ဇူလိုင်လ (၂၈)ရက်။
ဇူလိုင်လ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်-People’s Goal ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးမှာ စစ်သား (၄၂)ဦးနဲ့ ရဲ (၁)ဦးတို့ဖြစ်ပြီး အဲ့ဒီထဲ စစ်မှုထမ်းတပ်သားသစ် (၃၅)ဦးပါဝင်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မကွေးတိုင်းမှာ (၁၁)ဦး၊ ပဲခူးမှာ (၇)ဦး၊ တနင်္သာရီမှာ (၇)ဦး၊ စစ်ကိုင်းမှာ (၅)ဦး၊ ကရင်မှာ (၃)ဦး၊ မန္တလေးမှာ (၂)ဦး၊ ရှမ်းမှာ (၂)ဦးနဲ့ ကရင်နီ၊ ရခိုင်၊ ရန်ကုန်နဲ့ မွန်တို့မှာ (၁)ဦးစီတို့ဖြစ်ပြီး ကချင်မှာ ရဲတပ်ဖွဲ့ဝင် (၁)ဦးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီကာလထဲ စစ်ကောင်စီတပ်ဆီကနေ စစ်သုံပန်းအနေနဲ့ ဖမ်းဆီးခံရတဲ့သူ (၂၅)ဦးရှိကာ အဲ့ဒီထဲက (၄)ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်တယ်လို့ ရေးသားထားပါတယ်။
“ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ ကိုယ့်စိတ်၊ ကိုယ့်ဆန္ဒနဲ့ တပ်ထဲ ဝင်လာတာမဟုတ်သလို ကိုယ့်အသက်ကို အလကားပေးရလောက်အောင်လဲ ရူးမိုက်မနေကြပါဘူး။ ပြီးတော့ တပ်ထဲ အရင်ထဲကရှိနေတဲ့ အောက်ခြေစစ်သည်တွေကလဲ စစ်အုပ်စုခေါင်းဆောင်တွေ ရူးမိုက်တာတွေကို ခါးစည်းခံနေရတဲ့ဘဝကို စိတ်ကုန်သင့်ကြပါပြီ” လို့ ပြည်သူ့ပန်းတိုင်က ပြောဆိုထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ပေါင်းစုတွေဘက်ကလဲ စစ်ကောင်စီလက်အောက်ခံ စစ်သည်တွေရဲ့ ဘဝသစ်အတွက် အသက်ကို အာမခံပေးနိုင်တဲ့ သတင်းစကားတွေနဲ့အတူ လမ်းဖွင့်ပေးထားကာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ တိုက်တွန်းထားပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လ တတိယအပတ်အထိ စစ်ကောင်စီဘက်က အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း (၁၇၁၁)ဦးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
