နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ထုတ်ပြန်

ဇူလိုင်လ (၂၂)ရက်။

(၄)နှစ်တာ တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦးကျဆုံးခဲ့တယ်လို့ Chinland Defense Force-Kalay Kabaw Gangaw(CDF-KKG)ရဲ့ မနေ့က ဖွဲ့စည်းတည်ထောင်တဲ့ (၄)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

CDF-KKG အနေနဲ့ တော်လှန်ရေးသက်တမ်း (၄)နှစ်တာကာလထဲ နိုင်ငံရဲ့အာဏာကို မတရားသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ဖျက်တာမှာ တက်ကြွစွာပါဝင်နေတယ်လို့ ဆိုပါတယ်။

CDF-KKG အခြေပြုလှုပ်ရှားရာဒေသဖြစ်တဲ့ ကလေး-ကဘော်-ဂန့်ဂေါဒေသမှာသာမက အခြားဒေသတွေမှာပါ တိုက်ပွဲဝင်နေကာ တိုက်ပွဲစုစုပေါင်း (၄၀၀)ကျော် ပါဝင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး CDF-KKG ရဲ့ Major Operation ကိုလဲ ၂၀၂၄ခုနှစ်မှာ စတင်ပြင်ဆင်ခဲ့ပြီး အခုနှစ်ဆန်းပိုင်းမှာ မဟာမိတ်တပ်တွေ ပူးပေါင်းတာနဲ့ စတင်နိုင်ခဲ့ပြီး ကလေးနဲ့ ဂန့်ဂေါကြားရှိ စစ်ကောင်စီစခန်း (၅)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလထဲ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့သူနဲ့ ဒဏ်ရာရရှိသူပေါင်း (၁၅၀)ကျော်ရှိခဲ့တယ်လို့ CDF-KKG က ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်တိုက်ဖျက်ဖို့၊ ပြည်သူလူထုကာကွယ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေကို ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

CDF-KKG အနေနဲ့ လှုပ်ရှားတဲ့ဒေသ လွတ်မြောက်ဖို့ကနေ တပြည်လုံး အကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ပြီး ပြည်သူလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားဆောင်းမြိုတိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 12 Views
ဇူလိုင်လ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်က ဖားဆောင်းမြိုတိုက်ပွဲထဲ ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ(JCS)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထိုင်းရောက်မြန်မာတွေ ထိုင်းနိုင်ငံအရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 14 Views
ဇူလိုင်လ (၃)ရက်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ‌အရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က တိုက်တွန်းနှိးဆော်ထားတယ်လို သိရပါတယ်။ ထိုင်းနိုင်ငံရဲ့
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ဆရာ/မတွေကို ကျူရှင်မသင်ဖို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲ စာထုတ်တားမြစ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 11 Views
မလိုက်နာရင် ကျူရှင်သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်လိုဆို ဇူလိုင်လ (၃)ရက်။ ဂန့်ဂေါမြိုနယ်မှာ ကျူရှင်မသင်ဖို ဆရာ/မတွေကို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းထားတယ်လို ဒေသထဲသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး
မြန်မာသတင်း

တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 11 Views
ဇူလိုက်လ (၃)ရက်။ ဇူလိုင်လ (၁)ရက်နေ့ ညပိုင်းအချိန်က လေ့ကျင့်ပျံသန်းခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ ခရီးဝေးလေ့ကျင့်ပျံသန်းချိန် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် (၁၃၀)ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေ
မြန်မာသတင်း

မြန်မာနိုင်ငံစီးပွားရေး ကျဆင်းမယ်လို ကမ္ဘာ့ဘဏ်က တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက်မမှန်ဘူးဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 14 Views
ဇူလိုင်လ (၃)ရက်။ မြန်မာနိုင်ငံရဲ့စီးပွားရေး ကျဆင်းနိုင်တယ်လို ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက် မမှန်တာနဲ့ မပြည့်စုံတာတွေကို တွေ့ရတယ်လို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကမ္ဘာ့ဘဏ်က နိုင်ငံရဲ့စီးပွားရေးကို အရင်က
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 28 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တာကြောင့်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 19 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားတဲ့သူတွေကို သန်လျင်မြို့ ဘောသပြေကန်ရွာအနီးမှာ လက်နက်တွေနဲ့အတူ
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 24 Views
ဇူလိုင်လ (၂)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့ကပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ သမ္မတ