နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ကျပ်သန်း(၅၀၀)ကျော် ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

ဩဂုတ်လ (၁၃)ရက်။

ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၅၆၇.၆၄)သန်းကို အမှန်တကယ် လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီငွေကျပ်(၅၀၀)သန်းကျော်ဟာ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူ အလှူငွေဖြစ်ကာ အဲ့ဒီအထဲ စစ်ဘေးရှောင်ပြည်သူ (၁၅၀၀၀၀)နီးပါးရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ကျပ်သန်း(၂၀၀)နီးပါးကို ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအလှူငွေထဲကနေ နိုင်ငံအကျဉ်းသားနဲ့ သူတို့မိသားစုဝင်တွေ၊ သဘာဝဘေးသင့်သူတွေ၊ CDM ဝန်ထမ်းနဲ့ သူတို့မိသားစုဝင်တွေ၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ သူတို့မိသားစုဝင်တွေအပါအဝင် အထွေထွေအကူအညီတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး NUG အနေနဲ့ တော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ တော်လှန်ရေးအောင်မြင်နိုင်ဖို့ကိုသာ ရှေးရှုပြီး အဖက်ဖက် အကြပ်အတည်းတွေကြားကနေ ကြံ့ကြံ့ခံ ပါဝင်တော်လှန်နေတဲ့ ပြည်သူတဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုလို မလျော့တဲ့ဇွဲနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြဖို့ကိုလဲ ထည့်သွင်းတိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၁၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 18 Views
ဩဂုတ်လ (၁၄)ရက်။ မနေ့က ရေဖြူမြို့နယ် ကော့လှိုင်းရွာကို အင်အား (၁၅၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ကျပ်(၄၇၀၀)ဘီလီယံကျော်ရှိတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 16 Views
ဩဂုတ်လ (၁၄)ရက်။ စစ်ကိုင်းငလျင်ကြောင့် အစိုးရကဏ္ဍပျက်စီးဆုံးရှုံးတာ ငွေကျပ် (၄၇၇၉)ဘီလီယံကျော်ဖြစ်တယ်ဆိုပြီး စစ်အုပ်စုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပျက်စီးဆုံးရှုံးတာတွေထဲ ဆည်မြောင်းတာတမံ၊
မြန်မာသတင်း

တရုတ်က စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေ

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 10 Views
ဩဂုတ်လ (၁၄)ရက်။ တရုတ်အစိုးရက စစ်ကောင်စီကို ခေတ်မှီ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေတယ်လို့ တအာင်းအရပ်ဘက်အဖွဲ့ (၆)ဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တရုတ်အစိုးရက စစ်ကောင်စီနဲ့ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်ပေးဖို့ နိုင်ငံရေး၊
မြန်မာသတင်း

ရွေးကောက်ပွဲကာလ လုံခြုံရေးမကျိုးပေါက်စေဖို့ဆိုပြီး စစ်အုပ်စု ညွှန်ကြား

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 9 Views
ဩဂငတ်လ (၁၄)ရက်။ ရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးမကျိုးပေါက်စေဖို့ဆိုပြီး မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးမှာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင် ဦးဆောင်ကာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်အဝေးမှာ ပြောဆိုခဲ့တာပါ။
မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 31 Views
ဩဂုတ်လ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီအချိန် မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြင်းခြံအနီး MBT
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 28 Views
ဩဂုတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပင်ပေါရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ပလက်ဝကို AA က အုပ်ချုပ်ရေးဖော်ဆောင်တာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 41 Views
ဩဂုတ်လ (၁၃)ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ Chin Civic Movement(CCM)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ
မြန်မာသတင်း

တရုတ်ရဲ့ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 32 Views
ဩဂုတ်လ (၁၃)ရက်။ ကိုယ်ကျိုးစီးပွားတခုထဲကြည့်တဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ အကြီးမားဆုံး အခက်အခဲလို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိူလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမား‌ဆုံး အခက်အခဲ” ဆိုတဲ့ခေါင်းစဉ်နဲ့