နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒီတစ်နှစ်အတွင်း အမေရိကန်မှာ သဌေးတွေ ပိုပြီး ချမ်းသာသွားပြီ။ ထက်ဝက်ကျော် အီလွန်မတ်အက်စ်ဆီ ရောက်သွား

++++++++++++++++++++++++

မေလ (၂၂) ရက်။

အမေရိကန်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးသည် ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၅၃ ထရီလီယံ တိုးလာခဲ့ပြီး ထက်ဝက်ကျော်သည် အီလွန်မတ်စ်ဆီသို့ ရောက်သွားခဲ့သည်။

ရေတိုဈေးကွက် ကမောက်ကမ ဖြစ်နေသော်လည်း၊ အမေရိကန်၏ အချမ်းသာဆုံး ၁၀ ဦးသည် ပြီးခဲ့သောနှစ်တွင် ၎င်းတို့၏ အသားတင် ပိုင်ဆိုင်မှုသို့ ဒေါ်လာ ၃၆၅ ဘီလီယံ ပိုပြီး တိုးပွားလာခဲ့ကြောင်း နိုင်ငံတကာ အကျိုးအမြတ်မယူသော အဖွဲ့အစည်း Oxfam ၏ ဆန်းစစ်ချက်အသစ်အရ သိရသည်။ ယင်းတွက်ချက်မှုအရ သဌေးကြီးများ တစ်နေ့ကို ဒေါ်လာ ၁ ဘီလီယံခန့် တိုးလာခြင်းဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့်၊ ပျမ်းမျှအမေရိကန်အလုပ်သမားသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၅၀၀၀၀ ကျော်သာရရှိမည်ဖြစ်သည်။ Oxfam သည် အဆိုပါအလုပ်သမားများအနက်မှ ၁၀ ဦးသည် တူညီသောပမာဏရရှိရန် နှစ်ပေါင်း ၇ သိန်းကျော် (၇၂၆,၀၀၀) အချိန် ယူရမည်ဟု ခန့်မှန်းထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ချမ်းသာကြွယ်ဝမှု မညီမျှမှုကို မီးမောင်းထိုးပြပြီး ရီပတ်ဘလစ်ကန်များက ချမ်းသာသူများကို ပိုချမ်းသာစေမည့် အဓိကဘေးကင်းရေး ပရိုဂရမ်များမှ ဒေါ်လာ ၁ ထရီလီယံနီးပါး ဖြတ်တောက်မည့် ဥပဒေများကို အခြေအတင် ဆွေးနွေးနေကြစဉ် ဤတွေ့ရှိချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီလွန်မတ်စ်တစ်ယောက်တည်းက ဒေါ်လာ ၁၈၆ ဘီလီယံ တိုးပွားလာ

++++++++++++++++++++++++++++++

Forbes မဂ္ဂဇင်း၏ ၂၀၂၄ ဧပြီလကုန်မှ ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ အချိန်နှင့်တပြေးညီ ဘီလျံနာများစာရင်းတွင် ဖော်ပြခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ဦး၏ ပိုင်ဆိုင်မှုပြောင်းလဲမှုများကို Oxfam မှ ခန့်မှန်းတွက်ချက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နှင့် တက်ဆလာ (Tesla) အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုသည် အလားတူကာလအတွင်း ဒေါ်လာ ၁၈၆.၁ ဘီလီယံ တိုးလာပြီး စုစုပေါင်းတိုးလာမှု၏ ထက်ဝက်ကျော်ရှိသည်။ ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် ထုတ်ပြန်ခဲ့သည့် ခွဲခြမ်းစိတ်ဖြာမှုတစ်ခုအရ သူသည် ပိုင်ဆိုင်မှုဒေါ်လာ ၁ ထရီလီယံကျော်ဖြင့် ကမ္ဘာ့ပထမဆုံးသော “ ထရီလီယံနာ (trioneer)” ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

Meta Meta စီအီးအို မာ့ခ်ဇူကာဘတ် (Mark Zuckerberg) နှင့် Walmart တည်ထောင်သူ၏ အကြီးဆုံးသားဖြစ်သူ ရော့ဘ် ဝေါလ်တန် (Rob Walton) တို့ အသီးသီးသည် ၎င်းတို့၏ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၃၈.၇ ဘီလီယံအထိ တိုးပွားလာခဲ့သည်။ နာမည်ကြီး ရင်းနှီးမြှုပ်နှံသူ ဝါရင်းဘတ်ဖက် (Warren Buffett) က ဒေါ်လာ ၃၄.၈ ဘီလီယံနှင့် Walmart တည်ထောင်သူ၏ တတိယသား Jim Walton က ဒေါ်လာ ၃၆.၅ ဘီလီယံ ရခဲ့ပါတယ်။

တစ်ချိန်တည်းတွင်၊ Google ပူးတွဲတည်ထောင်သူ လာရီပေ့ချ် (Larry Page) နှင့် ဆာဂေဘရင် (Sergey Brin) ကဲ့သို့သော ဘီလျံနာအချို့သည် တစ်ချိန်တည်းတွင် ၎င်းတို့၏ ပိုင်ဆိုင်မှု အသားတင်တန်ဖိုး ကျဆင်းသွားသည်ကို မြင်တွေ့ခဲ့ရသည်။

လက်ယာရစ်- ဝါရင်ဘတ်ဖတ်၊ မာ့ခ် ဇူကာဘတ်ဂ်၊ အီလွန်မာ့ခ်စ်၊ လယ်ရီ အီလီဆန်၊ ဂျက်ဖ် ဘီဇို့စ်၊ ဂျင်မ်ဝေါလ်တန်၊ ‌ရော့ဘ် ဝေါလ်တန်၊ စတိ့ဗ်ဘောလ်မာ၊ ဆာဂေးဘရင်၊ လယ်ရီပေ့ချ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 21 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 18 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 37 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 38 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 40 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 37 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့