ဇူလိုက်လ (၃)ရက်။
ဇူလိုင်လ (၁)ရက်နေ့ ညပိုင်းအချိန်က လေ့ကျင့်ပျံသန်းခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ ခရီးဝေးလေ့ကျင့်ပျံသန်းချိန် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် (၁၃၀)ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်သွားတာလို ဆိုပါတယ်။
တိုက်ခိုက်ရေးလေယာဉ် ပျောက်ဆုံးသွားတဲ့အပေါ် ကနဦးစစ်ဆေးတာတွေအရ စက်ချိုယွင်းတာ ဒါမှမဟုတ် ရုတ်တရက် ရာသီဥတုဆိုးရွားတာတွေကြောင့် ဖြစ်နိုင်တယ်ဆိုပြီးလဲ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ အဆက်အသွယ်ပြတ်တောက်သွားတဲ့ နေရာတဝိုက်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲတွေ စေလွှတ်နိုင်ဖို ဆောင်ရွက်နေပေမယ့် ရာသီဥတု ဆိုးရွားနေတာကြောင့် စီမံနေတယ်ဆိုပြီးလဲ ထုတ်ပြန်ထားပါသေးတယ်။
မြေပြင်မှာ စစ်ရေးရှုးနိမ့်နေတဲ့ စစ်ကောင်စီဟာ လေကြောင်းကိုသာ အဓိကအားကိုးနေရသလို တဖက်မှာလဲ တော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့ လေယာဉ်တွေကို ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်တွေ ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်ကောင်စီရဲ့ လေယာဉ်နဲ့ တိုက်လေယာဉ် အစီးရေ (၁၂)စင်းအထိကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချထားနိုင်ခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
