နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် အစိုးရဌာနနှင့် လမ်းခွဲပြီးနောက် မျက်လုံးတစ်ဝိုက်မှာ ညိုမဲပြီး ထရန့်နဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေလိုတယ်ဟုဆို

မေလ (၃၁) ရက်။

ဒေါ်နယ်ထရန့်အစိုးရဌာန DOGE မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သော အသက် ၅၃ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်သည် ၃၀ ရက်နေ့၌ အိမ်ဖြူတော်၏ဘဲဥပုံရုံးခန်း Oval Office တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထရန့်၏ “ မိတ်ဆွေနှင့် အကြံပေးပုဂ္ဂိုလ်” အဖြစ် ဆက်လက် ရပ်တည်သွားမည်ဟု ကတိပြုခဲ့သည်။

ပုံမှန်မဟုတ်သည့် နှုတ်ဆက်ပွဲသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် အီလွန်မတ်စ်သည် သူ့ညာဘက်မျက်လုံးတစ်ဝိုက်တွင် အညိုအမဲစွဲနေသည့် ဒဏ်ရာတွေ့ရှိခဲ့ရပြီး ၎င်း၏ မူးယစ်ဆေးဝါး သုံးစွဲမှု နှင့် ပတ်သက်သည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ဗီဒီယို- Trump နှင့် ပုံမှန်မဟုတ်သော ထိပ်တိုက်တွေ့မှုများပြီးနောက် Musk သည် အမေရိကန်အစိုးရမှ နှုတ်ထွက်ခဲ့သည်။

အီလွန်မတ်စ်သည် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ အကြီးအကဲအဖြစ်မှ နုတ်ထွက်လိုက်ခြင်းနှင့်ပတ်သက်ပြီး ထရန့်သည် ၎င်း၏ “ မယုံကြည်နိုင်လောက်သော ပံ့ပိုးကူညီမှုများ” အတွက် ချီးကျူးခဲ့ပြီး အိမ်ဖြူတော်၏သော့ဟုအဓိပ္ပါယ်ရသည့် “ ရွှေသော့” ကို ပေးအပ်ခဲ့သည်။

သို့သော် အီလွန်မတ်စ်သည် “ တကယ်နုတ်ထွက်ခြင်းမဟုတ်” နှင့် “ အိမ်ဖြူတော်ကို သွားလိုက်လာလိုက် ဖြစ်နိုင်ဖွယ်ရှိတယ်ဟု” ဟု ထရန့်က အလေးပေး ပြောကြားခဲ့သည်။

၎င်းက DOGE ၏ အရှုပ်အထွေး လေးလအတွင်း ဝန်ထမ်းများ သောင်းနှင့်ချီ ဖြတ်တောက်ခံရကာ အစိုးရ အေဂျင်စီများကို ပိတ်ပစ်ပြီး နိုင်ငံခြားသို့ အကူအညီများကို ဖြတ်တောက်လိုက်သည်။ ၎င်းအား “ မျိုးဆက်များအတွင်း အထိရောက်ဆုံးသော အစိုးရ ပြုပြင်ပြောင်းလဲရေး အစီအစဉ်” ဟု ချီးကျူးခဲ့သည်။

အနက်ရောင် DOGE ဘေ့စ်ဘောဦးထုပ်နှင့် အဖြူရောင်စာလုံးဖြင့်ရေးထားသော ” Doge ဖခင်ကြီး (Dogefather)” တီရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် တောင်အာဖရိကနွယ်ဖွား အီလွန်မတ်စ်က သူပေးထားသည့် ကတိအတိုင်း ဖြတ်တောက်ရမည့် ဒေါ်လာ ၁ ထရီလီယံအနက် အများစုသည် အချိန်ယူရလိမ့်မည်ဟု ဝန်ခံခဲ့သည်။

အီလွန်မတ်စ်က သူသည် “ သမ္မတထရန့်ရဲ့ မိတ်ဆွေ၊ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဆက်လက်ရှိနေလိုတယ်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း အီလွန်မတ်စ်၏ ညာဘက်မျက်လုံးတဝိုက်က အညိုအမဲဆွဲနေသည့်ဒဏ်ရာကို လူတော်တော်များများက စိတ်ဝင်စားခဲ့ကြသည်။

၂၀၂၄ သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလတွင် အီလွန်မတ်စ်သည် မေ့ဆေးအဖြစ် အသုံးပြုသည့် ကေတာမင်း (ketamine) အများအပြား သောက်ပြီးနောက် ဆီးအိမ်တွင် ပြဿနာရှိကြောင်း New York Times က ဖော်ပြခဲ့သည့် နေ့တွင်ပင် အညိုအမဲဆွဲနေသည့်ဒဏ်ရာ၏ အကြောင်းရင်းနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများ ထပ်မံထွက်ပေါ်လာခဲ့သည်။ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ထရန့်၏အကြီးဆုံးအလှူရှင်ဖြစ်သည့် အီလွန်မတ်စ်သည် ဓာတုဆေးဝါး MDMA နှင့် စိတ်ဝေဒနာရှင်များ အသုံးပြုသည့် ဆေးဝါးများလည်း သုံးစွဲနေပြီး

ယမန်နှစ်က ဆေးသေတ္တာတစ်လုံးကို သူနှင့်အတူ အမြဲယူဆောင်သွားကြောင်း ဖော်ပြထားသည်။

သို့သော် သူ့မျက်လုံးတစ်ဝိုက်ရှိ အညိုအမဲဆွဲနေသည့်ဒဏ်ရာသည် သူ့သားက သူ့ကို ထိုးခဲ့သည့်အတွက်ကြောင့် ရခဲ့သည့်ဒဏ်ရာဖြစ်ကြောင်း အီလွန်မတ်စ်က ရှင်းပြပါသည်။

“ ကျွန်တော်နဲ့ Little X နဲ့ နောက်ပြောင်နေတုန်း ‘ငါ့မျက်နှာကို ထိုးကြည့်စမ်း’ လို့ ပြောခဲ့တယ်” ဟု သူက ဆိုပါတယ်။ “အဲ့ဒီနနောက် အသက် ၅ နှစ်အရွယ် ကလေးလေးက ကျွန်တော့်မျက်နှာကို ထိုးခဲ့တာကြောင့် ဖြစ်တာ” ဟု သူက ဆက်ပြောခဲ့သော်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေဖို့ ရှောင်ခဲ့ပါသည်။

AFP-Jiji သတင်း (ဂျပန်ဘာသာ)

ဓာတ်ပုံ။

အီလွန်မတ်စ်သည် အိမ်ဖြူတော်၏ ဘဲဥပုံရုံးတွင် သမ္မတ ဒေါ်နယ်ထရန့်နှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (မေလ ၃၀ ရက်)။/(c)ALLISON ROBBERT/AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင်
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ဘူချာမှ သားသတ်သမား’ ကို ပစ်မှတ်ထားခဲ့ဖွယ်ရှိသည့် ဗုံးခွဲမှုအတွင်း ရုရှားစစ်သည်တစ်ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ရုရှားနိုင်ငံ၏ ဝေးလံခေါင်ဖျားသော မြို့တစ်မြို့တွင် စစ်သည်တစ်ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုမှာ ‘ဘူချာမှ သားသတ်သမား’ (Butcher of Bucha) ဟု လူသိများသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ရုရှားတပ်မှူးကို ပစ်မှတ်ထားခဲ့ခြင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 16 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့် ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင် သွားသည်။ ထိုဒရုန်းသည် ၎င်းကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။ စုစုပေါင်း လက်နက်တန်ဖိုးမှာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ဖြတ်သန်းသွားလာမှုကို ကန့်သတ်ရန် အီရန်နိုင်ငံ၏ အဆိုပြုဥပဒေတွင် မည်သည်အချက်များပါဝင်သနည်း (အီရန်နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်အရ)

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၃ရက် မစ်ချယ် မက်ကလပ်စကီး (Mitchell McCluskey) ရေးသားသည်။ အီရန်နိုင်ငံ၏ လွှတ်တော်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် မည်သည့်သင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်ဆိုသည့်အပေါ် ကန့်သတ်ချက်များ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်လူထု အများစုက အီရန်စစ်ပွဲမှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြဟု စစ်တမ်းအရ သိရ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၂)ရက် ယနေ့ ထုတ်ပြန်လိုက်သော Washington Post/ABC News/Ipsos တို့၏ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား ၁၀ ဦးတွင် ၆ ဦးက အီရန်အပေါ် အမေရိကန်က စစ်ရေးအင်အား အသုံးပြုခဲ့ခြင်းမှာ
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်