နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထရန့်က ယူကရိန်း လွတ်လပ်ရေးနေ့မှာ သဝဏ်လွှာပေးပို့ခဲ့ပြီး ဇလန်းစကီး က ယူကရိန်းအနေနဲ့ စစ်ပွဲ ‘ရှုံးမှာမဟုတ်ဘူး’ဟုဆိုခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၅ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် သံတမန်ရေးအရ ပြင်းထန်စွာ ကြိုးပမ်းခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်နည်းပါးသည့် အချိန်တွင် ယူကရိန်းလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် တနင်္ဂနွေနေ့တွင် ယူကရိန်းသို့ သဝဏ်လွှာပေးပို့ရာတွင် အခြားကမ္ဘာ့ ခေါင်းဆောင်များနှင့် ပူးပေါင်းခဲ့သည်။

ဆိုဗီယက် အုပ်ချုပ်မှုမှ လွတ်မြောက်ကြောင်း ကြေညာခြင်း နှစ်ပတ်လည် ဖြစ်သည့် နိုင်ငံ၏ ၃၄ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထရမ့်က ယူကရိန်းသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ၎င်း၏ သတ္တိကို ချီးကျူးကာ အမေရိကန်သည် ၎င်း၏ အနာဂတ်ကို လွတ်လပ်သော နိုင်ငံအဖြစ် ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး ကထိုသဝဏ်လွှာကို X တွင် မျှဝေခဲ့ပြီး ၎င်း၏ ကိုယ်ပိုင်သတင်းစကားကို ရေးသားပေးပို့ရာတွင် “ကျွန်ုပ်တို့ ရှုံးနှိမ့်မည်မဟုတ်ပါ” ဟုဆိုသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံတို့သည်အပြန်အလှန်ဒုံးများဖြင့်ဆက်လက် ပစ်ခတ်နေကြပြီး ခရပ်စ်(Kursk) နျူကလီးယားဓာတ်အားပေးစက်ရုံအနီးတွင် ယူကရိန်း၏ (UAV) တစင်းပစ်ချခံရပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး စက်ရုံရှိ ထရန်စဖော်မာတစ်လုံး ပျက်စီးသွားကြောင်း ရုရှားတာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်း အာဏာပိုင်များသည် ရုရှား၏ ပြောဆိုချက်များနှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်း မရှိပေ။

တရုတ်သမ္မတ ရှီကျင်းဖျင့်၊  ဗြိတိန်ဘုရင် ချားစ် နှင့် ပုတ်ရဟန်းမင်းကြီး လီယို(၁၄) အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက လွတ်လပ်ရေးနေ့ သဝဏ်လွှာများကို ပေးပို့ခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အရှိန်အဟုန်ဖြင့် ရပ်တန့်နေပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းအနေဖြင့် ဆက်လက် တိုက်ခိုက်လိုကြောင်း ပြသနေသည့် အချိန်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာများကိုပေးပို့ခဲ့ကြသည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး(Mark Carney) သည် ယူကရိန်းနိုင်ငံသို့ ၎င်း၏ပထမဆုံး တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ကိယက်ဗ်အတွက် ၎င်း၏နိုင်ငံ၏ပံ့ပိုးကူညီမှုသည် “ ယိမ်းယိုင်မနေဘဲ၊ သင်၏အချုပ်အခြာအာဏာကို ကာကွယ်ရန် သင်၏တိုက်ပွဲတွင် ခြေလှမ်းတိုင်းတွင် သင်နှင့်အတူရှိပါသည်” ဟု X တွင် ပြောကြားခဲ့သည်။

Trump အစိုးရ၏ရုရှား-ယူကရိန်းသံတမန် ကိ့သ်ကဲလ်လော့ဂ်(Keith Kellogg) သည် တနင်္ဂနွေနေ့တွင် ယူကရိန်း ၏ လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

စစ်ပွဲအဆုံးသတ်ရေးမျှော်လင့်ချက်ဖြင့် ယူကရိန်းခေါင်းဆောင်နှင့် တွေ့ဆုံရန် ရုရှားသမ္မတပူတင်အား သီတင်းပတ်အနည်းငယ်ကြာအချိန် ပေးမည်ဟု ပြောကြားပြီး ရက်ပိုင်းအကြာတွင် ထရန့်၏သဝဏ်လွှာ ထွက်ပေါ်လာခြင်းဖြစ်သည်။

စာထဲတွင် ထရန့် က “ ယူကရိန်းပြည်သူတွေဟာ မကွဲကြေနိုင်တဲ့ခိုင်မာတဲ့ စိတ်ဓာတ်တွေရှိပြီး မင်းရဲ့နိုင်ငံရဲ့ ရဲစွမ်းသတ္တိက လူအများကိုစိတ်အားတက်ကြွမှုကို လှုံ့ဆော်ပေးတယ်။ ဒီအရေးကြီးတဲ့နေ့ကို အထိမ်းအမှတ်အနေနဲ့၊ မင်းရဲ့တိုက်ပွဲကို အမေရိကန်က လေးစားတယ်၊ မင်းရဲ့စွန့်လွှတ်အနစ်နာခံမှုတွေကို ဂုဏ်ပြုတယ်၊ လွတ်လပ်တဲ့နိုင်ငံအဖြစ် မင်းရဲ့ အနာဂတ်ကို ယုံကြည်တယ်။”

“ယခုအချိန်သည် အဓိပ္ပါယ်မရှိသော သတ်ဖြတ်ခြင်းကို အဆုံးသတ်ရန် အခိုက်အတန့် ဖြစ်သည်။ သွေးထွက်သံယိုမှုများအဆုံးသတ်ပြီး ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို တာရှည်ခံပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် စေ့စပ်ညှိနှိုင်းဖြေရှင်းမှုကို အမေရိကန်ပြည်ထောင်စုက ထောက်ခံသည်” ဟု ထရန့်က ရေးသားခဲ့သည်။

ဇလန်ူစကီးက ထရန့် ၏သတင်းစကားအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ၎င်း၏ ကိုယ်ပိုင် မိန့်ခွန်းကို ယူကရိန်းနိုင်ငံသည် ယခုမှစ၍လာမည့် အနှစ်တစ်ရာပေါင်းများစွာအထိ ၎င်း၏ လွတ်လပ်ရေးနေ့ကို ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ယူကရိန်းက ပိုအားကောင်းပြီး ကိုယ့်ကိုယ်ကို လေးစားမှုရှိပါတယ်။ ယူကရိန်းက ကောင်းမွန်လာမဲ့အချိန်ကိုမျှော်လင့်စောင့်စားမနေပါဘူး၊ ကျွန်တော်တို့အတွက် လိုအပ်တာတွေကို အသက်သွင်းအကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ သူ့မှာ ကိုယ်ပိုင်စိတ်ဆန္ဒရှိပါတယ်” ဟု သူက ပြောကြားခဲ့သည်။

“ ဒါက ယနေ့ခေတ် ယူကရိန်းပါ။ ဒီယူကရိန်းနိုင်ငံကိုသမိုင်းမှာနောက်ထပ် အတင်းအကြပ်ဖိအားပေးလို့မရစေရဘူး ရုရှားတွေကခေါ်တဲ့ ‘အပေးအယူ’ဆိုတာကို ကိုအရှက်တရားနဲ့ ကြံကြံခံနိုင်စေရမယ်၊ ကျွန်ုပ်တို့လိုလားတာက ငြိမ်းချမ်းရေးသာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အနာဂတ်ကို ကျွန်ုပ်တို့ ကသာ ဆုံးဖြတ်ရလိမ့်မယ်။ ဒါကိုကမ္ဘာက သိတယ်” သူကဆက်ပြောသည်။

ယူကရိန်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို တိုးတက်အောင်လုပ်ဆောင်ရန် ထရန့် နှင့် ဥရောပခေါင်းဆောင်များ မကြာသေးမီက ဆွေးနွေးမှုများအား ကိုးကားပြီး ဇလန်းစကီး က “ ယူကရိန်းသည် အပြည့်အဝ အောင်ပွဲမရသေးသော်လည်း သေချာပေါက် အရှုံးပေါ်မည် မဟုတ်ပေ။ ယူကရိန်းသည် ၎င်း၏လွတ်လပ်ရေးကို အာမခံထားသည်။ ယူကရိန်းသည် သားကောင်မဟုတ်ပါ၊ ၎င်းသည် တိုက်ခိုက်ရေးသမားဖြစ်သည်။ ယူကရိန်းသည် ခယခြင်း မရှိသော်လည်း မဟာမိတ်အဖြစ် နှင့် မိတ်ဖက်ဆက်ဆံရေးအတွက်ကို ကမ်းလှမ်းပါတယ်”

လွတ်လပ်ရေးအကြိုနေ့တွင် ရုရှားသည် ဒရုန်း ၇၂ စင်းနှင့် ပဲ့ထိန်းဒုံးကျည် အများစုကို ယူကရိန်းနိုင်ငံသို့ ပစ်လွှတ်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

ခိုင်မာသောသဘောတူညီချက်မရှိဘဲ ပြီးဆုံးခဲ့သည့် အလက်စကာတွင် ထရန့် နှင့် ပူတင်တို့ တွေ့ဆုံခဲ့သော်လည်း မကြာသေးမီရက်များအတွင်း ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယူကရိန်းမှပစ်လွှတ်လိုက်သော မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) ၉၅ စင်းကို နယ်မြေ အသီးသီးတွင် ညတွင်းချင်း ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ခရပ်ခ် နျူကလီးယား(Kursk Nuclear) ဓာတ်အား ပေးစက်ရုံအနီးတွင် UAV တစ်စီး ပစ်ချခံရပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

စက်မှုဇုန်တွင် အနုမြူရောင်ခြည်သင့်မှုအဆင့်များသည် မပြောင်းလဲဘဲရှိနေခဲ့ပြီး နောက်ပိုင်းတွင် “မီးသတ်သမားများက မီးငြိမ်းသွားသည်” ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၊ Kyiv မြို့မှာ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် အောက်မေ့ဖွယ် နံရံကို ဩဂုတ် ၂၃ ရက်နေ့က လူတွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။(ဓါတ်ပုံ)

၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ယူကရိန်းရှိ Fire Point လျှို့ဝှက်စက်ရုံတွင် ဖလမ်မင်ဂို (Flamingo) ခရုဇ်ဒုံးပျံကို အလုပ်သမားများ စစ်ဆေးကြည့်ရှုစစ်ဆေးနေပုံ။ (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ