နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

ဇူလိုင်လ (၁၃) ရက်။

ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇ ရက်နေ့က ပေးပို့ခဲ့သည့် အခွန်အသစ်နှင့်ပတ်သက်၍ ထရန့်ထံ အသိပေးစာ လက်ခံရရှိခြင်းမှာ ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံပိုင်သတင်းစာ “ Global New Light of Myanmar” တွင် ဇူလိုင် ၁၁ ရက်နေ့၌ ဖော်ပြခဲ့သည်။

ဩဂုတ်လ ၁ ရက်မှစပြီး အမေရိကန်သို့ မြန်မာ၏ ပို့ကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ထရမ့်၏ပေးစာကို ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

အမေရိကန်နှင့် အခြား အနောက်နိုင်ငံ အများစုသည် မြန်မာစစ်အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုပေ။

စစ်တပ်၏ အာဏာသိမ်းမှုသည် ဆိုးရွားသော ပြည်တွင်းစစ်ကို ဖြစ်ပွားစေခဲ့သည်။ ဒီမိုကရက်တစ် အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံအနှံ့အပြား၌ တပ်မတော်ကို တိုက်ခိုက်နေကြသည်။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက စစ်တပ်သည် အာဏာကို ထိန်းသိမ်းရန် စစ်ရာဇ၀တ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲထားသည်။

အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့သည် စစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီး နိုင်ငံတကာ စင်မြင့်တွင် ၎င်း၏ ကိုယ်စားလှယ်များကို ဝင်ရောက်ခွင့် ကန့်သတ်ထားသည်။ အမေရိကန်ကဲ့သို့ အနောက်နိုင်ငံကြီးများတွင် မြန်မာနိုင်ငံတွင် အပြည့်အ၀ တပ်စွဲထားသော သံတမန်များ မရှိသဖြင့် တပ်မတော်အစိုးရသည် ဤသံတမန်ရေးအရ ရှုတ်ချမှုကို ကြာရှည်စွာ နာကြည်းခဲ့သည်။

သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပါစာအား အမေရိကန်၏ အထင်ကရ စီးပွားရေးတွင် ဆက်လက်ပါဝင်ရန် အားပေးသည့် ဖိတ်ခေါ်ချက်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာ အာဏာပိုင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် အမေရိကန်သို့ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

CNN သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသို့ စာပေးပို့ခဲ့ပုံနှင့် စစ်အစိုးရအပေါ် ထားရှိသော အုပ်ချုပ်မှု အပြောင်းအလဲကို အချက်ပြခြင်း ရှိမရှိ မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို ပိုမိုဆိုးရွားစေသည့် “ရုပ်သံလွှင့်အဖွဲ့အစည်းများနှင့် ရန်ပုံငွေများကို ကန့်သတ်ခြင်း” အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အမေရိကန် အစိုးရအဖွဲ့က လွတ်လပ်သော အာရှအသံ (RFA) နှင့် အမေရိကန်အသံ (VOA) တို့အတွက် သုံးစွဲမှု ဖြတ်တောက်မှုကို ရည်ညွှန်းကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လွတ်လပ်သောအာရှရေဒီယိုနှင့် အမေရိကန်အသံတို့သည် မြန်မာနိုင်ငံတွင် ၎င်းတို့၏ လွတ်လပ်သော အစီရင်ခံတင်ပြမှုအတွက် တာရှည်ထောက်ခံမှု ရရှိထားသည်။ စစ်အစိုးရက မီဒီယာအပေါ် ထိန်းချုပ်မှု တင်းကြပ်လာပြီးနောက် ၎င်းတို့သည် သတင်းရင်းမြစ်များအဖြစ် ပိုမိုအရေးကြီးလာပါသည်။

2020 ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် လိမ်လည်မှုများစွာ ရှိခဲ့သည်ဟု ထရန့်က အခြေအမြစ် မရှိဘဲ ကာလရှည်ကြာစွာ ဆက်လက်ပြောဆိုနေခဲ့ခြင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ပဲ့တင်ထပ်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ကြီးမားသော ရွေးကောက်ပွဲ မသမာမှုများနှင့် ကြီးလေးသော ချို့ယွင်းချက်များနှင့် ကြုံတွေ့နေရသည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆိုသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရပြီး စစ်တပ်က ချုပ်ကိုင်ထားသည့် ပါတီက ရှုံးနိမ့်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရည်ညွှန်းပြောဆိုခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်သည်။

ထိုအချိန်က နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည်ဟု ယူဆကြသော်လည်း မကြာမီတွင် စစ်တပ်က လိမ်လည်မှု ကြီးကြီးမားမား ရှိနေသည်ဟု အခြေအမြစ် မရှိဘဲ ပြောဆိုပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အဆုံးသတ်ကာ တိုင်းပြည်ကို ဖရိုဖရဲဖြစ်စေခဲ့သည်။

CNN ဂျပန်သတင်း။

ဓာတ်ပုံ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတ်လတွင် ကျင်းပသည့် “ တပ်မတော်နေ့” အခမ်းအနားသို့ တက်ရောက်စဉ် / AFP / Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 51 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN