ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ကျွန်တော်တို့က စက်တင်ဘာ (၉)ရက်နေ့ မနက် (၈)နာရီလောက်ထွက်ခဲ့တာ၊ ဖမ်းခံရတော့ နေ့လယ် (၃)နာရီလောက်ရှိပြီ။ အကုန်လုံး ငှက်ပျောတိုင်းရွာဟောင်းသားတွေပဲ (၇)ယောက်အဖွဲ့၊ စဉ့်ကူးဘက်က ရွှေမှော်မှာ အလုပ်လုပ်တာအဆင်မပြေလို့ ဆိုင်ကယ်(၃)စီးနဲ့ ပြန်လာကြတာဗျ။ လိုင်းပေါ်မှာ ကားသမားတွေ ပြည်သူတွေတင်ထားတာ ဗျူဟာလမ်းအတိုင်း အေးအေးဆေးဆေး အစစ်ဆေးမရှိ သွားလို့ရပြီ၊ ဘာမှကြောက်စရာမရှိဘူးဘာညာတင်ထားတော့ ကျွန်တော်တို့လဲ အေးဆေးပြန်ခဲ့ကြတာဗျ။ ရေကြည်ဦးကျော်အထိ အေးဆေးပဲ၊ ဘူးကုန်းလမ်းခွဲနားက ဇရပ်ရောက်မှ ဖမ်းခံရတာ” လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက်(၁၅)နှစ်အရွယ် လူငယ်က ဆိုပါတယ်။ သူတို့ဟာ […]