စက်တင်ဘာလ (၅)ရက်။
အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၁၈)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာတွေဟာ အရေးပေါ်သက်တမ်း (၇)ကြိမ်မြောက်တိုးခဲ့တဲ့ ဖေဖော်ဝါရီလမှာ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၃၆)ကြိမ်အထိ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ အာဏာသိမ်းဖို့ကြိုးပမ်းတဲ့နောက်ပိုင်း နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်အုပ်စုက အာဏာတည်မြဲဖို့အတွက် အရေးပေါ်သက်တမ်း ထပ်တိုးပြီးတိုင်း လေကြောင်းတိုက်ခိုက်တာတွေ ပိုပြီး ပြင်းထန်စွာ ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာတွေက ငလျင်ဒဏ်ခံစားရတဲ့ကာလဖြစ်တဲ့ ဧပြီလမှာ (၅၀၈)ကြိမ်အထိ စံချိန်တင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်တာ အများဆုံးလဖြစ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဩဂုတ်လမှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အကြိမ်ရေ (၄၃၉)ကြိမ်အထိ ပြန်လည်မြင့်တက်ခဲ့ပြီး အဲ့ဒီကာလဟာ တရားမဝင်ရွေးကောင်ပွဲ ကျင်းပနိုင်ဖို့ စစ်ကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းတဲ့ စစ်အုပ်စုရဲ့ အာဏာတည်မြဲဖို့အတွက် ကြိုးစားပြင်ဆင်နေတဲ့ကာလဖြစ်တယ်လို့လဲ NUG က ပြောဆိုထားပါတယ်။
စစ်အုပ်စုရဲ့ အဲ့ဒီကာလထဲ လေကြောင်းတိုက်ခိုက်တာတွေဟာ ဇန်နဝါရီလမှာ (၂၄၇)ကြိမ်၊ ဖေဖော်ဝါရီလမှာ (၄၃၆)ကြိမ်၊ မတ်လမှာ (၃၆၄)ကြိမ်၊ ဧပြီလမှာ (၅၀၈)ကြိမ်၊ မေလမှာ (၄၆၉)ကြိမ်၊ ဇွန်လမှာ (၃၃၆)ကြိမ်၊ ဇူလိုင်လမှာ (၄၆၅)ကြိမ်နဲ့ ဩဂုတ်လမှာ (၄၉၃)ကြိမ်တို့ဖြစ်တယ်လို့ သိရပါတယ်။
