နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေတိဂုံစေတီပေါ် အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာသူတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေရှိနေ

ဇွန်လ (၁၈)ရက်။

ဒီကနေ့ နံနက်အစောပိုင်းအချိန်ကစပြီး ရန်ကုန်ရှိ ရွှေတိဂုံစေတီပေါ်မှာ အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာသူတွေကို လုံခြုံရေးတွေက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းတွေဆီကနေ သိရပါတယ်။

“ ဒီနေ့ မနက်အစောပိုင်းကစပြီး ရွှေတိဂုံဘုရားပေါ်မှာ အင်္ကျီအဖြူဝတ်ပြီး ပန်းကိုင်လာတဲ့သူတွေကို လုံခြုံရေးတွေက ချမ်းသာကြီးတန်ဆောင်းဘက်ကို ဖမ်းခေါ်သွားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာ။ အဲ့ဒီထဲမှာ လူငယ်အများစု အစစ်ခံရတယ်” လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းခံရသူတွေထဲ လူငယ်အများစုပါဝင်သလို ရွှေတိဂုံဘုရားပေါ်မှာ အရပ်ဝတ်အများအပြားနဲ့ အောင်မြေကို ဆုံမှတ်ထားကာ လှုပ်ရှားနေကြတာလို့ သိရပါတယ်။

ရွှေတိဂုံစေတီပေါ် ဖမ်းဆီးစစ်ဆေးတာတွေဟာ မနက်ဖြန် ဇွန်လ (၁၉)ရက်မှာ ကျရောက်မယ့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့အတွက် စစ်ကောင်စီက ကြိုတင်ပြီး လုံခြုံရေးတင်းကြပ်တာလို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပန်းသပိတ်နဲ့ အင်္ကျီအပြာရောင်ဝတ်ဆင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို စောင့်ကြည့်အရေးယူဖို့ကိုလဲ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ လှုံ့ဆော်နေကြပါတယ်။

တဖက်မှာလဲ တော်လှန်ရေးအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် (၈)ဂဏန်းပါတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့နဲ့ ပန်းသပိတ်တွေ ပြုလုပ်ဖို့ တိုက်တွန်းထားကြပါတယ်။

ဒါ့အပြင် ‌သားငယ်ဖြစ်သူ ကိုထိန်လင်းကလဲ မွေးနေ့ဆုတောင်းရုပ်သံ (၈၀၀၀၀)ကျော်နဲ့ ဂရင်းနစ်စံချိန်တင်နိုင်ဖို့  လှုပ်ရှားမှုတခုပြုလုပ်နေကာ ဒီကနေ့မှာတော့ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်သွားပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကိုဗစ်ကြောင့် သေဆုံးသူမရှိဘူးလို့ စစ်ကောင်စီ ပြောနေပေမယ့် မကွေးမှာ ကိုဗစ်လူနာတစ်ဦး သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 8 Views
ဇွန်လ (၁၈)ရက်။ မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ ကိုဗစ်အတည်ပြုလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တအာင်းပြည်ကောင်စီ(TLC)ဖွဲ့စည်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ NUCC သဝဏ်လွှာပို့

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 7 Views
ဇွန်လ (၁၈)ရက်။ တအာင်းပြည်ကောင်စီ(TLC) ဖွဲ့စည်းတဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်တယ်လို့ အမျိုးသားညီညွတ်ရေးကောင်စီ(NUCC)က ဒီကနေ့မှာ သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ NUCC အနေနဲ့ အဖွဲ့ဝင်
မြန်မာသတင်း

ငလျင်ကြောင့်ဆိုပြီး စစ်ကောင်စီ ပြန်ဖြေဆိုခိုင်းတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူ (၈၀၀)ကျော်ရှိ

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
ဇွန်လ (၁၈)ရက်။ ငလျင်ကြောင့်ဆိုကာ စစ်ကောင်စီက ပြန်လည်ဖြေဆိုခိုင်းတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုတာမှာ ပျက်ကွက်သူ (၈၄၉)ဦးရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့်ဆိုပြီး ဇွန်လ (၁၆)ရက်နေ့ကစတင်ကာ စစ်ကောင်စီက ‌‌ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့ရှိ မြို့နယ်
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်

  • 2025 ခုနှစ်၊ ဇွန်လ 18 ရက်
  • 10 Views
‌သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ် ဇွန်လ (၁၈)ရက်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ စီစီတီဗီ မှတ်တမ်းဗီဒီယိုဖိုင်တခု ဂါးဒီးယန်းသတင်းဌာနကနေ ဒီကနေ့မှာ ထွက်ပေါ်လာခဲ့တယ်လို့
မြန်မာသတင်း

တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ခေါ်ယူ

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 28 Views
ဇွန်လ (၁၇)ရက်။ တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG က ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ကျန်းမာရေးဝန်ကြီးဌာနကနေ အထူးကုဆရာဝန်တွေအပါအဝင် ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးမှူးတွေ၊ သားဖွားဆရာမတွေ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်တွေကို ခေါ်ယူနေတာလို့
မြန်မာသတင်း

လုံးခင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 29 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေမှောရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မနက်(၁၀)နာရီလောက်က မှောဆီစာရွာက စကစစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေ
မြန်မာသတင်း

တပတ်ထဲ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 26 Views
ဇွန်လ (၁၇)ရက်။ ပြီးခဲ့တဲ့ တပတ်တာကာလထဲ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ကိုဗစ်(၁၉) အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၈)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ တပတ်ထဲ ဓါတ်ခွဲနမူနာစုစုပေါင်း (၂၂၈၅)ခုကို
မြန်မာသတင်း

CDM ဥပဒေပါ ပြဋ္ဌာန်းချက်တွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေပြီး ကန့်ကွက်တယ်လို့ DDMSC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 28 Views
ဇွန်လ (၁၇)ရက်။ CRPH ထုတ်ပြန်တဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ-ထားဝယ်(DDMSC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDM ဟာ စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နိုင်ငံရေးအံတုမှုနည်းလမ်းနဲ့ ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတရပ်ဖြစ်ကာ