နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

IDF ကဆေးရုံတိုက်ခိုက်မှုမှာ ဟားမတ်စ် ကင်မယာသမားကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်းပြောဆိုနေစဥ် ထောင်သောင်းချီသော လူများက အစ္စရေးတွင် ဂါဇာစစ်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

CNN- ၂၀၂၅ ခုနှစ်၊ သြဂုတ်လ၊ ၂၇ ရက်

လူ ၂၀ ထက်မနည်း သေဆုံးခဲ့သည့် နာဆာဆေးရုံကို နှစ်ကျော့ပြန်တိုက်ခိုက်မှုသည် ဟားမတ်စ်၏ နေရာယူထားသည့်ကင်မရာကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အင်္ဂါနေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ခန်းယူနစ်စ် တွင် စစ်ဆင်ရေးလုပ်နေသော ဂိုလန်နီ တပ်ဖွဲ့ (Golani Brigade) မှ တပ်ဖွဲ့ဝင်များသည် နာဆာ ဆေးရုံဧရိယာတွင် ဟားမတ်စ် မှ နေရာယူထားသည့် ကင်မရာကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုကင်မရာသည် IDF တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို စောင့်ကြည့် လေ့လာရန် အသုံးပြုထားပြီးIDF တပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်လုပ်ရပ်များကို ညွှန်ကြားရန်အတွက် ထားရှိ‌ကြောင်း ကနဦး စုံစမ်းမှုတစ်ခုတွင် တွေ့ရှိခဲ့ကြောင်း ဆိုသည်။

အစ္စရေးတို့ရှင်းလင်းချက်သည် အဆိုပါ တိုင်ကြားချက်ကို ထောက်ခံရန် အထောက်အထား မပြနိုင်ခဲ့ဘဲ ဟားမစ်ကလဲငြင်းချက်ထုတ်ခဲ့သည်။ “ဒီထုတ်ဖော်ရှင်းလင်းချက်က အမှန်ဆိုရင်၊ ဒါကိုတားဆီးဖို့နည်းလမ်းပေါင်းများစွာနဲ့ကင်မရာကိုဖယ်ရှားပစ်နိုင်ပါတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုဌာနကို တင့်ကားကနေကျဥ်ဆံနဲ့ပစ်ပြီးဖျက်စရာမလိုပါဘူး” ဟု ဟားမတ်စ် နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် ဘာဆမ်နိမ်း (Bassem Naim) က The Associated Press သတင်းဌာနသို့ ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် အစ္စရေး၏ ဆေးရုံကို ထပ်တလဲလဲဆက်တိုက် တိုက်ခိုက်မှုကြောင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဂျာနယ်လစ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးသမားများ သေဆုံးခဲ့ရပြီး နိုင်ငံတကာမှ ရှုတ်ချမှုအများအပြားကို ဖြစ်ပေါ်စေခဲ့သည်၊ သတင်းဌာနမှအုပ်စုများ၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရများမှ အစ္စရေးတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။

တနင်္လာနေ့နှောင်းပိုင်းမှာတော့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတင်ရာဟုက လူမှုမီဒီယာမှာ ဆေးရုံမှာ သတင်းထောက်တွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ တခြားအရပ်သားတွေရဲ့ သေဆုံးမှုဟာ အနည်းအကျဥ်းမတော်တဆဖြစ်သည့် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုလို့ ပြောခဲ့ပါသည်။

သို့သော်လည်း IDF ၏ အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ၎င်းသည် “ အရပ်သားများကို တစ်စုံတစ်ရာ ထိခိုက်နစ်နာစေမှု အတွက် ဝမ်းနည်းမိကြောင်း” ပြောကြားခဲ့သော်လည်း အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား ခြောက်ဦး သေဆုံးခဲ့သည်ဟုလည်း အခိုင်အမာ ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံရှိ လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက CNN သို့ အင်္ဂါနေ့က လုပ်ကြံမှုအတွင်း သေဆုံးခဲ့သည့် သတင်းထောက်ငါးဦးကို မည်သူကမျှ ပစ်မှတ်အဖြစ် ရည်ရွယ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နောက်ထပ်စုံစမ်းစစ်ဆေးမှုများတွင် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်း၏နားလည်မှုအား “ ကွာဟချက်များစွာကို စစ်ဆေးမည်” ဟု IDF က ပြောကြားခဲ့သည်။ ၎င်းတွင် “ မပစ်ခတ်မီ ခွင့်ပြုချက်ပေးသည့် လုပ်ငန်းစဉ်” နှင့် “ ကွင်းထဲတွင် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်” ကို စစ်ဆေးခြင်း ပါဝင်သည်။

“ စစ်ဦးစီးချုပ်က IDF သည် ၎င်း၏ လှုပ်ရှားမှုများကို စစ်ရေးပစ်မှတ်များဆီသို့သာ ဦးတည်ကြောင်း အလေးပေးပြောကြားခဲ့သည်” ဟု ကြေညာချက်တွင် နိဂုံးချုပ်ထားသည်။

‘ရုန်းကန်ရတဲ့နေ့’

ဓားစာခံလွတ်မြောက်ရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုပြုလုပ်ရန် တောင်းဆိုသည့် နိုင်ငံတစ်ဝှမ်း “ရုန်းကန်ရတဲ့နေ့” ကို သတ်မှတ်ခဲ့ကြပြီးလူအများပါဝင်ခဲ့သည့် ထိုနေ့တွင်ပင် IDF ၏ တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့သည်။

အစ္စ‌ရေးမြို့တော်တဲလ်အဲဗစ် တွင် အကြီးဆုံး လူထုစုဝေးပွဲ စီစဉ်သူများက လူ ၃၀၀,၀၀၀ (၃သိန်း)ကျော် တက်ရောက်ခဲ့သည်ဟု ခန့်မှန်းကြသည်။

CNN မှ အဆိုပါ နံပါတ်ကို သီးခြား အတည်မပြုနိုင်သေးသော်လည်း တဲလ်အဲဗစ် မှ ပုံများတွင် အလံဝှေ့ယမ်းနေသော ဆန္ဒပြသူများ ပြည့်ကျပ်နေသည့် လမ်းမများကို ပြသခဲ့သည်။

အင်္ဂါနေ့က CNN နှင့် စကားပြောခဲ့သော ဆန္ဒပြသူများသည် နောက်ဆုံးတွင် နေတန်ယာဟု၏ အစိုးရအား သဘောတူညီချက်ကို လက်ခံရန် ဖိအားပေးမည်ဟု ယုံကြည်ကြသည်။

“ ကျွန်ုပ်တို့ ခြားနားချက်တစ်ခုကို လုပ်နိုင်မယ်လို့ မယုံကြည်ရင် ကျွန်တော်တို့ ဒီမှာ ရှိမှာ မဟုတ်ပါဘူး” ဟု ရဲလ် အဒါ(Yael Adar) က တဲလ်အဲဗစ် မြို့လယ်ရှိ CNN သို့ ပြောကြားခဲ့သည်။ “ ကျွန်ုပ်တို့သည် ကျောက်တုံးကို ဖြိုဖျက်သည့် ရေစက်များဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် တိုက်ပွဲဝင်နေသောကြောင့် နောက်ဆုံးတွင် တစ်စုံတစ်ရာ ဖြစ်လာလိမ့်မည်”

အဒါ ၏သား တာမီရာအဒါ (Tamir Adar) သည် အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့ရပြီးသူ့အလောင်းကို ဂါဇာသို့ ယူဆောင်သွားခြင်းခံခဲ့ရသည်။

အစ္စရေးတောင်ပိုင်းရှိ ဘီရာရှိဗာအရပ် မှ တဲလ်အဲဗစ် မြို့လယ်သို့  ခရီးထွက်ခဲ့သော ဆန္ဒပြသူ ဟိန်းဝိ့စ် (Haim Weiss) က နေတန်ယာဟု၏ အစိုးရအဖွဲ့သည် ဓားစာခံသဘောတူညီချက်နှင့် အပစ်အခတ်ရပ်စဲရေးကို အာမခံခြင်းထက် “ဂါဇာကို သိမ်းပိုက်ခြင်း” ကို ပိုမိုစိတ်ဝင်စားသည် ဟု သူကယုံကြည်ကြောင်း CNN သို့ ပြောကြားခဲ့သည်။

“ဓားစာခံတွေကို ပြန်မခေါ်ဖို့ အစိုးရက လုပ်နေတာ မယုံနိုင်စရာပါပဲ” ဟု တစ်ပတ်လျှင် သုံးကြိမ် ဆန္ဒပြနေသည့် Weiss က CNN သို့ ပြောကြားခဲ့သည်။

“ဒီအစိုးရဟာ တစ်ခုတည်းသော အရာကိုသာကိုင်တွယ်ဖြေရှင်းသင့်တယ်၊ ဒီစစ်ပွဲကို အဆုံးသတ်ပြီး ဓားစာခံတွေကို ပြန်ခေါ်ဆောင်လာသင့်တယ်” ဟု Weiss က ပြောကြားခဲ့သည်။

မကြာသေးမီက နေတန်ယာဟုက ဓားစာခံများအားလုံးကို လွှတ်ပေးရန်နှင့် စစ်ပွဲ အဆုံးသတ်ရန် စေ့စပ်ညှိနှိုင်းမှုများ စတင်နေပြီဟု မကြာသေးမီက ပြောကြားခဲ့သော်လည်း ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အီဂျစ်နှင့် ကာတာတို့မှ ကြားဝင်ဖျန်ဖြေပေးသည့် နောက်ဆုံး အဆိုပြုချက်ကို အစ္စရေးကတုံ့ပြန်ခြင်းမရှိသေးပေ။

ထိုအဆိုပြုချက်သည် ဓားစာခံများ၏ ထက်ဝက်ကို လွှတ်ပေးရန်နှင့် လဲလှယ်ရန်အတွက် ယာယီအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော်လည်း ယခုအခါ နေတန်ယာဟုက ဓားစာခံအားလုံးကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုထားသည်။ တစ်ချိန်တည်းမှာပင်၊ သူသည် IDF ၏ ကြီးမားသော တိုက်ခိုက်မှုနှင့် ဂါဇာစီးတီးကို သိမ်းပိုက်ခြင်းအတွက် အစီအစဉ်များကို ရှေ့တိုးဆောင်ရွက်နေသည်။

နေတန်ယာဟု၏ လုံခြုံရေး ဝန်ကြီးအဖွဲ့သည် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့သော်လည်း သတင်းရင်းမြစ်များက CNN သို့ ပြောကြားရာတွင် အစည်းအဝေးသည် ကြီးကြီးမားမား ဆုံးဖြတ်ချက်များ သို့မဟုတ် လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြန်လည်သုံးသပ်ခြင်းမရှိဘဲ ပြီးဆုံးသွားခဲ့သည်။ ဂါဇာမြို့တော်ကို သိမ်းပိုက်ရန် အစိုးရ၏ အစီအစဉ်ကို တနင်္ဂနွေနေ့တွင် နောက်ထပ် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

တစ်ချိန်တည်းတွင်တဲလ်အဗစ်ရှိ ဓားစာခံများနှင့်ပျောက်ဆုံးနေသောမိသားစုများဖိုရမ်မှ ရှင်းလင်းသောသတင်းစကားတစ်ခုပေးပို့ခဲ့သည် – အစိုးရသည် လက်ရှိစားပွဲပေါ်ရှိ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

“တနိုင်ငံလုံးက စစ်ပွဲကို အဆုံးသတ်ပြီး ဓားစာခံတွေ အားလုံးကို ပြန်ပေးဖို့ တောင်းဆိုတယ်။”

တနင်္လာနေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ ဂျာနယ်လစ်ငါးဦးစလုံးကို အစ္စရေးက နှစ်ကြော့ပစ်ခတ် လုပ်ကြံသတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ရသည့်သတင်းသမား (၅)ဦး

ရှေ့တန်း- Hussam Al-Masri ၊ Moath Abu Taha နှင့် Mohammad Salama။

နောက်တန်း- Mariam Abu Daqqa နှင့် Ahmed Abu Aziz။  CNN မှရရှိသည် (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 8 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 8 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 7 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 30 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က