နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တာဝန်ကနေ အနားယူ

ဇွန်လ (၁၁)ရက်။

NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ဟာ တာဝန်ကနေ အနားယူသွားခဲ့တယ်လို့ ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို မနေ့ကစပြီး ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ အနာယူခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

ဦးကျော်ဇော်ဟာ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကနေ အနားယူသွားပေမယ့် သမ္မတရုံးရဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံတာနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကဏ္ဍတွေမှာ ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

အခုလို ဦးကျော်ဇော် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကနေ အနားယူသွားတဲ့အတွက် အဲ့ဒီနေရာမှာ ဘယ်သူ့ကို အစားထိုးတာဝန်ပေးမယ်ဆိုတာကိုတော့ ထပ်မံထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဦးကျော်ဇော်ဟာ ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ နုတ်ထွက်ဖို့ တင်ပြခဲ့တာဟာ (၄)လအထိကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အခုအချိန်မှသာ ခွင့်ပြုခဲ့တာဖြစ်ပြီး သမ္မတအကြံပေးအနေနဲ့ ဆက်ရှိနေမယ်လို့ သူနဲ့နီးစပ်သူတွေထံက သိရပါတယ်။

“ အခု သူက သူ့စရိတ်နဲ့သူပဲ သမ္မတကြီးရဲ့ အကြံပေးအနေနဲ့ ဆက်ရှိနေမယ်လို့ပြောတယ်။ တကယ်တော့ သူက ထွက်ဖို့တင်ပြတာ (၄)လလောက်ရှိပြီ။ သူ့အစား တာဝန်ယူမယ့်သူကို ရှာဖွေဖို့ခက်တာနဲ့ တော်လှန်ရေးကိစ္စတွေကြောင့် အခုမှဆောင်ရွက်နိုင်တာ။ ဒါပေမယ့် သမ္မတကြီးအတွက် တခြားအရေးကြီးတာဝန်တွေကို ဆက်ထမ်းဆောင်မယ်လို့လဲပြောတယ်” လို့ ဦးခင်မောင်စိုးက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

နောက်ပြီး ဦးကျော်ဇော်ဟာ ပြည်တွင်းကို လတ်တလော ပြန်ဝင်လာနိုင်တာ မရှိသေးတဲ့အတွက်ကြောင့်လဲ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ အနားယူတာလို့ သိရပါတယ်။

ဒါ့အပြင် ‌(၄)နှစ်တာကာလထဲ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတာဝန်ကို အပ်နှင်းခဲ့တဲ့ ယာယီသမ္မတ ဒူးဝါလရှီးလ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ သမ္မတရုံးအတွင်းဝန်တို့ကို ကျေးဇူးတင်ရှိကာ တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရတယ်လို့လဲ ဦးကျော်ဇော်က ပြောဆိုထားပါတယ်။

NUG နဲ့ နွေဦးတော်လှန်ရေးအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး တာဝန်ယူသွားမယ့် အခန်းကဏ္ဍအသစ်မှာ ယာယီသမ္မတရဲ့ မျှော်မှန်းချက်တွေကို မြှင့်တင်ပေးကာ သမ္မတရုံးရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးအနေနဲ့ ဆက်လက်ပါဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ဘယ်သူတွေကလမ်းမှားလျှောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 19 Views
NUG ကလမ်းတွေပျောက် တပ်ပေါင်းစုကလမ်းမှန်ရောက်” ဒီအပတ်တနင်္ဂနွေနေ့ ဆွေးနွေးမဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များဆွေးနွေးတင်ဆက်မှု (၂၆)ကြိမ်မြောက်အဖြစ်ခေတ်မျက်လုံးက စစ်ခေါင်းဆောင်က NCA သဘောတူညီမှုကနေ ထွက်သွားသူများဟာလမ်းမှားလျှောက်နေသူများဖြစ်တယ်ဆိုတဲ့ပြောဆိုချက်၊ NUG သမတကြီးဒူးဝါးလရှီးလ
မြန်မာသတင်း

ဂျက်ဖရီအက်ဖ်ဖိုင်များထဲတွင် ဘာတွေပါဝင်သလဲ?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 43 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက် အမေရိကန် တရားရေးဌာန (DOJ) က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ
မြန်မာသတင်း

မင်းတပ်မြို့မှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်မလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 45 Views
ဒီဇင်ဘာလ (၂၀)ရက်။ မင်းတပ်မြို့မှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလထဲ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့ မြို့နယ်ပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မင်းတပ်မြို့ထဲ အဲ့ဒီကာလတွေမှာ ပွဲလမ်းသဘင် ကျင်းပတာတွေ မလုပ်ဖို့
မြန်မာသတင်း

ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အသီးသီးကို KSPP မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 36 Views
ဒီဇင်ဘာလ (၂၀)ရက်။ ရွေးကောက်ပွဲ မဲပေးမယ့်ရက်မှာ အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ဆိုပြီး အဖွဲ့အစည်းအသီးသီးကို ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က မနေ့က မေတ္တာရပ်ခံ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KSPP ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်စဉ်တိုင်းမှာ အစဉ်အမြဲပါဝင်နေတဲ့ပါတီလို့
မြန်မာသတင်း

စဉ့်ကူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 31 Views
ဒီဇင်ဘာလ (၂၀)ရက်။ ‌မနေ့က တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးတမြို့လုံးကို ပြန်လည်းသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ စဉ့်ကူးမြို့နဲ့ လက်ပန်လှရွာတို့ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်ကြောင်းတွေခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ
မြန်မာသတင်း

အခုနှစ်ကုန်ပိုင်းကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ကြောင်း KA သတိပေးချက်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 37 Views
ဒီဇင်ဘာလ (၁၉)ရက်။ ဒီကနေ့ကစပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့အထိ အရေးကြီးကာလအနေနဲ့ ကရင်နီပြည်‌တပ်‌မတော်(KA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးချက်ထုတ်ပြန်ထားတယ်လို သိရပါတယ်။ KA စစ်ဦးစီးချုပ်က အဲ့ဒီကာလကို အရေးကြီးကာလအနေနဲ့ သတ်မှတ်ထားတာကို ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်
မြန်မာသတင်း

NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့သူအချို လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 45 Views
ဒီဇင်ဘာလ (၁၉)ရက်။ တိုင်ရင်းသားလက်နက်ကိုင်အဖွဲတွေ NCA မှာ ပါဝင်လက်မှတ်ထိုးခဲ့ပေမယ့် အချိုက လမ်းမှားလျှောက်နေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဒီကနေ့ ကရင်ပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ စစ်တပ်အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ
မြန်မာသတင်း

လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူလက်တွဲရပ်တည်ဖို KNU ဥက္ကဋ္ဌ တိုက်တွန်းဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 47 Views
ဒီဇင်ဘာလ (၁၉)ရက်။ ကရင်လူမျိုးတွေသာမက လူမျိုးစုအားလုံး တော်လှန်ရေးတိုက်ပွဲမှာ အတူရပ်တည်ပြီး အောင်မြင်မှုကို အတူရယူကြဖို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ ကရင်အမျိုးသားနေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို သိရပါတယ်။ လူမျိုးစုတွေအနေနဲ့ အခုအခြေအနေကို သဘောပေါက်နားလည်လက်ခံပြီး လက်တွေ့ရင်ဆိုင်ကာ