ဇူလိုင်လ (၃)ရက်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံအရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က တိုက်တွန်းနှိးဆော်ထားတယ်လို သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ စုဝေးဆန္ဒပြတဲ့ နေရာတွေကို ရှောင်ရှားကြဖို မေတ္တာရပ်ခံထားပါတယ်။
မိခင်တိုင်းပြည်အခြေအနေတွေကြောင့် မလွှသာမရှောင်သာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုနေရတဲ့အချိန် အဲ့ဒီနိုင်ငံရဲ့ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းတိုနဲ့ သဟဇာတဖြစ်စွာ နေထိုင်နိုင်ဖို အရေးကြီးတယ်လို ဆိုပါတယ်။
ဒါ့ကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အဖက်ဖက်ကနေ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြဖို NUG က မေတ္တာရပ်ခံထားပါတယ်။
နောက်ပြီး ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်နဲ့ ထိုင်းပြည်သူတွေကို ထိုင်းနိုင်ငံထဲ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား အထူးကျေးဇူးတင်တယ်လို ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်ရက်စက်တာတွေကြောင့် ထွက်ပြေးခိုလှုလာရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်သူတွေမဟုတ်ဘူးလို ပြောဆိုထားပါတယ်။
သူတိုဟာ မြန်မာနိုင်ငံထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းအကြမ်းဖက်တာကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံကို ပြန်လည်နေထိုင်ကြမယ့်သူတွေသာဖြစ်တယ်လို ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ယာယီခိုလှုနေရတဲ့ကာလထဲ မြန်မာနိုင်ငံသားတွေဟာ ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို လေးစားလိုက်နာပြီး သဟဇာတဖြစ်စွာ နေထိုင်နိုင်ဖို ကြိုးပမ်းနေပြီး လူသားချင်းစာနာထောက်ထပြီး ဆက်လက်ကူညီစောင့်ရှောက်ပေးဖို NUG က မေတ္တာရပ်ခံထားတယ်လို သိရပါတယ်။
