နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ စစ်အုပ်စုကို ဘဏ္ဍာငွေပံ့ပိုးခဲ့တဲ့ ကုမ္ပဏီထဲ KBZ နဲ့ Max တို့ ပါဝင်

ဩဂုတ်လ (၂၅)ရက်။

၂၀၁၇ခုနှစ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ စစ်အုပ်စုကို ဘဏ္ဍာငွေပံ့ပိုးပေးခဲ့တဲ့ ကုမ္ပဏီတွေထဲ KBZ နဲ့ Max တို့ ပါဝင်ခဲ့ကြတယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ခရိုနီကုမ္ပဏီတွေဖြစ်တဲ့ KBZ နဲ့ Max တို့ဟာ ဘင်္ဂလားဒေ့ရှ်ကို အင်အားသုံး ထွက်ပြေးတိမ်းရှောင်စေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေအိမ်ပြန်မလာနိုင်အောင် နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ဖို့ ငွေကြေးများစွာလှူဒါန်းပြီး အထူး အားပေးအားမြှောက်ပြုသူတွေအနေနဲ့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် KBZ နဲ့ Max ကုမ္ပဏီတို့ဟာ “ အခြားလူမဆန်တဲ့ ပြစ်မှုကြီးတွေ” မှာ ပါဝင်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာမှာ ကြီးကြီးမားမား တိုက်ရိုက်ပံ့ပိုးပေးခဲ့တဲ့အတွက် တရားစွဲဖို့ ‌တိုက်တွန်းတောင်းဆိုထားပါတယ်။

နောက်ပြီး အခုအချိန်အထိ အဲ့ဒီကုမ္ပဏီတွေကို အပြစ်ပေးအရေးယူ တာဝန်ခံစေတာ မရှိတဲ့အပြင် ကျူးလွန်နေတဲ့ အခုနိုင်ငံတကာရာဇဝတ်မှုတွေကနေ အကျိုးအမြတ်တွေ ဆက်လက်ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရားမျှတမှုက (၈)နှစ်ကြာ မျက်ကွယ်ပြုငြင်းပယ်ခံထားရပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေတာက ရာဇဝတ်မှုကြီးတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုနဲ့ ငွေကြေးထောက်ပံ့တဲ့ ခရိုနီတွေကို ပိုမိုရဲတင်းစေတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီအတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိစေဖို့၊ ကြံရာပါကုမ္ပဏီတွေနဲ့ အဖွဲ့တွေကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့နဲ့ ICC က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ JFM က တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လဲ ရိုဟင်ဂျာတွေအပေါ် ကာကွယ်ပေးဖို့နဲ့ စစ်အုပ်စုနဲ့ အာရက္ခတပ်တော်တို့က ကျူးလွန်သူအားလုံးကို အရေးယူအပြစ်ပေးနိုင်အောင် လုပ်ဆောင်ဖို့ ထည့်သွင်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 8 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 8 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 7 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 30 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က