘယ်တော့မှ ပြန်ဖြစ်မလာတော့ဘူး။” လို့ သူက ဆက်ပြီးပြောပါတယ်။

အသက်အရွယ်ကြီးရင့်လာတဲ့ လက္ခဏာတွေကတော့ ဟန်ချက်ပျက်လာတာ၊ နာမည်တွေကို မမှတ်မိတော့တာ၊ သတင်းစာဖတ်ဖို့ ခက်ခဲလာတာတွေလို့ သူက ပြောပြပါတယ်။

ဒါပေမယ့် ဘတ်ဖတ်က သူအလုပ်ဆက်လုပ်ဖို့ စီစဉ်ထားပြီး သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုစွမ်းရည်က မပျက်မစီးကျန်နေသေးတယ်လို့ WSJ ကို ပြောခဲ့ပါတယ်။

“ ကျွန်တော် ကျန်းမာရေးကောင်းနေတယ်၊ ​​နေ့တိုင်းနေကောင်းတယ်လို့ ခံစားရတယ်” “ ရုံးခန်းထဲမှာ အရေးပါတဲ့လူတွေနဲ့ အတူတူ အလုပ်လုပ်နေပါတယ်။ သူတို့ကလည်း ကျွန်တော့်ကို အရမ်းသဘောကျကြပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အချိန်တွေကို ဖြတ်သန်းနေကြပါတယ်။” လို့ ဘတ်ဖတ် က ပြောခဲ့ပါတယ်။

သူ့အငြိမ်းစားယူပြီးတဲ့နောက် သူ့ရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး မေးတဲ့အခါ ဘတ်ဖတ်က “ ကျွန်တော် အိမ်မှာထိုင်ပြီး ဇာတ်လမ်းတွဲ ထိုင်ကြည့်ဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုက ပြောင်းလဲသွားမှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။

နောက်ခံအကြောင်း။

ဝါရင်ဘတ်ဖတ်ဟာ အမေရိကန်ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်ပြီး ဘာ့ခ်ရှီးယား ဟက်သာဝေး လုပ်ငန်းစုကြီးရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ၊ စီအီးအိုတယောက်ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးလူများစာရင်းမှာ အမြဲတမ်း ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 4 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု ကြောင့် ကမ္ဘာတစ်ဝန်းတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်နေကြသလို၊ အိန္ဒိယ နိုင်ငံတွင်မူ အချို့သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ဘူချာမှ သားသတ်သမား’ ကို ပစ်မှတ်ထားခဲ့ဖွယ်ရှိသည့် ဗုံးခွဲမှုအတွင်း ရုရှားစစ်သည်တစ်ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ရုရှားနိုင်ငံ၏ ဝေးလံခေါင်ဖျားသော မြို့တစ်မြို့တွင် စစ်သည်တစ်ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုမှာ ‘ဘူချာမှ သားသတ်သမား’ (Butcher of Bucha) ဟု လူသိများသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရုရှားတပ်မှူးကို ပစ်မှတ်ထားခဲ့ခြင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 17 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့် ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင် သွားသည်။ ထိုဒရုန်းသည် ၎င်းကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။ စုစုပေါင်း လက်နက်တန်ဖိုးမှာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ဖြတ်သန်းသွားလာမှုကို ကန့်သတ်ရန် အီရန်နိုင်ငံ၏ အဆိုပြုဥပဒေတွင် မည်သည်အချက်များပါဝင်သနည်း (အီရန်နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်အရ)

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၃ရက် မစ်ချယ် မက်ကလပ်စကီး (Mitchell McCluskey) ရေးသားသည်။ အီရန်နိုင်ငံ၏ လွှတ်တော်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် မည်သည့်သင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်ဆိုသည့်အပေါ် ကန့်သတ်ချက်များ