နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 18 ရက်

China

China တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ထောင်နှင့်ချီသောလူများ ဖျားနာမှုများကြောင့် ဒရုန်းများ၊ ဒဏ်ကြေး ငွေများနှင့် ပိုက်ကွန်များဖြင့် ခြင်မှပေါက်သော ချီကွန်ဂန်းယာဗိုင်းရပ်စ်(chikungunya virus)ကို တိုက်ထုတ်နေရ။

တရုတ်အာဏာပိုင်များသည် ပိုက်ကွန်များအသုံးပြုကာ ပိုးသတ်ဆေးဖြန်းခြင်းနှင့် လူထောင်ပေါင်းများစွာကို ကူးစက်စေသည့် ခြင်မှပေါက်ဖွားသော ချီကွန်ဂန်ယာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ဒရုန်းများကိုပင် အသုံးပြုလျက်ရှိသည်။

အာဏာပိုင်များသည် ဗုဒ္ဓဟူးနေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇,၀၀၀ ကျော်ရှိပြီး အများစုမှာ ဟောင်ကောင်မှ ကီလိုမီတာ ၁၇၀ (၁၀၅ မိုင်) ခန့်အကွာရှိ တရုတ်နိုင်ငံတောင်ပိုင်းရှိ ကုန်ထုတ်လုပ်မှု အချက်အချာဖြစ်သော ဖူရှန် (Foshan)ဒေသ တွင်ဖြစ်သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ ရောဂါကူးစက်မှုအသစ် အရေအတွက်သည် တဖြည်းဖြည်း ကျဆင်းလာပုံရသည်။

အောက်စဖို့ဒ်တက္ကသိုလ်မှ Cesar Lopez-Camacho ၏အဆိုအရ ၎င်းသည် တရုတ်နိုင်ငံတွင် မှတ်တမ်းတင်ထားဖူးသမျှ အကြီးမားဆုံး ချီကွန်ဂန်းယာဖြစ်ပွားမှုဖြစ်သည်။ ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသော ခြင်များမှ ကူးစက်ပြီး အဖျားတက်နှင့် အဆစ်အမြစ်များ နာကျင်ခြင်းကို ဖြစ်စေနိုင်သည်။

“ဒီဖြစ်ရပ်ကို ထင်ရှားစေတာကတော့ ချီကွန်ဂန်းယာဗိုင်းရပ်စ် (chikungunya) ဟာ တရုတ်ပြည်မကြီးမှာ အရင်က တစ်ခါမှ မရောက်လာဖူးပါဘူး” ဟု Lopez-Camacho၏ ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြား ခဲ့သည်။ “ဒါက လူဦးရေအများစုမှာ နဂိုရှိပြီးသား ကိုယ်ခံစွမ်းအားမရှိလို့ ဗိုင်းရပ်စ် ပိုးမြန်မြန် ပြန့်ပွားဖို့ ပိုလွယ်ကူစေတယ်”

တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် အလုပ်သမားများက မြို့တွင်းလမ်းများ၊ လူနေရပ်ကွက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ခြင်နှင့်ထိတွေ့နိုင်သော အခြားနေရာများတွင် အလုပ်သမားများက ပိုးသတ်ဆေးဖြန်းနေသည်ကို ပြသခဲ့သည်။ အလုပ်သမားများသည် ရုံးခန်းမ၀င်မီ အချို့နေရာများတွင် ဆေးဖျန်းကြသည်။

ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုနှင့် အပူချိန်မြင့်မားမှုတို့က တရုတ်နိုင်ငံတွင် အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး အာဏာပိုင်များသည် ခြင်များဥသည့်နေရာတွင် အိုင်နေသောရေကို ရှာဖွေရန် ဒရုန်းများကို အသုံးပြုလျက်ရှိသည်။

အပြင်ဘက်ရှိ ရေဝပ်နိုင်သောခွက်များနေရာများကို ရေမရှိရန် သွန်ပစ်ရမည်မလုပ်သည့် သူများကို ဒဏ်ငွေရိုက်မည်ဟု အာဏာပိုင်များက ခြိမ်းခြောက်ထားသည်။ နေထိုင်သူများသည် ယွမ် ၁၀,၀၀၀ (ဒေါ်လာ ၁,၄၀၀) အထိ ဒဏ်ရိုက်နိုင်ပြီး လျှပ်စစ်မီး ဖြတ်တောက်ခံရနိုင်သည်။

ဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံသည် ဖူရှန်(Foshan) တည်ရှိရာ တရုတ်နိုင်ငံ၏ ဂွန်ဒေါင်း(Guangdong) ပြည်နယ်သို့ အလည်အပတ်သွားရောက်သည့်အခါတွင် အမေရိကန်ပြည်သူများ အထူးသတိထားရမည့် ခရီးသွားအကြံပြုချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

၂၀၀၃ ခုနှစ် ဆားစ် (SARS) ရောဂါဖြစ်ပွားပြီးကတည်းက တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြင်းထန်သောနည်းဗျူဟာများအပါအဝင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တိုက်ဖျက်ရန် တင်းကျပ်သောအစီအမံများကို အသုံးပြုခဲ့သည်။ ယခုတစ်ကြိမ်တွင် လူနာများသည် ဖူရှန် ရှိ ဆေးရုံတွင် အနည်းဆုံး တစ်ပတ်ကြာ နေထိုင်နေရပြီး အာဏာပိုင်များသည် လူကြားတွင် ရောဂါမကူးစက်နိုင်သောကြောင့် နေအိမ်တွင် နှစ်ပတ်ကြာ သီးသန့်ခွဲထားမှုကို ခေတ္တ လျှော့ချခဲ့သည်။

ခြင်လောက်ကောင်စားတဲ့ ငါးတွေနဲ့ ဗိုင်းရပ်စ်ပိုးသယ်ဆောင်တဲ့ အင်းဆက်ပိုးမွှားတွေကို သယ်ဆောင်တဲ့ ခြင်ကြီးတွေကို စားဖို့ ချီကွန်ဂန်းယာဗိုင်းရပ်စ် (chikungunya) ပျံ့နှံ့မှုကို ရပ်တန့်ဖို့ ကြိုးပမ်းမှုတွေလည်း လုပ်ဆောင်ကြည့်နေကြောင်းသတင်းထွက်ပေါ်လာခဲ့ပါသည်။

အာဏာပိုင်များသည် ဗိုင်းရပ်စ်ကူးစက်မှုကို ဖယ်ရှားပစ်ရန်နှင့် လူအများနှင့် နိုင်ငံတကာ၏ ဝေဖန်မှုများကို ရှောင်ရှားရန် တရုတ်နိုင်ငံ၏ သန္နိဌာန်လက္ခဏာတစ်ရပ်အဖြစ် နိုင်ငံတော် အဆင့်တွင် တာဝန်ရှိသူများက အစည်းအဝေးများ ကျင်းပပြီး ပရိုတိုကောများ ချမှတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 20 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 38 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်