နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သို့ တင်သွင်းမည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ တိုးမြင့်ကောက်မည်ဟု ထရန့်ကြေညာ

မေလ (၃၁) ရက်။

အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ နှစ်ဆ တိုးမြင့်ကောက်ယူမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့တွင် ကြေညာခဲ့သည်။

ပင်ဆယ်ဗေးနီးယား အနောက်မစ်ဖလင်းမြို့ ရှိ US သံမဏိစက်ရုံတွင် ထရန့်က သူ့တွင် “ အဓိက ကြေညာချက်” ရှိသည်ဟု ပြောကြားခဲ့သည်။ လက်ခုပ်တီးကာအားပေးနေသော အမေရိကန် သံမဏိ ဝန်ထမ်းများအား ထရမ့်က အမေရိကန်၏ သံမဏိလုပ်သားများကို ကာကွယ်ရန်အတွက် အခွန်စည်းကြပ်မှု တိုးကောက်မည်ဟု ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ၂၅% ထပ်ပြီးတိုးမြင့်ကောက်ဖို့ လုပ်ဆောင်နေပါတယ်” ဟု ထရန့် ကပြောကြားခဲ့သည်။ “ အမေရိကန်ပြည်ထောင်စုမှာ သံမဏိလုပ်ငန်းကို ပိုမိုလုံခြုံစေမယ့် သံမဏိအကောက်ခွန်ကို ၂၅% မှ ၅၀% အထိ တိုးမြှင့်ယူဆောင်သွားမှာဖြစ်ပါတယ်။”

ထရန့်က သူသည်၄၀% အခွန်စည်းကြပ်ရန် စဉ်းစားနေသော်လည်း စက်မှုလုပ်ငန်း အမှုဆောင်အရာရှိများက ၎င်းတို့သည် ၅၀% အခွန်ကောက်မှုကို လိုချင်ကြောင်း ပြောခဲ့သည်။

“ ၂၅% လုပ်ရင် သူတို့က အဲဒီခြံစည်းရိုးကို ကျော်ဖြတ်နိုင်တယ်” ဟု ထရန့်က ပြောကြားခဲ့သည်။ “ ၅၀% မှာ ဘယ်သူမှ ဒီခြံစည်းရိုးကို ကျော်မသွားနိုင်တော့ဘူး။”

မြင့်မားသောအကောက်ခွန်နှုန်းထားသည် ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် အသက်ဝင်မည် ဖြစ်ကြောင်း ၎င်းက နောက်ပိုင်းတွင် လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

“ ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်မည့် စတီးနှင့် အလူမီနီယံ စည်းကြပ်ခွန် ၂၅% မှ ၅၀% အထိ တိုးမြှင့်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကျွန်ုပ်တို့၏ သံမဏိနှင့် အလူမီနီယံလုပ်ငန်းများသည် ယခင်ကကဲ့သို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အံ့သြဖွယ် သံမဏိနှင့် အလူမီနီယံအလုပ်သမားများအတွက် နောက်ထပ် သတင်းကောင်းတစ်ခု ဖြစ်ပါလိမ့်မည်။ အမေရိကန်ကို ထပ်ပြီး ကြီးမြတ်ပါစေ” ဟု ထရန့်သည် သူ၏ Truth Social platform တွင် ရေးသားခဲ့သည်။

မတ် ၁၂ ရက်တွင် ထရန့်သည် စတီးနှင့် အလူမီနီယံ တင်သွင်းမှုအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ခဲ့ပြီးနောက် ကနေဒါမှ လက်တုံ့ပြန်မှုကြောင့် အမေရိကန်၏ ကားလုပ်ငန်း အတွက် စိတ်ပျက်စရာဖြစ်စေခဲ့သည်။ ဥရောပသမဂ္ဂကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပြီး လက်တုံ့ပြန် စည်းကြပ်ခွန်များကို အဆုံးစွန် ချမှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထရန့်က အမေရိကန်သံမဏိလုပ်ငန်းကို ကယ်တင်ရန်အတွက် ၎င်း၏ အခွန်စည်းကြပ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သောကြာနေ့က ချီးကျူးခဲ့ပြီး အမေရိကန် သံမဏိလုပ်ငန်းသည် အခွန်စည်းကြပ်ရန် မလုပ်ဆောင်ပါက ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သံမဏိအားလုံးသည် နိုင်ငံခြားလုပ်ဖြစ်၍ စက်ရုံများ ပိတ်သွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အခွန်စည်းကြပ်မှုများကြောင့် အမေရိကန်သံမဏိလုပ်ငန်းတွင် များစွာလိုအပ်နေသည့် တွန်းအားပေးမှုတစ်ခု ဖြစ်နိုင်သော်လည်း အမေရိကန် ဆောက်လုပ်ရေးနှင့် ထုတ်လုပ်မှုအတွက် အဓိကပါဝင်ပစ္စည်းဖြစ်သောကြောင့် စျေးနှုန်းများကို မြှင့်တက်စေနိုင်သည်။ ထိုလုပ်ငန်းနှစ်ခုကို ပံ့ပိုးလိုကြောင်း ထရန့်က ပြောကြားခဲ့သည်။ အမေရိကန် ထုတ်လုပ်သူများအနေဖြင့် နိုင်ငံခြား သံမဏိများကဲ့သို့ ပြိုင်ဆိုင်မှုများပြားမည်ကို စိုးရိမ်စရာ မရှိသောကြောင့် ပြည်တွင်း၌ ထုတ်လုပ်သည့် စတီးလ်ထုတ်ကုန်များ၏ စျေးနှုန်းသည် မတ်လတွင် ၂၅% စည်းကြပ်ခွန်ကြေညာပြီးကတည်းက မြင့်တက်လာခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ထရန့်သည်သူ၏ ပထမသက်တမ်းတွင် သံမဏိအခွန် အကောက်အချို့ကို ချမှတ်သောအခါ အမေရိကန်ထုတ်လုပ်မှုသည် အနည်းငယ်သာ တိုးလာသော်လည်း ၎င်းသည်ကားများ၊ ကိရိယာများနှင့်စက်များအတွက် ကုန်ကျစရိတ်များ မြင့်တက်လာစေပြီး ထိုလုပ်ငန်းများကို ကျုံ့ဝင်သွားစေခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ထိုစက်မှုလုပ်ငန်းများ၏ ထွက်ရှိမှုကို ၃ ဘီလီယံကျော်အထိလျှော့ကျခဲ့ရကြောင်း အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု ကော်မရှင်၏ ၂၀၂၃ ခွဲခြမ်းစိတ်ဖြာချက်တွင် တွေ့ရှိခဲ့သည်။ ကုန်ကျစရိတ်များသည် ရရှိသည့် အကျိုးအမြတ်များထက် သာလွန်များပြားနေပေသည်။

သမ္မတ ထရန့်သည် ပုဒ်မ ၂၃၂ ဟု အများအားဖြင့် ရည်ညွှန်းသော ဥပဒေတစ်ရပ်ကို အသုံးပြုခဲ့ပြီး၊ နိုင်ငံတော် လုံခြုံရေးအရ အခွန်များ တိုးမြှင့်ကောက်ခံရန် သမ္မတအား အခွင့်အာဏာပေးကာ နိုင်ငံခြားသံမဏိများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် အခွင့်အာဏာ ပေးထားသည်။

အမေရိကန်သည် ယမန်နှစ်က ဒေါ်လာ ၃၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ သံနှင့် သံမဏိကို တင်သွင်းခဲ့ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာန၏ အချက်အလက်များအရ သိရသည်။ (အစိုးရ မှတ်တမ်းများတွင် သံနှင့် သံမဏိကို ပေါင်းစပ်ထားသည်။) ကနေဒါသည် သံနှင့်သံမဏိထုတ်လုပ်မှု၏ ထိပ်တန်းအရင်းအမြစ်ဖြစ်ပြီး အမေရိကန်သို့ ဒေါ်လာ ၇.၆ ဘီလီယံဖိုး တင်ပို့ခဲ့သည်။

‘မင်းကို စောင့်ကြည့်နေတယ်’

သောကြာနေ့ မိန့်ခွန်းအတွင်း ထရန့်သည် ဂျပန်နိုင်ငံ၏ နီပွန်း စတီးလ် (Nippon Steel) ကုမ္ပဏီ ကို ယူအက်စ် စတီးလ် (US Steel) ကုမ္ပဏီတွင် ထိန်းချုပ်ထားသော အစုရှယ်ယာများ ဝယ်ယူခွင့်ပြုရန် အတည်ပြုခဲ့သည့် သဘောတူညီချက်ကိုလည်း ဂုဏ်ပြုခဲ့သည်။

၎င်း၏မဲဆွယ်စည်းရုံးမှုအတွင်း၊ ထရန့် သည် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှ ယူအက်စ် စတီးလ် (US Steel) ကို ဝယ်ယူခြင်းကို ဆန့်ကျင်ခဲ့သည်။ ၎င်းသည် သူနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ သဘောတူညီ ခဲ့သည့် အချက်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ဘိုင်ဒင်သည် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုရှိသည်ဟု ကိုးကား၍ ဝယ်ယူခွင့်ကို ပိတ်ပင်ခဲ့သည်။

သို့သော် နီပွန်း စတီးလ် (Nippon Steel) သည် ယူအက်စ် စတီးလ် (US Steel) နှင့်၎င်း၏ အလုပ်သမားများကို နောက်ဆုံးတွင် ကယ်တင်နိုင်မည်ဟု ယုံကြည်ကြောင်း သောကြာနေ့တွင် ထရန့်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ရဲ့သံမဏိလုပ်သားကြီးတွေအတွက် အကာအကွယ်မရှိဘဲ ယူအက်စ် စတီးလ် (US Steel) ကို နိုင်ငံခြားသားလက်ထဲကို ရောင်းလိုက်တယ်” ဟု ထရန့် ကယခင်က ပြောကြားခဲ့ဘူးသည်။ “ ဒါကြောင့် ကျွန်တော်အနေနဲ့ ဒါဟာဘယ်လိုမှ ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ မင်းကို ငါက စောင့်ကြည့် နေတယ်” ဟု ဆိုခဲ့သည်။

သို့သော် နောက်ဆုံးတွင် ထရန့်က နီပွန်း စတီးလ် (Nippon Steel) နှင့် ယူအက်စ် စတီးလ် (US Steel) ၏ အမှုဆောင်အရာရှိများသည် ပြဿနာကို ဆက်လက်တွန်းအားပေးခဲ့ပြီး၊ အဆုံးတွင် ထရန့်၏ သဘောတူညီချက်သည် လုံလောက်သည့်အခြေအနေအဖြစ် ရောက်ရှိလာခဲ့သည်။ အဓိက အချက်တစ်ချက်မှာ ကုမ္ပဏီကို လည်ပတ်ပုံနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုကို ပေးဆောင်သည့် ရွှေရှယ်ယာဟုခေါ်သော ရွှေအစုရှယ်ယာ ပေးအပ်ထားမှု ဖြစ်သည်ဟု သူက ဆိုသည်။

“သူတို့က ကျွန်တော့်ကို ဆက်မေးနေပြီး ကျွန်တော်က ဆက်ငြင်းနေခဲ့တယ်၊ နည်းလမ်းမရှိဘူး၊ နည်းလမ်းမရှိဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။ “သူတို့ဝင်လာတိုင်း ဝင်လာတိုင်း သဘောတူညီချက်က အလုပ်သမားတွေအတွက် ပိုပြီး ပိုကောင်းလာပါတယ်”

“ ကျွန်တော် ဝါရှင်တန်ကို သွားတော့မယ်၊ အဲဒါကို ကျွန်တော်က စောင့်ကြည့်နေမှာပါ” ဟု ထရန့် က ထပ်လောင်း ပြောကြားခဲ့သည်။

အခွန်စည်းကြပ်မှုအသစ်နှင့် နီပွန်း စတီးလ် (Nippon Steel) ၏ သဘောတူညီချက်ဖြင့် အမေရိကန် သံမဏိ လုပ်သားများကို ဂုဏ်ပြုရန်များစွာ ရှိနေသည်ဟု ထရန့်က ပြောကြားခဲ့သည်။ သူသည် အမေရိကန်၏ သံမဏိလုပ်ငန်းအခြေအနေကို ဂုဏ်ပြုကာ ထရမ့်သည် စင်မြင့်ပေါ်မှနေ၍ သူ့အား ချီးမွမ်းနေသည့် အလုပ်သမားတချို့ကို ဖိတ်ကြားခဲ့သည်။

“ ဒီနေ့ဟာ အလွန်ကြီးမားတဲ့နေ့တစ်နေ့ ဖြစ်မှာပါ” ဟု ထရန့် ကပြောကြားခဲ့သည်။ “ ဒါက မင်းဘဝရဲ့ အကြီးကျယ်ဆုံးနေ့တွေထဲက တစ်နေ့ ဖြစ်လိမ့်မယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေး ဘယ်လိုဆင်နွှဲခဲ့သလဲ။ (ရုပ်သံသတင်း)

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 6 Views
ဇွန်လ (၁) ရက်နေ့မှာရုရှားလေတပ်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရုရှားရဲ့စစ်လေယဥ် ၄၀ကျော်ပျက်စီးထိုခိုက်ခဲ့ရပါတယ်။ ရုရှားကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းလုံခြုံ‌ရေးအကြီးအကဲက အိုင်ဒီယာထုတ် အကြံပြုခဲ့တာပါ။ ပင့်ကူအိမ် (Spider
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ကြောင့် အမေရိကန်တွင် ဦးနှောက်ယိုစီးမှု ဖြစ်စေခဲ့သော်လည်း ကမ္ဘာကြီးက ၎င်းကို ရယူရန် အရှိန်မြှင့် လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 5 Views
ဇွန်လ (၂) ရက်။ ဘရာဇီးနိုင်ငံမှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ဒန်နီရယ်လ် ဘက်(ခ)မန် (Daniel Beckman) သည် အလုပ်အတွက်
နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်-အမေရိကန် ပြဿနာကြား တရုတ်က ဂျပန်နိုင်ငံကို ချဉ်းကပ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 7 Views
ဇွန်လ (၂) ရက်။ မေလ ၃၁ ရက်နေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က စင်္ကာပူမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ထိပ်သီးအစည်းအဝေးမှာ တရုတ်က ထိုင်ဝမ်ကို လက်နက်နဲ့ အကြမ်းဖက် ပေါင်းစည်းရေးလုပ်မယ်ဆိုရင် “အကုန်ပျက်စီးသွားမယ့်ရလဒ် ရလာနိုင်တယ်”
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းသည် ရုရှားနိုင်ငံအတွင်း မိုင်ထောင်ချီဝေးသော လေတပ်အခြေစိုက်စခန်းများကို ရဲတင်းစွာ စစ်ဆင်တိုက်ခိုက်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 8 Views
ဇွန်လ (၂) ရက်။ ယူကရိန်းတပ်ဖွဲ့များသည် စစ်ပွဲအစကတည်းက အရဲတင်းဆုံးနှင့် ခေတ်မီဆန်းပြားသော တန်ပြန်ချေမှုန်းမှုတစ်ခုကို ရှေ့တန်းမှ မိုင်ထောင်ပေါင်းများစွာဝေးသော လေယာဉ်ကွင်းများတွင် ရပ်ထားသည့် ရုရှားတိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးခဲ့ကြောင်း နိုင်ငံ၏ လုံခြုံရေးဝန်ဆောင်မှု သတင်းရင်းမြစ်တစ်ခုပြောကြားချက်အရ သိရသည်။ ပင့်ကူအိမ်
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် အစိုးရဌာနနှင့် လမ်းခွဲပြီးနောက် မျက်လုံးတစ်ဝိုက်မှာ ညိုမဲပြီး ထရန့်နဲ့ သူငယ်ချင်းအဖြစ် ဆက်ရှိနေလိုတယ်ဟုဆို

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 13 Views
မေလ (၃၁) ရက်။ ဒေါ်နယ်ထရန့်အစိုးရဌာန DOGE မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သော အသက် ၅၃ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်သည် ၃၀ ရက်နေ့၌ အိမ်ဖြူတော်၏ဘဲဥပုံရုံးခန်း Oval Office တွင် သတင်းစာရှင်းလင်းပွဲ
North Korea နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

တပ်ဖွဲ့ဝင် ၁၄,၀၀၀၊ ပဲ့ထိန်းဒုံးကျည် ၁၀၀ နှင့် ခဲယမ်းမီးကျောက် သန်းပေါင်းများစွာကို- မြောက်ကိုရီးယားက ရုရှားထံ ပေးပို့ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

  • 2025 ခုနှစ်၊ မေလ 31 ရက်
  • 9 Views
မေလ (၃၀) ရက်။ မြောက်ကိုရီးယားသည် ဒုံးကျည်များနှင့် ဒုံးပျံများ အပါအဝင် စစ်သားများနှင့် ခဲယမ်းမီးကျောက် သန်းပေါင်းများစွာကို ရုရှားသို့ ပေးပို့ခဲ့ကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာသစ်အရ သိရသည်။ လွန်ခဲ့သည့်နှစ်အတွင်း ပြုံယမ်းက မော်စကို၏ သုံးနှစ်ကြာစစ်ပွဲအတွင်း
နိုင်ငံတကာသတင်း အမေရိကန်

Wall Street က ထရန့်အား “ ကြောက်ပြီးနောက်ပြန်ဆုတ်တဲ့သူ TACO” လို့ ခေါ်ဆို

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 19 Views
++++++++++++++++++++ “ TACO” အကြောင်း မေးမြန်းတဲ့ သတင်းထောက်ကို ထရန့်က “ စက်ဆုတ်ဖွယ်ကောင်းတဲ့မေးခွန်း” ဟု ပြောလိုက်သည်။ သမ္မတ ထရန့်၏အခွန်စည်းကြပ်မှု အကြိမ်ကြိမ် ခြိမ်းခြောက်မှုကြောင့် မကြာသေးမီလများအတွင်း Wall Street သည် သမိုင်းဝင်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးသည် ဂျာမနီမှ တာဝေးပစ်လက်နက်များ အကူအညီ ရရှိမည်ဖြစ်သော်လည်း တောရပ်စ် (Taurus) ဒုံးကျည်များ မပါ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 18 Views
မေလ (၂၈) ရက်။ ယူကရိန်းသမ္မတဇလန်းစကီးသည် ၎င်း၏နိုင်ငံတွင် လက်နက်တိုက်တည်ဆောက်မှုနှင့် လက်နက်ထုတ်လုပ်နိုင်မှုတို့ကို ကြိုးပမ်းနေစဉ်အတွင်း ယူရို ၅ ဘီလီယံ (ဒေါ်လာ ၅.၇ ဘီလျံ) တန် လက်နက် အစုအပုံရရှိခဲ့ခြင်းဖြင့် ဘာလင်မှ ထွက်ခွာမည်ဖြစ်သည်။ ရုရှားနိုင်ငံတွင်းရှိဝေးကွာသော