နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

ဇူလိုင်လ (၂၆)ရက်။

ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ MRO/CDF-MATUPI အမည်နာမတခုထဲနဲ့သာ ဆက်လက်ပါဝင်နေပြီး ICNCC/CB ကို ကောင်စီဝင်တွေ/အဖွဲ့ဝင်တွေ စေလွှတ်တဲ့အခါ MRO/CDF-MATUPI တခုထဲနဲ့သာ ချိတ်ဆက်ပူးပေါင်းနေတယ်လို့ ဆိုပါတယ်။

မတူပီနဲ့ မတူပီမြို့နယ်ထဲရှိ တပ်ဖက်-အရပ်ဖက် အင်အားစုတွေကို အဖွဲ့ချုပ်တခုအနေနဲ့ ပေါင်းစည်းနိုင်ဖို့အတွက် အရပ်ဖက်ဝန်ထမ်းတွေ၊ တတ်သိပညာရှင်တွေကို ဌာနအလိုက် ချိတ်ဆက်ပူးပေါင်းပြီး တပ်ဖက်-အရပ်ဖက်လုပ်ငန်းတွေ ဖော်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးကာလထဲ မတူပီမြို့နယ်ရဲ့ နိုင်ငံရေး/စစ်ရေး ကိုယ်စားပြုနိုင်ဖို့ ဖွဲ့စည်းထားတဲ့ MRO/CDF-MATUPI အပြင် ထပ်မံဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့၊ ဘယ်ကောင်စီမဆို MRO/CDF-MATUPI ကို ကိုယ်စားမပြုဘူးလို့ ‌ရေးသားထားပါတယ်။

ဒါ့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ မတူပီပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ လူအင်အား၊ ငွေအင်အားနဲ့ အကြံဉာဏ်တွေနဲ့ ပါဝင်လိုပါက MRO/CDF-MATUPI အနေနဲ့ ကြိုဆိုနေပြီး တိုက်ရိုက်ချိတ်ဆက်ပူးပေါင်းဖို့ အသိပေးထားပါတယ်။

ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ကို ဇူလိုင်လ (၁၃)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကာ မတူပီမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့တွေအားလုံး ကောင်စီတရပ်ဖွဲ့ဖို့ သဘောတူခဲ့ကြပြီး (၆)လကျော်ကြာ ကောင်စီဥပဒေမူကြမ်းကို ရေးဆွဲခဲ့တယ်လို့ CNC-MATUPI က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲ CNC-MATUPI အနေနဲ့ ကောင်စီဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ပြည်ထောင်စု၊ ချင်းအမျိုးသားတခုလုံးနဲ့ မြို့နယ်တခုလုံးအတိုင်းအတာနဲ့ တော်လှန်ရေးအဖွဲ့တွေကို လွှမ်းခြုံနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

အခုအချိန်မှာတော့ မတူပီမြို့နယ်မှာ အသစ်ပေါ်ထွက်လာတဲ့ CNC-MATUPI အပါအဝင် တော်လှန်ရေးအင်အားစုဖြစ်တဲ့ နိုင်ငံရေးအစုအဖွဲ့ စင်ပြိုင် (၃)ခုရှိလာခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 49 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 53 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 43 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 47 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 31 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ